Features

Android ပေါ်မှာ Fortnite ကို ဘယ်လို install လုပ်မလဲ?

Fortnite ကို အခု အချိန်မှာ Samsung ဖုန်းတွေအတွက်တင် မဟုတ်ဘဲ non-Galaxy device တွေအတွက်ပါရရှိနေပြီလို့ ကြားပါတယ်။ Download ရယူမယ်ဆိုရင် beta invite code လိုအပ်မှာဖြစ်ပါတယ်။ Epic Games မှ သူ့ရဲ့ battle royale ဂိမ်း Fortnite ကို Fortnite Android ပရိသတ်တွေဆီ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း က စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Fortnite ဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအထိ Samsung ဖုန်းအမျိုးအစားတွေအတွက်ထွက်ရှိခဲ့ပြီး နောက်မှာတော့ အခုဆိုရင် Samsung မဟုတ်တဲ့ ဖုန်းတွေအတွက် ရနေပြီလို့ သိရပါတယ်။ ဒါပေမယ့် invite code ရမှ install လုပ်ပြီး ကစားလို့ရမှာဖြစ်တာကြောင့် လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် ဒီတစ်ခေါက်မှာ Fortnite ကို invite code နဲ့ download မလုပ်တတ်တဲ့သူတွေအတွက် download ရယူနည်းလေးကို step by step ဖော်ပြပေးသွားပါမယ်နော်။

Step 1: Play Store ကိုရှောင် ပါ

ပထမဦးဆုံးအနေနဲ့ ဂိမ်းကို download လုပ်တော့မယ်ဆိုရင် Google Play Store (သို့) third-party web တွေက link တွေကိုရှောင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ Epic Games က Fortnite Android ကို သူ့ရဲ့ official web တစ်ခုတည်းမှာပဲ တင်မယ်လို့တရားဝင်ကြေညာပြီးသားပါ။ အဲ့တာကြောင့် သူ့ရဲ့ တရားဝင် website ကနေမဟုတ်ဘဲ အခြား နေရာတွေကနေ Download ရယူရင် မလိုလားအပ်တဲ့ virus အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတာကြောင့် official web ကနေတဆင့်ဘဲ download ရယူဖို့ အကြံပြုချင်ပါတယ်။

Step 2: ကိုယ့်ရဲ့ device ကို စစ်ဆေးပါ

အကယ်၍ သင်သုံးနေတဲ့ဖုန်းက Samsung ဖုန်းအမျိုးအစား ဆိုရင် Samsung Game Launcher ကနေတစ်ဆင့်(သို့) Epic’s website ကနေတစ်ဆင့် download ရယူနိုင်ပါတယ်။Samsung device စာရင်းထဲမှာ ပါဝင်တဲ့ အမျိုးအစားတွေက Galaxy S7 / S7 Edge, S8 / S8 Plus, S9 / S9 Plus, and the Note 8, Tab S3 နှင့် S4 tablets တို့ဖြစ်ပါတယ်။ Samsung devices မဟုတ်တဲ့ အမျိုးအစား စာရင်းကိုတော့ Epic Games website ထဲကို ဝင်ပြီး ကြည့်နိုင်ပါတယ်။အဲ့တော့ စာရင်းထဲမှာ ကိုယ့်ဖုန်းအမျိုးအစား ပါ/မပါ အရင်ဆုံး စစ်ကြည့်ပါဦးနော်။

Step 3: Waiting list အတွက် sign up ပြုလုပ်ပါ

အကယ်၍ သင့်မှာ Samsung ဖုန်းအမျိုးအစားမရှိဘူးဆိုရင် Fortnite ကို သင့်ရဲ့ Android device မှာကစားနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက တရားဝင် Website ကနေတဆင့် Epic ရဲ့ beta ကို sign up လုပ်ခြင်းဖြစ်ပါတယ်။ Sign up လုပ်တဲ့နေရာမှာ email address ကို ထည့်ပေးရမှာဖြစ်တာကြောင့် Fortnite ကို download လုပ်နိုင်မယ့် invite ကို email မှတစ်ဆင့်ရရှိမှာဖြစ်ပါတယ်။

