Esports ကို အားကစားနည်းအဖြစ်သတ်မှတ်ဖို့ အလားအလာရှိတယ်လို့ အိုလံပစ်ကော်မတီကပြောကြား

ပြီးခဲ့တဲ့လပိုင်းအနည်းငယ်တုန်းကပဲ အိုလံပစ်ကော်မတီဥက္ကဠဖြစ်သူ Thomas Bach က ဗီဒီယိုဂိမ်းတွေဟာ ကြမ်းတမ်းမှုတွေ၊ ပေါက်ကွဲမှုတွေ၊ သတ်ဖြတ်တာတွေကိုအသားပေးတဲ့အတွက် သူတို့ရဲ့လမ်းစဉ်နဲ့မကိုက်ညီလို့ အားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ဖို့မဖြစ်နိုင်ဘူးလို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်ခုမှာတော့ Esports ကို အားကစားနည်းအဖြစ်သတ်မှတ်ဖို့ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် ပြောကြားလာပြန်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ Esports ဟာ ဒီနောက်ပိုင်းမှာ အရမ်းတိုးတက်လာပြီး အထူးသဖြင့် လူငယ်ပိုင်းတွေကြားမှာ အထူးရေပန်းစားလာတာကိုတွေ့ရပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီလို နိုင်ငံတကာက လူငယ်တွေရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့အတွက် Esports ကနေတစ်ဆင့် Olympic Movement တွေကိုလုပ်ဆောင်သွားနိုင်တယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။ အခုဆိုရင် Esports ပြိုင်ပွဲတွေမှာပါဝင်သူတွေဟာ ပုံမှန်အားကစားနည်းတွေမှာပါဝင်တဲ့သူတွေလိုပဲ အားထည့်ပြီး Training တွေဆင်းကြရတာမို့ အားကစားနည်းတစ်ခုအဖြစ်စဉ်းစားလို့ရနိုင်တာဖြစ်ကြောင်း ထပ်ဆောင်းပြောကြားသွားပါသေးတယ်။

ဒါပေမယ့် Esports ကိုအားကစားနည်းအဖြစ်သတ်မှတ်နိင်ဖို့ Esports ဟာ Olympic Values တွေကိုချိုးဖောက်ခြင်းမရှိမှ ဖြစ်နိုင်မယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီဒီယိုဂိမ်းတွေကို Olympic ပြိုင်ပွဲတွေမှာ အားကစားနည်းတစ်ခုအဖြစ်မြင်တွေ့ရဖို့ တဖြည်းဖြည်းနီးစပ်လာပါပြီ။ လက်ရှိအချိန်ရဲ့ Competitve Scenes မှာ အထင်ရှားဆုံးဖြစ်တဲ့ Dota 2 ၊ League of Legends ၊ Counter Strike ၊ Starcraft ၊ Overwatch စတဲ့ဂိမ်းတွေ Olympic ပြိုင်ပွဲမှာသာ ပါဝင်လာခဲ့ရင် Esport လောကကြီး ဒီထက်ပိုပြီး အရှိန်အဟုန်နဲ့တိုးတက်သွားမှာပဲဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password