Reviews

နှစ်သစ်နဲ့အတူ စိတ်ဝင်စားဖွယ် ဂိမ်းကောင်းလေးများ

၂၀၁၈ နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင်ပါစေကြောင်း ဆန္ဒပြုရင်း မိတ်ဆွေများအတွက် စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဂိမ်းများကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ Mobile Platform ပေါ် စိတ်ဝင်စားဖွယ် ဂိမ်းများဟာ နေ့စဉ် နဲ့အမျှ ရောက်ရှိနေတဲ့အတိုင်း ဒီက မိတ်ဆွေများအတွက် အားလပ်ရက် အနားယူချိန်များမှာ ဆော့ကစားနိုင်ဖို့ ရည်ရွယ်ရင်း . . . . . . . . . . .

Redline Drift

ပြိုင်ကား(Drift) မောင်းနှင်ရတာကို ဝါသနာပါတဲ့ မိတ်ဆွေများ သဘာကျ နှစ်သက်မှာဖြစ်ပါတယ်။ ကွဲပြားတဲ့ ပြေးလမ်းများမှာ မောင်းနှင်ရမှာ ဖြစ်ပြီး ရုပ်ထွက်မှုအပိုင်းမှာပါ ကောင်းမွန်မှုရှိမှာကို မြင်တွေ့ရမှာပါ။ ထို့အတူ သင့်အတွက် အဆင်ပြေစေမယ့် ထိန်းချုပ်မှု controller အပိုင်းအနေနဲ့ကတော့ မိတ်ဆွေကိုယ်တိုင် ရွှေးချယ်နိုင်တဲ့ (Buttons or acceleromoter) စနစ်လည်း ပါဝင်နေတာကြောင့် မိတ်ဆွေအတွက် စိတ်အနှောက်အယှက် မဖြစ်စေပါဘူး။ ကားအရှေ့မြင်ကွင်းကိုလည်း မိမိအဆင်ပြေသလို ပြုပြင်နိုင်တာကလည်း ဒီဂိမ်းလေးရဲ့ ကောင်းကွက်လို့ ဆိုရမှာဖြစ်ပါတယ်။

Free to play ဖြစ်ပြီးတော့ Platform အနေနဲ့ကတော့ Android ရော IOS မှာပါ ရယူနိုင်တာ ဖြစ်ပါတယ်။

 

Parking Mania

ကားပါကင် နေရာယူရင်း Parking racing အနေနဲ့မြင်တွေ့ရမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ App store ပေါ်မှာ နေရာတစ်ခုရရှိပြီးသားဖြစ်တဲ့ ဒီဂိမ်းဟာ သင်ယူဖို့ လွယ်ကူသလိုဖြစ်စေမယ့် ကျွမ်းကျင်ဖို့အတွက်တော့ ခက်ခဲတယ် ဆိုတဲ့အတိုင်း မိတ်ဆွေကို စိန်ခေါ်မှုတွေနဲ့ ကြိုဆိုနေမှာပါ။ ဒီဂိမ်းကိုတော့ (Android နဲ့ IOS) Platform နှစ်ခုစလုံးမှာ ရယူနိုင်ပြီဖြစ်တဲ့ အပြင် Free to Play ဖြစ်တဲ့အတွက် ချစ်တဲ့ မိတ်ဆွေများကို အသိပေးလိုက်ရပါတယ်။

 

Subdivision Infinity

အာကာသထဲ ပစ်ခတ်တိုက်ခိုက်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ မပျင်းမရိအောင် ဆော့ကစားလို့ရမယ့် missions အခန်းပေါင်း ၄၀ ကျော်ပါဝင်တဲ့ အပြင် မတူညီတဲ့ ခံစားမှု အမြင်များကို ရရှိခံစားစေမယ့် နေရာဒေသ locations ဟာဆိုရင်လည်း ၅ ခုပါဝင်နေတဲ့အတွက် စိတ်ဝင်စားဖွယ်အဖြစ် ရှိလို့နေပါတယ်။

Platform အနေနဲ့ Android မှာဆိုရင် Free to play အနေနဲ့ Google Play Store မှာရယူနိုင်သလို IOS အနေနဲ့ကတော့ App Store $4.99 ပမာဏ နဲ့ ရယူနိုင်ပါတယ် ဆိုတဲ့အကြောင်း ဂိမ်းကောင်းလေးတစ်ခုကို မိတ်ဆက်လိုက်ရပါတယ်။

 

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: