News

တရားဝင်ထွက်ရှိနေပြီဖြစ်တဲ့ Identity V

ဘော်ဒါတို့ရေ ခြောက်ခြားစရာကောင်းတဲ့ ပတ်ဝန်းကျင်အနေအထား နဲ့ ချစ်စရာဇာတ်ကောင်လေးတွေကို ပေါင်းစပ်ထားတဲ့ horror multiplayer ဂိမ်း Identity V ကတော့ ထွက်ရှိနေပါပြီနော်။ iOS အတွက် ပြီးခဲ့တဲ့ အပတ် ကတည်းကထွက်ရှိနေခဲ့တာဖြစ်ပေမယ့် Android အတွက် ကြန့်ကြာနေသေးတာကြောင့် မပြောဘဲနေခဲ့တာပါ။ ခုတော့ Android နဲ့ iOS နှစ်မျိုးစလုံးပေါ်ကိုရောက်နေပြီဆိုတော့ သူ့အကြောင်း ကို ဖောက်သည် မချပဲ မနေနိုင်တော့ပါဘူး။ 😊) Identity V ကို အခု လက်တလောမှာ ကစား နေ တဲ့သူတွေလည်း ရှိရင်ရှိနေမှာပါ။ မကစားရသေးတဲ့သူတွေလည်း ကိုယ့်အကြိုက်နဲ့ကိုက်လား မကိုက်ဘူးလား လေ့လာသွားနိုင်ပါတယ်နော်။

Identity V ထဲမှာ ပါဝင်ကစားမယ့် အဖွဲ့ ကို player က ရွေးချယ်ရမှာပါဖြစ်ပါတယ်။ အဖွဲ့က အမဲလိုက်သူ hunter အဖွဲ့နဲ့ အမဲလိုက်ခံရသူ hunted အဖွဲ့ဆိုပြီး နှစ်ဖွဲ့ ရှိပါတယ်။ အဲ့နှစ်ဖွဲ့ထဲကနေတစ်ဖွဲ့ကိုရွေးချယ်ပေးရမှာပါ။ အဲ့တော့ အမဲလိုက်တဲ့ လူသတ်သမားအဖွဲ့နေရာက ကစားမှာလား? ဒါမှမဟုတ် ထွက်ပြေးသူ survivor နေရာကနေကစားမှာလားဆိုတာ player ရဲ့ သဘောထား ရွေးချယ်မှုအပေါ်မှာ ပဲမူတည်ပါတယ်။ လူသတ်သမားအဖွဲ့ကတော့ တစ်ယောက်တည်း အဖွဲ့ပါ။ တစ်ကိုယ်တော်တိုက်ရမှာပါ။ Survivor အဖွဲ့မှာတော့အဖွဲ့ဝင် ၄ ယောက် ပါဝင်ပါတယ်။ အဲ့တော့ hunter လုပ်ရင် တစ်ယောက်တည်းနေရမှာဖြစ်ပြီး survivor လုပ်ရင်တော့ ၄ယောက် တစ်ဖွဲ့ နေရမှာပါ။ 4 vs 1 mode ပုံစံပေါ့နော်။

ဂိမ်းထဲမှာ survivor တွေက hunter လက်ထဲကနေ ပြေးဖို့၊ ပုန်းရှောင်ဖို့ကိုပဲ လုပ်ရမှာမဟုတ်ပါဘူး။ အခြား နည်းတွေ သုံးပြီးတော့လည်း ထွက်ပြေးလွတ်မြောက် နိုင်ပါတယ်။ ဥပမာ – ပစ္စည်းတွေရဲ့ ဝှက်စာတွေကို အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက် ဖော်ထုတ်နိုင်ရင် လည်း ဂိတ်တံခါးတွေကို ဖွင့်နိုင်ပါတယ်။ ကစားတဲ့အခါမှာ ပုံစံခြင်းမတူကွဲပြားတဲ့ ရွေးချယ်စရာ ဇာတ်ကောင်တွေ အများကြီးကိုတွေ့ပါလိမ့်မယ်။ သူတို့တွေထဲကကိုယ့်စိတ်ကြိုက် ဇာတ်ကောင်ကိုရွေးပြီး အဖွဲ့ထဲကို ထည့် ရမှာပါ။

Identity V က Random map element တွေနဲ့ ဝိတိုရိယခေတ် setting ကိုဆွဲဆောင်မှုရှိတဲ့ horror ဇာတ်အိမ်နဲ့ ပေါင်းစပ်ထားတဲ့ဂိမ်းဖြစ်တာကြောင့် ကစားဖို့ ထိုက်တန်တဲ့ ဂိမ်းကောင်းတစ်ခုပါ။ Brainstorming လုပ်ပြီးသေဘေးကနေလွတ်မြောက်အောင် ကြိုးပမ်းရမယ့် Survivor ဖြစ်ချင်တာလားသွေးအေးအေးနဲ့ ရက်ရက်စက်စက် ဗီလိန် လုပ်ရမယ့် လူသတ်သမားအကောင်ကြီးလုပ်ချင်တာလားဆိုတာကိုတော့ ဘော်ဒါတို့ရဲ့ ရွေးချယ်မှု အပေါ်မှာပဲမူတည်ပါတယ်။

ဂိမ်းထဲမှာ ၂၀၀၉ ခုနှစ်လောက်ကထွက်ခဲ့တဲ့ Coraline ဇာတ်ကောင် လေးတွေ ရဲ့ ကြယ်သီး မျက်လုံးပုံစံကို တစ်ဖန်မြင်တွေ့ရမှာ ဖြစ်တာကြောင့် Coraline fan တွေ သဘောကျနှစ်သက်ကြမှာပါ။ Gameplay ပုံစံကိုကြည့်ရရင် Horror ဂိမ်း fan တွေလည်းကြိုက်ကြမယ် ထင်ပါတယ်။ ဇာတ်ကောင်တွေ ဘယ်လောက်ထိ စုံလဲဆိုတာ အောက်က Trailer Video ကို ကြည့်ရင် တွေ့ နိုင်ပါတယ်။

Trailer ကတော့ လုံးဝကို အလန်းနော် 😎) Identity V ရဲ့ တရားဝင်ဗားရှင်းကို App Store နဲ့ Google Play တို့မှာ download ရယူနိုင်ပါတယ်။ Online free to play ဂိမ်းဖြစ်ပြီး Download File size အရွယ်အစားက Android မှာ 700 MB ကျော်နဲ့ iOS မှာ 800 MB ကျော်ရှိပါတယ်။

 

Ref – Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: