Reviews

ARPG ဂိမ်းအမျိုးအစား Hundred Soul မိုဘိုင်းလ်အတွက်ထွက်ရှိလာပြီ

Hundred Soul ဆိုတဲ့ Action Role-Playing ဂိမ်းကတော့ ပြီးခဲ့တဲ့ရက်အနည်းအငယ်ကပဲ Android နဲ့ iOS အတွက်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ မိတ်ဆွေက ရန်သူသတ္တဝါတွေကို နှိမ်နှင်းတဲ့ လူသားမျိုးနွယ် Savior နေရာကနေ ဇာတ်လမ်းသွားပုံစံမျိုးကစားသွားရမှာပါ။ Gender ပိုင်းနဲ့ ကိုယ်ကစားမယ့် Hero Character ကိုစိတ်ကြိုက်ပြင်ဆင်ပြီး ဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။

Action Role-playing ဂိမ်းဖြစ်တဲ့အညီ လက်နက်တွေနဲ့ Combat အသုံးပြုတဲ့အပိုင်း တွေကလည်း တော်တော်လေးခံစားလို့ကောင်းပါတယ်။ (Combat ပိုင်းဘယ်လိုလန်းလဲဆိုတာအောက်က gameplay video တစ်ခုနဲ့သက်သေပြပါ့မယ် 😁).. ဒီဂိမ်းရဲ့ gameplay ပုံစံက လက်ရှိမှာ Pre-register လုပ်နိုင်ပြီဖြစ်တဲ့ Blizzard ရဲ့ Diablo Immortal နဲ့ ကျွန်တော့်အမြင်အရတော့ တော်တော်ဆင်နေသလိုပါပဲ။ ဒါပေမယ့် Graphics ပိုင်းမှာတော့ Hundred Soul ကတော်တော်ပိုပြီးကောင်းမွန်နေတယ်လို့ ဆိုပါရစေ။ Hundred Soul ကိုရုတ်တရက်ကြည့်ရင် Open world ဂိမ်းပုံစံမျိုးလို့ထင်ရပေမယ့် တကယ်တော့ Open world မဟုတ်ပါဘူးနော်။ 😄).. Open world မဟုတ်ပေမယ့် ဒီလိုကောင်းတဲ့ Graphics မျိုးနဲ့ Mobile မှာဆော့ရတာကျွန်တော့်အနေနဲ့တော့ တော်တော်လေးဟန်တယ်လို့ ဆိုချင်ပါတယ်။

Savior ပုံစံနဲ့ ဇာတ်လမ်းသွားဆော့ကစားရမယ်ဆိုပေမယ့် Online က player အချင်းချင်းအပြန်အလှန်ဆော့ကစားနိုင်မယ့် Arena mode လည်းဒီဂိမ်းမှာပါဝင်နေမှာဖြစ်ပါတယ်။ Arena mode ကတော့ သတ်မှတ်ထားတဲ့ Level တစ်ခုရောက်မှဆော့ကစားနိုင်မှာပါ။ ဒီဇိုင်းကာလာတွေရဲ့ ဆွဲဆောင်မှုကြောင့် Arena mode ဆော့ပြီးရင် ဒီဂိမ်းဟာမိတ်ဆွေရဲ့ အကောင်းဆုံး MMORPG ဂိမ်းအမျိုးအစားတွေထဲကတစ်ခုဖြစ်သွားနိုင်ပါတယ်နော် 😬)။

Hundred Soul Gameplay!

ဒီဂိမ်းဟာလက်ရှိမှာ Android, IOS အတွက်ထွက်ရှိနေပြီဆိုပေမယ့် Region တွေအားလုံးမှာတော့ မြင်တွေ့ရဉီးမှာမဟုတ်ပါဘူး။ Singapore, Malaysia, Australia နဲ့ Zealand အစရှိတဲ့ region တွေမှာပဲ Download ဆွဲရယူနိုင်ဉီးမှာဖြစ်တယ်လို့သိရပါတယ်။ ဆိုတော့ ဆော့ကစားချင်သူတွေအနေနဲ့ Game available ဖြစ်တဲ့ region ကို VPN ကျော်ပြီးမှ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Free to play ပါ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password