Ocean ကြီးထဲမှာစိတ်ကြိုက်သောင်းကြမ်းချင်တဲ့ Mobile Player များအတွက် Hungry Shark Evolution!

ဒီဂိမ်းမှာတော့မိတ်ဆွေကဆာလောင်နေတဲ့ငါးမန်းကြီးတစ်ကောင်နေရာကထိန်းပြီးဆော့ရမှာပါ။ အဲ့ဒီငါးမန်းနဲ့ကြီးမားလှတဲ့ Ocean ကြီးထဲမှာပွဲကြမ်းရမှာပါ။ မိတ်ဆွေရဲ့ငါးမန်းဟာအမြဲဆာလောင်နေမှာပါ။ အဲ့ဒါကြောင့် Ocean ထဲကရော ကုန်းပေါ်ကရော တွေ့တဲ့အရာတွေကိုအကုန်စားပြီးအသက်ဆက်နေရမှာပါ။ ကုန်းပေါ်မှာမိတ်ဆွေတွေ့မြင်ရမှာတွေကတော့ လူတွေပါ။ ရေလာကူးတဲ့လူတွေ၊ငါးလာမျှားတဲ့လူတွေပါပဲ။ အဲ့ဒါတွေကိုမိတ်ဆွေကခုန်ဖမ်းပြီးအရှင်လတ်လတ်စားသောက်ရမှာမို့  Feeling ကတော့ရှယ်ပါပဲ။ ရေအောက်မှာဆိုရင်လည်းငါးမျိုးစုံကိုဖမ်းယူစားသောက်ရမှာပါ။ မိတ်ဆွေရဲ့ငါးမန်းအနေအထားနဲ့ရွယ်တူ (သို့) ကြီးနေရင်တော့မိတ်ဆွေငါးမန်းလည်းပြန်အကိုက်ခံရမှာဖြစ်ပါတယ်။ တွေ့သမျှအကုန်စားရမှာမှန်ပေမယ့် အနည်းငယ်တော့သတိထားရမှာပဲဖြစ်ပါတယ်။

                      ရေအောက်အနက်ပိုင်းမှာဆိုရင်တော့ ရေငုပ်တဲ့လူသားတွေကိုတွေ့မြင်ရာဦးမှာပါ။ သူတို့တွေကိုတော့မိတ်ဆွေစိတ်ကြိုက်စားနိုင်ပါတယ်။ ဒါ့အပြင်ရေနက်ပိုင်းမှာမိတ်ဆွေမြင်နေကြမဟုတ်တဲ့Creature တွေကိုလည်းတွေမြင်ရဦးမှာဖြစ်ပါတယ်။ အစာမစားဘဲနေတာအချိန်ကြာလာရင်တော့မိတ်ဆွေငါးမန်းရဲ့ HP ကတဖြည်ဖြည်းလျော့လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေရောက်ရင်တော့မိတ်ဆွေက စားစရာတစ်ခုခုကိုအမြန်ရှာရမှာပဲဖြစ်ပါတယ်။ မရှာနိုင်ခဲ့ရင်တော့မိတ်ဆွေငါးမန်းကို Rest In Peace(RIP) လို့သာပြောရမှာပဲဖြစ်ပါတယ်။

Level မြင့်လာတာနဲ့ အမိုက်စားငါးမန်းတွေနဲ့ဆော့နိုင်မှာဖြစ်ပါတယ်။ Great White, Hammerhead, Megalodon အစရှိတဲ့ငါးမန်းမျိုးစေ့အပါအဝင်ပေါ့ဗျာ။ မိတ်ဆွေ unlock လုပ်ရမည့်ငါးမန်းတွေကဒါဇင်ကျော်လောက်ရှိပါတယ်။ ငါးမန်းအပြင်အခြားမျိုးစေ့တွေကိုလည်း unlock လုပ်နိုင်မှာပါ။ မိတ်ဆွေအဲဒီငါးမန်းနဲ့ရေအောက်ရော ကုန်းပေါ်ပါစိတ်ကြိုက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကုန်းပေါ်မှာနေတာကြာရင်တော့ငါးတွေရဲ့သဘာဝအရမိတ်ဆွေငါးမန်းလည်း Rest In Peace ပါပဲ။ ငါးမန်းအသေးလေးတွေဝယ်ပြီးမိတ်ဆွေငါးမန်းကိုက်ဖြတ်ရာမှာပိုမိုကြမ်းတမ်းအောင်လုပ်ဆောင်နိုင်ပါတယ်။

                               

ဒါ့အပြင်ငါးမန်းအတွက် လက်နက်လေးတွေလည်းရှိပါသေးတယ်။ Lasers, Jetpack, Top Hat စတဲ့အမိုက်စားလက်နက်လေးတွေပါပဲ။ Bonus object တွေကိုရှာဖွေစုဆောင်းရမှာလည်းဖြစ်ပါတယ်။ မိတ်ဆွေငါးမန်းရှင်သန်ချိန်ပိုများလေ Score ပိုများလေပဲဖြစ်ပါတယ်။ Event game တွေမှာဝင်ဆော့နိုင်ပြီး သတ်မှတ်ထားတဲ့ ဆု အလန်းစားတွေကိုလည်းရနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Score ကို Social Media တွေမှာ Share ပြီးသူငယ်ချင်းများကိုစိန်ခေါ်နိုင်ပါသေးတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး 3D graphic နဲ့ Sound Effect အလန်းစားတွေနဲ့ပံ့ပိုးထားတာကြောင့် Mobile Player များအားသတင်းပေးလိုက်ပါတယ်။

 

 

Image Source:

https://play.google.com/store/apps/details?id=com.fgol.HungrySharkEvolution&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password