Reviews

အဖမ်းခံထားရတဲ့ မင်းသမီးလေးကို ကယ်တင်ရမယ့် Hustle Castle

Online game တွေထဲမှာ နာမည်ကြီးလူကြိုက်များနေတဲ့ game တစ်ခုဖြစ်တယ်။ မိစ္ဆာကြီးဖမ်းခေါ်သွားတဲ့ ဘုရင်ကြီးနဲ့ သမီးတော်လေး Oliver ကို ပြန်လည်ကယ်တင်ပေးရမှာပါ။ ရဲရင့်ပြီး သတ္တိရှိတဲ့ သူရဲကောင်း တပ်သားလေးတွေကို မိတ်ဆွေက ဦးဆောင် လေ့ကျင့်ပေးရမှာဖြစ်တယ်။ ရန်သူ့တပ်ကို ဖောက်ဝင်ပြီး မင်းသမီးလေးကို ကယ်တင်ဖို့အတွက် မိစ္ဆာ တွေ အများကြီးကို ရင်ဆိုင်ရမှာဖြစ်တယ်။

ဒါ့အပြင် အခြား players တွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံရမှာဖြစ်တဲ့အတွက် အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်။ ရန်သူတွေအများကြီးနဲ့ တိုက်ရမှာဖြစ်ပြီး ရန်သူတွေက ဝိုင်းဝိုင်းလည်နေမှာပါ။ တိုက်ပွဲတိုင်း အနိုင်ပန်းပြီး အောင်နိုင်ဖို့အတွက် မိတ်ဆွေ စစ်တပ်က အင်အားကောင်းနေဖို့လိုပါတယ်။ရဲတိုက်ကို အမြဲတန်း upgrade လုပ်ပေးရမှာဖြစ်ပြီး တပ်သားလေးတွေကိုလည်း အင်အားကောင်းအောင် training room မှာ အမြဲ လေ့ကျင့် ပေးနေရမှာဖြစ်တယ်။ အခန်းအသစ်တွေလည်း တိုးချဲ့ဆောက်ပေးရမှာလည်းဖြစ်တယ်။

လာကျူးကျော်တဲ့ ရန်သူတွေကို တိုက်ထုတ်ပြီး မိတ်ဆွေရဲ့ ရဲတိုက်ကိုကာကွယ်ဖို့လည်း လိုပါသေးတယ်။ ကောင်းမွန်တဲ့ စစ်လက်နက်တွေ အများကြီးလည်းလိုအပ်မှာဖြစ်ပြီး တိုက်ပွဲတွေနိုင်မှ ထိုလက်နက်တွေကိုရရှိမှာဖြစ်တယ်။

ရန်သူ့မိစ္ဆာတပ်ထဲမှာ အရိုးစုတွေ ၊ ဘီလူးတွေ ၊ နဲ့ နဂါးတွေအထိပါဝင်မှာဖြစ်လို့ မိတ်ဆွေရဲ့ သူရဲကောင်းလေးတွေကို အကောင်းဆုံး train ပေးထားဖို့တော့လိုပါတယ်။ Donald the Glorious, Sage, Evelyn, Amelia, James, Dylan စတဲ့ characters တွေပါဝင်မှာဖြစ်ပြီး medieval time ကပုံစုံအတိုင်းလုပ်ထားလို့ styles တွေက ဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။

Internet (သို့) Wifi ရှိမှ play နိုင်တဲ့ game ဖြစ်လို့ internet (သို့) Wifi ရှိဖို့တော့ လိုပါတယ်။ Android, IOS နှစ်မျိုးစလုံးနဲ့ free  ကစားနိုင်ပါတယ်။ Android မှာ Hustle Castle: Fantasy Kingdom နာမည်နဲ့ဖြစ်ပြီး IOS မှာ Hustle Castle: Medieval Life နာမည်နဲ့ဖြစ်တယ်။

 

 

Image Source – Hustle Castle

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: