Reviews

သင့်ရဲ့ အမြင်နဲ့ ဦးနှောက် ကို လေ့ကျင့်ခန်း ဖြစ်စေမဲ့ Wordscapes

များသောအားဖြင့် ကျွန်ုပ်တို့ရဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားတဲ့ နေ့ရက်များဟာ နိစ္စဓူဝ လိုဖြစ်တည်လို့ ရှိကောင်းရှိနိုင်မှာ ဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေအတွက် ကျွန်ုပ်တို့ ဟာ အိပ်စက်အနားယူခြင်းဖြင့် ပြန်လှည်အားဖြည့် သကဲ့သို့ တစ်ခါတစ်ရံ ဦးနှောက်ကိုအနားပေးခြင်း လေ့ကျင့်ခန်း များပြုလုပ်ခြင်း စသည်များလည်း လိုအပ်ပါတယ်။

အခုမိတ်ဆက် ပေးခြင်တဲ့ မိုဘိုင်း ဂိမ်းတစ်ခုကတော့ Wordscapes လို့ခေါ်တဲ့ Word Puzzel ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ မိတ်ဆွေအတွက် အမှန်တကယ် လက်တွေ့ဘဝမှာ ပြန်လည်အသုံးပြုနိုင် သလို အသုံးတည့်မယ့် ဂိမ်းကောင်းလေးတစ်ခု ဖြစ်နေတာကိုလည်း မိတ်ဆွေ သတိထားမိစေချင်ပါတယ်။

ဒီဂိမ်းဟာ မိတ်ဆွေအနေနဲ့ ပေးထားတဲ့ စကားလုံးများထဲက ဖြစ်နိုင်စွမ်းရှိတဲ့ စကားလုံးများ စကားစုများကို ရှာဖွေရမှာ ဖြစ်ပါတယ်။

မတူညီတဲ့ အခန်းပေါင်းများစွာ ပါရှိတဲ့ အတွက်လည်း မိတ်ဆွေအတွက် ပျင်းရိစေမှာ မဟုတ်ဘူးလို့လည်း အာမခံ ပါရစေ။ အလုပ်မှာ ပင်ပန်းလို့ဘဲဖြစ်ဖြစ်၊ စိတ်ဖိစီး နေလို့ဘဲ ဖြစ်ဖြစ်၊ တစ်ခုခုကို အာရုံစုစည်းလို့ မရလို့ဘဲ ဖြစ်ဖြစ် ဒီဂိမ်းလေး ရှိနေရင်တော့ သင့်အတွက် လိုအပ်တဲ့ အမြင်နဲ့ ဦးနှောက် လေ့ကျင်းခန်းများရရှိစေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ အားလပ်ချိန်များကို အလာဟသ မဖြစ်စေဘဲ ဗဟုသုတ များစွာနဲ့ သင့်ရဲ့ စကားလုံး ကြွယ်ဝမှု၊ မှတ်မိမှတ်သား နိုင်စွမ်း စတဲ့အရာများကို ဆန်းစစ် ပေးနိုင်မယ့် ဂိမ်းကောင်းလေးတစ်ခုကို ခုဘဲ ရယူလိုက်ပါလို့ တိုက်တွန်းပါရစေ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: