iOS နဲ့ Nintendo Switch ပေါ်ကို ရောက်လာတော့မယ့် INSIDE

ပူပူနွေးနွေး Japan Game Awards 2017 မှာ Game Designers Award ဆွတ်ခူးရရှိထားတဲ့အပြင် အခြားဆုပေါင်းများစွာကို ရရှိထားတဲ့ INSIDE ဟာ မကြာမီအချိန်အတွင်းမှာ iOS နဲ့ Nintendo Switch platform တွေပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဂျပန်သတင်း website တစ်ခုဖြစ်တဲ့ Famitsu ကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယခင်က PC နဲ့ Console platform ပေါ်တွေမှာပဲ ဆော့ကစားလို့ရခဲ့တဲ့ INSIDE ဟာ နာမည်ကျော် Limbo ဂိမ်းကို ရေးဆွဲခဲ့တဲ့ Playdead ကုမ္ပဏီရဲ့ လက်ရာဖြစ်ပါတယ်။ Limbo လိုမျိုးပဲ Puzzle Platformer ဂိမ်းတစ်ခုဖြစ်ပြီးတော့ ခပ်မှောင်မှာင် ပတ်ဝန်းကျင်မှာ ဇာတ်အိမ်တည် ရေးဆွဲထားတာပါ။ INSIDE ဟာ ကမ္ဘာတစ်ဝန်းက ဝေဖန်ရေးသမားတွေရဲ့ အမှတ်ပြည့်နီးပါး သတ်မှတ်ပေးခြင်းခံရတဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့ ဂိမ်းကောင်းကြိုက်တတ်တဲ့ Mobile Gamer တွေ စောင့်ကြည့်သင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

MASTERPIECE! Inside is a 2D puzzle platformer that builds upon what made Limbo great, and in fact builds something greater.

Source: IGN

Gorgeous art and animations, devious puzzle design and a pitch-black sense of humor. A perfectly paced series of escalating “holy shit” moments.

Source: Kotaku

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password