News

“Fortnite: Battle Royale” ရဲ့ Cross-Platform Play က ဘယ်လိုအလုပ်လုပ်မှာလဲ

ပြီးခဲ့တဲ့သောကြာနေ့တုန်းက Epic Games က Fortnite Mobile အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့အပြင် Mobile Version က ကျန်တဲ့ Platform အားလုံးနဲ့ Cross-Platform ချိတ်ဆက်ဆော့ကစားလို့ရမယ်ဆိုတာကိုပါ ထည့်သွင်းကြေညာခဲ့ပါတယ်။ အဲဒီသတင်းကြားပြီးနောက် PC နဲ့ Console ပေါ်မှာ Fortnite ဆော့နေကြတဲ့ဂိမ်မာအချို့ ထိတ်လန့်တုန်လှုပ်သွားကြတယ်ဟုတ်.. Mobile Platform ကဂျင်းတွေ ရောက်လာတော့မယ်ဆိုပြီး.. 😏

အဲဒီအတွက် စိတ်မပူပါနဲ့လို့.. Fortnite ရဲ့ cross-platform play က ဘယ်လိုအလုပ်လုပ်မယ်ဆိုတာ အသေးစိတ်ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပြီး ကစားသူတွေက မိမိနှစ်သက်ရာ platform ကလူတွေနဲ့ပဲဆော့ကစားလို့ရအောင် ရွေးချယ်လို့ရပါတယ်တဲ့။ အသေးစိတ်ကတော့ ဒီလိုပါ~

 

Shooting Game တွေမှာ Keyboard+Mouse (KBM) Combo က ကျန်တဲ့ Control စနစ်တွေထက် အများကြီးသာတယ်ဆိုတာ အထူးတလည်ငြင်းစရာမလိုတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ KBM ဟာ Console Controller တွေထက် Aim & Shoot ပြုလုပ်ရတာ ပိုမြန်သလို ပိုပြီးလည်းတိကျပါတယ်။ အဲဒါကြောင့်လည်း Overwatch လို Multi-platform Shooting ဂိမ်းတွေက PC သမားတွေက PC သမားတွေနဲ့ပဲဆော့၊ Console သမားတွေက အခြား Console သမားတွေနဲ့ပဲဆော့ ဆိုပြီး Server တွေခွဲခြားသတ်မှတ်ထားကြတာပါ။

ဒီ Genre မှာ KBM က Controller ထက်တောင် ဒီလောက်သာနေတယ်ဆိုရင် အင်မတန်လှည့်ရပြုရခက်တဲ့ Mobile Device တွေရဲ့ Touch Control စနစ်နဲ့ကတော့ စဉ်းတောင်စဉ်းစားကြည့်စရာမလိုပါဘူး.. KBM သမားတွေက အမုန်းကြိတ်ကြမှာပါ။ အဲဒါကြောင့်လည်း Fortnite Mobile ရဲ့ PC-Console-Mobile Cross-play အစီအစဉ်ကိုကြားသိရတော့ Platform အသီးသီးကဂိမ်မာတွေက စိုးရိမ်သံသယစိတ်တွေဝင်ကြတာဖြစ်ပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်.. ကိုယ်က Mobile ပေါ်ကနေဆော့ပြီး PC သမားတွေနဲ့ချည်း တောက်လျှောက်တွေ့နေရင် စိတ်ဆင်းရဲမိမှာပါပဲ။ ထိုနည်းတူပဲ Console သမားတွေကလည်း PC သမားတွေနဲ့ချည်း တောက်လျှောက်တွေ့နေရင် ကြာလာရင် ဖီးလ်ကြဲလာမှာပါပဲ။ တကယ်အရသာရှိရှိကစားလိုတဲ့ PC သမားတွေကလည်း ပွဲတိုင်းကို လွယ်လွယ်နဲ့နိုင်နေရင် ဆော့ရတာ အရသာမဲ့လာမှာပါ (လွယ်လွယ် kill ရတာကို အရသာခံနေရင်တော့ တစ်မျိုးပေါ့နော် 😜)

ဒီပြဿနာအပေါ် Epic Games ရဲ့အဖြေကတော့ Platform အသီးသီးက player တွေကို ကိုယ်ကစားနေတဲ့ platform ပေါ်လိုက်ပြီး server ခွဲပေးလိုက်တာပါ။ ကိုယ့်ဟာကိုယ် ဘယ် platform မှာပဲဆော့ဆော့ ပွဲရှာလိုက်တာနဲ့ ကိုယ်နဲ့ platform တူတဲ့ matchmaking pool ထဲကိုထည့်လိုက်မှာပါ။ အဲဒါကြောင့် ပွဲထဲမှာ မတော်တဆ အခြား platform ထဲကလူတွေ ပါလာစရာအကြောင်းမရှိပါဘူး။

 

ဒါဆို Cross-Platform Play က ဘယ်လိုအလုပ်လုပ်မှာလဲ ??

