Reviews

ပုံစံတစ်မျိုးနဲ့ထွက်လာပြန်တဲ့ Hungry Shark ဂိမ်းအသစ်: “Hungry Shark Heroes”

Hello…..အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Ubisoft ရဲ့ Hungry Shark ဂိမ်းစီးရီးဟာ mobile ပေါ်မှာသက်တမ်းအတော်ကြာအောင်ရပ်တည်ခဲ့ပြီးတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Hungry Shark 1, 2, Hungry Shark Evolution, Hungry Shark World စတဲ့ဂိမ်းခွဲတွေအသီးသီးထွက်ရှိပြီးခဲ့ပြီဖြစ်သလိုပရိတ်သတ်အခိုင်အမာနဲ့အောင်မြင်တဲ့ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ကြောက်စရာငါးမန်းကြီးတွေနေရာကနေလူတွေအခြားငါးတွေကိုလိုက်လံစားသောက်ရတာကသူ့ရဲ့ထူးခြားတဲ့ gameplay ပုံစံပဲဖြစ်ပါတယ်။ Playon ပရိတ်သတ်ကြီးလည်းဆော့ကောင်းလွန်းတဲ့ Hungry Shark ဂိမ်းတွေနဲ့စိမ်းမှာတော့မဟုတ်ဘူးထင်ပါတယ်နော်။

Evolution တို့ World တို့မှာ ဂိမ်းရဲ့ပုံစံအပြောင်းအလဲတွေဖြစ်ခဲ့ပေမယ့်အခုတစ်ခါကတော့ပိုကြီးတဲ့အပြောင်းအလဲနဲ့ဂိမ်းအသစ်တစ်ခုထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ဂိမ်းအသစ်ကို “Hungry Shark Heroes” လို့အမည်ပေးထားပြီးကြီးမားတဲ့အပြောင်းအလဲတွေကြောင့် ပရိတ်သတ်တွေကြားမှာအားပေးသံတွေရောဝေဖန်သံတွေပါကြားနေရပါတယ်။ ဂိမ်းမှာပါဝင်တဲ့လုပ်ဆောင်ချက်အချို့ကို playon ပရိတ်သတ်ကြီးအတွက် review လေးလုပ်ပေးသွားမှာမို့ဆက်ကြည့်ကြရအောင်နော်……။

ပထမဦးဆုံးအနေနဲ့ပြောမှာကဒီဂိမ်းရဲ့ gameplay ပုံစံပါ။ Gameplay ကြီးတစ်ခုလုံးကအကြီးအကျယ်ပြောင်းလဲသွားပါတယ်။ အရင်ဂိမ်းတွေတုန်းကတစ်ယောက်ထဲ(ငါးမန်းဆိုတော့တစ်ကောင်ထဲ😐)လူတွေငါးတွေကိုလိုက်စားရတဲ့ပုံစံကနေအခုအခြား ငါးမန်း player တွေနဲ့ pvp fight ရတော့မှာဖြစ်ပါတယ်။ Ability, Skill နဲ့ move တွေကအစလုံးဝပြောင်းလဲသွားပြီးကိုယ့်ရဲ့ငါးမန်း collection ထဲကကြိုက်ငါးမန်းသုံးကောင်ရွေးထုတ်ရမှာပါ။ အဲ့ဒီငါးမန်းသုံးကောင်နဲ့ပြိုင်ဘက်ငါးမန်းသုံးကောင် 3 vs 3 ဖိုက်ရမှာဖြစ်ပါတယ်။

နောက်ထပ်ငါးမန်းတွေလည်းသိသိသာသာပိုတိုးလာပါတယ်။ ရွေးချယ်စရာငါးမန်းပေါင်း 120+ ပါဝင်မှာဖြစ်ပါတယ်။ ဒီဂိမ်းကိုစိတ်ဝင်စားမိတဲ့အချက်တစ်ခုက ငါးမန်းတွေပေါင်းနိုင်တဲ့အချက်ဖြစ်ပါတယ်။ နဂါးမွေးတဲ့ Dragon Marina လိုဂိမ်းတွေထဲကအတိုင်း ငါးမန်းတွေကိုလည်း breed လုပ်နိုင်တော့မှာဖြစ်ပါတယ်။ မတူတဲ့အချက်ကကိုယ့်ရဲ့ဂိမ်းထဲကသူငယ်ချင်းတွေဆီကနေငါးမန်းအငှါးနဲ့မျိုးဖောက်နိုင်တာဖြစ်ပါတယ် 😂 ။ ဖန်တီးမှုကောင်းပြီးစိတ်ဝင်စားဖို့ကောင်းသလိုအနည်းငယ်လည်းရီစရာဖြစ်နေတဲ့ feature ဖြစ်ပါတယ်။ အောက်မှာဂိမ်းရဲ့ trailer ကြည့်နိုင်ပါတယ်ခင်ဗျ။

အခြားအနေနဲ့ကတော့ငါးမန်း fight လို့ရမယ့်နေရာတွေ 15 နေရာအထိရှိမယ်၊ ငါးမန်းမွေးဖို့သန္တာကျောက်တန်းတွေဆောက်လို့ရမယ်၊ ဂိမ်းထဲမှာ event တွေရှိနေမယ်…… စတာတွေပဲဖြစ်ပါတယ်။ ကဲ review လေးကိုဖတ်ပြီး Hungry Sharks Heroes ကိုစိတ်ဝင်စားသွားပြီးဆိုရင်တော့အောက်ပါ link ကနေဒေါင်းပြီးဆော့နိုင်ပါတယ်ခင်ဗျ။ သာယာတဲ့ gaming နေ့လေးဖြစ်ပါစေခင်ဗျာ။

Download link – Android (Playstore/ APKpure)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: