DC Fan အတွက်ဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ Injustice 2!

DC နဲ့ပတ်သက်တဲ့ အခုလတ်တလော On fire ဖြစ်နေတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မကြာခင်ထွက်ရှိတော့မယ့် Justice League ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Justice League ရုပ်ရှင်မှာဆိုရင် DC universe Hero တွေဖြစ်တဲ့ Batman, Wonder Woman, Cyborg, Flash နဲ့ Aquaman တို့ကိုတစ်စုတစ်စည်းတည်းတွေ့ရမှာဖြစ်ပါတယ်။ Superman ပါတယ်လို့လည်း သတင်းကြားမိပါတယ်။ Trailer မှာတော့အဲ့ဒီကိစ္စကို ဖော်ပြထားခြင်းမရှိတဲ့အတွက် Spoil သလိုဖြစ်သွားရင်တောင်းပန်ပါရစေ။

အခုဖော်ပြသွားမယ့် Injustice 2 ဂိမ်းလေးမှာတော့ Batman, Wonder Woman, Cyborg, Flash, Aquaman နဲ့ Superman တို့အပြင် DC universe မှာရှိတဲ့ အခြားသော Hero တွေလည်းပါဝင်တာကိုတွေ့ရမှာပါ။ Joker, Harley Quinn အပြင်အခြားသော Villain များစွာလည်းပါဝင်တာကိုတွေ့ရမှာပါ။

ဒီဂိမ်းမှာ Batman, Wonder Woman, Cyborg, Flash, Aquaman နဲ့ Superman တို့ကို Justice League ထဲမှာပါဝင်မယ့် Design/ Suit တွေနဲ့ တွေ့နိုင်ပါတယ်။ အဲ့ဒီတစ်ချက်တည်းနဲ့တင်ဆော့သင့် တဲ့ Super Hero ဂိမ်းထဲမှာပါဝင်သင့်ပါတယ်။ အဲ့ဒီတစ်ချက်တည်းကြောင့် ဆော့သင့်တာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ In-game System တွေ၊ Graphics ပိုင်းတွေကစိတ်ကျေနပ်မှုပေးနိုင်မှာဖြစ်ပြီး hero တစ်ကောင်ချင်းစီရဲ့ Special Power တွေ၊ Combat အမိုက်စားတွေပါဝင်တာကြောင့်ဆော့သင့်တာ ဖြစ်ပါတယ်။


ဂိမ်းစစဝင်ချင်းမှာ Campaign, Arena, Operations, Story, Challenges, Leagues နဲ့ Resource Missions ဆိုပြီးမိတ်ဆွေဆော့နိုင်တဲ့ Option တွေပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Player Profile မှာ Level တွေလည်းသတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေက level 1 Beginner လေး ဆိုရင်တော့ Campaign Mode တစ်ခုတည်းသာဆော့နိုင်ဉီးမှာဖြစ်ပါတယ်။ Level တဖြည်းဖြည်းတက်လာမှသာ တခြား Mode တွေကိုဝင်ဆော့နိုင်မှာဖြစ်ပါတယ်။ Mode တစ်ခုစီမှာ Episode တွေတော်တော်များများပါဝင်တာကြောင့်ဆော့ရတာပျင်းနေမှာတော့ မဟုတ်ပါဘူး။

 

 

ဂိမ်းပထမဉီးဆုံးမှာ မိတ်ဆွေက Character တစ်ယောက် သာရရှိမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ ငဘက် (ခေါ်) Batman ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ မိတ်ဆွေက Battle Field မှာ 1 Vs 1 ဖိုက်ရမှာဖြစ်ပါတယ်။ နောက်ပိုင်း မိတ်ဆွေဆီမှာ Gem တွေရှိလာပြီဆိုရင်တော့ တခြား DC universe မှာရှိတဲ့ Character တွေကို Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေ Hero ၃ ကောင်ပိုင်ဆိုင်ပြီဆိုရင်တော့ Hero ၃ ကောင်ပါဝင်တဲ့ Team တစ်ခုကိုဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။

 

 

မိတ်ဆွေရဲ့ရန်သူက မိတ်ဆွေလိုပဲ Hero ၃ ကောင်အဖွဲ့ရှိနေမှာဖြစ်ပါတယ်။ Battle Field မှာတစ်ယောက်ချင်းစီသာ ဖိုက်ရမှာဖြစ်တယ်။ ဘယ် Hero ကို ဘယ် Hero နဲ့ပြန်ချမလဲဆိုပြီး Strategy သုံးရမှာတော့ မိတ်ဆွေရဲ့တာဝန်သာဖြစ်ပါတယ်။ Hero ၃ ယောက်လုံးအရင် သေသွားတဲ့ဘက်က Game Over မှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ Justice League ထဲက Suit တွေအပြင် Suicide Squard,  Batman Vs Superman, Flash, The Dark knight အစရှိတဲ့ ရုပ်ရှင်တွေထဲက Suit တွေအပြင် အခြားသော Suit တွေကိုလည်း တွေ့ရမှာပါ။ Suit တွေ၊ Hero တွေကို In-game က Gem တွေနဲ့ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ Gem ကို Daily Reward ကနေရရှိနိုင်သလို Battle Field မှာအနိုင်ရရှိခြင်းမှလည်းရရှိနိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ DC fan တွေသာမက Super Hero Fan တွေပါလက်မလွှတ်သင့်တဲ့ ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Injustice 2 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password