 

အဲဒါက ကစားသူက ဆန္ဒရှိမှ အခြား platform က လူတွေနဲ့ တမင်သွား queue ရမှာပါ။ Mobile ပေါ်ကလူက PC သမားနဲ့ party ဖွဲ့ပြီး ပွဲရှာလိုက်ရင် PC Server ထဲရောက်သွားမှာပါ။ ထိုနည်း၎င်းပဲ Mobile နဲ့ Console party ဖွဲ့ရင် Console Server ထဲရောက်သွားမှာပါ။ အလားတူပဲ Console နဲ့ PC party ဖွဲ့ရင် PC Server ထဲရောက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် PC သမားတွေက Mobile Server  နဲ့ Console Server ထဲကို လုံးဝသွား queue လို့မရပါဘူး (အပေါ်မှာရှင်းပြခဲ့တဲ့ gameplay reason ကြောင့်ပါ)။ နည်းနည်းရှင်းသွားအောင် အောက်မှာပြထားတဲ့ Chart လေးနဲ့တွဲကြည့်လိုက်ပါ။ ပုံမှာမြှားပြထားတဲ့အတိုင်းပဲ Mobile->Console->PC .. အဲဒီအတိုင်းပဲသွားမှာပါ။ ညာဖက်အစွန်ကနေ ဘယ်ဖက်ကိုပြန်ဆင်းလို့မရပါဘူး။

Fortnite

ဒါကတော့ Epic Games က Developer တစ်ဦးဖြစ်သူ Nick Chester က အဆိုပါ Matchmaking စနစ်ကို ရှင်းပြထားတာဖြစ်ပါတယ်။

လောလောဆယ်မြင်ရသလောက်ဆိုရင် ဒီစနစ်က တော်တော်အဆင်ပြေမယ့်အထာရှိပါတယ်။ ကိုယ့်သဘောပါမှ အခြား platform ကိုချိတ်ဆော့ရတာအပြင် KBM သမားတွေ လာအနိုင်ကျင့်စရာအကြောင်းလည်း မရှိတော့ပါဘူး။ ကဲ… ဒီအပိုင်းကတော့ အိုကေလောက်ပြီလို့ယူဆရပေမယ့် နောက်ထပ် ပြောစရာတစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ Microsoft က ရည်စားစကားပြောထားတာကို အခုအချိန်အထိ မူနေသေးတဲ့ Sony ကြောင့် Xbox နဲ့ PS4 တို့က Cross-Platform ဆော့ကစားလို့ရမှာမဟုတ်ပါဘူးတဲ့။

အဲဒီတော့ Xbox One သမားတွေက PC, Mac, Mobile တို့နဲ့ ချိတ်ဆက်ဆော့ကစားလို့ရမှာဖြစ်ပြီး PS4 သမားတွေက PC, Mac, Mobile တို့နဲ့ ချိတ်ဆက်ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ Xbox One – PS4 ကတော့ နိုးပါတဲ့။

ဒီကိစ္စကတော့ Sony ဖက်က မလျှော့ပေးသရွေ့ Epic Games နဲ့ Microsoft ဘာမှမတတ်နိုင်ပါဘူး.. Sony ကိုကြည့်ရတာ လျှော့မယ့်သဘောလည်းမရှိပါဘူး။ 😅 Microsoft နဲ့ Epic Games ကတော့ Play Station နဲ့ Xbox တို့ cross-play ဆော့ရမယ့်ကိစ္စကို ဘယ်လောက်ထိတောင်လိုချင်နေတယ်ဆိုတာ အောက်မှာပြထားတဲ့ tweet thread ကိုသာကြည့်လိုက်ပါ။ 😂

ကဲ.. ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ ရသလောက်လေးနဲ့ ဖြေသိမ့်လိုက်ကြတာပေါ့ကွယ်… iOS အတွက် Beta Sign Up က ဒီနေ့စမှာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေ မျက်ခြေမပျက်စောင့်ကြည့်နေကြပါဦးလို့ သတိပေးလိုက်ပါတယ်။

Ref: TA, The Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password