Sign up လုပ်ဖို့အတွက်နှိပ်လိုက်တာနဲ့ အရင်က ကစားဖူးလား/ မကစားဖူးလားဆိုတာကိုမေးမှာဖြစ်ပါတယ်။ ကစားဖူးတယ် လို့ဖြေလိုက်ရင်တော့ အရင် ကစားတုန်းက ရှိခဲ့တဲ့ skins, emotes နဲ့ အခြား cosmetic တွေကို Android မှာ ဆက်ပြီး အသုံးပြုနိုင်စေဖို့အတွက် PC / PlayStation Network/ Xbox ဘယ်တစ်ခုမှာ ကစားဖူးတာလဲဆိုတာကို မေးမှာဖြစ်ပါတယ်။ အရင်က ကစားဖူးတယ်ဆိုရင်တော့ ကိုယ်ကစားခဲ့တဲ့ တစ်ခုခုကိုရွေးပြီး အဲ့ဒီက live account နဲ့ log in ပြန်ဝင်ပေးရမှာဖြစ်ပါတယ်။ အရင်က မကစားဖူးဘူး၊ အခုမှစကစားဖူတာ ဆိုရင်တော့ First name၊ last name၊ email address တို့နဲ့ Sign up လုပ်ပေး ရမှာဖြစ်ပါတယ်။ သင့် device မှာ ကစားလိုရတယ်ဆိုရင် Sign up လုပ်ထားတဲ့ email ထဲကို invite code အလိုအလျောက်ဝင်လာမှာပါ။

Step 4: သင့်ရဲ့ invite code ကို စောင့်ပါ

နောက်ဆုံးအနေနဲ့ လုပ်ဆောင်ရမယ့် အချက်ကတော့ မလှုပ်မယှက် invite code ကိုစောင့်ခြင်းပဲဖြစ်ပါတယ်။ Invite လုပ်ခြင်း ခံရမယ့်သူတွေက invite လုပ်ခံရကြောင်းကို via email ကနေတဆင့် အပို့ခံရမှာဖြစ်တာကြောင့် အေးအေးဆေးဆေး စောင့်နေဖို့ပဲလိုပါတယ်။ Email ကနေတစ်ဆင့် သင့်ရဲ့ device ဆီကို invite code ရောက်လာပြီဆိုတာနဲ့သင့်ရဲ့ ဖုန်းထဲမှာ Fortnite ကို စတင်ကစားလို့ရပါပြီ။

Step 5: Installer ကို download ရယူပါ

ကွဲပြားခြားနားတဲ့ မော်ဒယ် တွေကြောင့် Samsung device တွေမှာတောင် application နှစ်ခုကို download လုပ်ယူဖို့လိုအပ်ပါတယ်။ ပထမတစ်ခုကတော့ တရားဝင်ထွက်ရှိထားတဲ့ APK file ဖြစ်တဲ့ Fortnite Installer ဆိုတဲ့ application ဖြစ်ပါတယ်။ သူ့ကို download လုပ်ပြီးမှ game ကို install လုပ် ရတာပိုပြီးလွယ်ပါတယ်။ Website ထဲမှာ Get Epic Game ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ Fortnite Installer ဆိုတဲ့ application ဖိုင် တက်လာမှာပါ။ ဖိုင်အရွယ်အစားကတော့ 33.4 MB လောက်ရှိပါတယ်။

အဲ့ဒီလို ပြုလုပ်ဖို့အတွက် သင့်ရဲ့ Android setting ထဲကိုသွားပြီး third-party application တွေကို download လုပ်ယူဖို့ခွင့်ပြုထားတဲ့ special permissions တွေကို ပိတ်ပေးဖို့လိုအပ်ပါတယ်။ အဲ့တာကလည်း သင့်ရဲ့ Android version ကဘယ်လောက်ရှိလဲ၊ security setting တွေက ဘာတွေလဲဆိုတာအပေါ်ကို မူတည်နေပါသေးတယ်။ အချို့ဖုန်းတွေမှာလုပ်လို့မရပါဘူး။ အဲ့တာကို လုပ်ပြီးသွားပြီဆိုရင်တော့ Fortnite ကို install လုပ်ယူလို့ရပါပြီ။

အားလုံးကို ဆောင်ရွက်ပြီးသွားပြီဆိုရင် Fortnite ထဲကို ဝင်ဖို့အတွက် သင့်ရဲ့ account ကို log in ပြုလုပ်ပြီး စတင်ကစားလို့ရပါပြီ။ Epic ကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်တွေကို Fortnite ရဲ့ အဆင်မြှင့်တင်မှုတွေနဲ့ patches အသစ်တွေအတွက် Fortnite Installer program ကို အသုံးပြုပေးဖို့ တိုက်တွန်းထားပါတယ်။

မင်မင် အခု ပြောသွားတဲ့ အချက်တွေကတော့ Android နဲ့ Fortnite ကို ဘယ်လို download လုပ်ယူရမလဲ ဆိုတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးရင် ကိုယ့်ဘာကိုယ် စမ်းပြီး လုပ်ကြည့်လိုက်ပါနော်။အားလုံး အဆင်ပြေဖို့အတွက် မျှော်လင့်ရင်း ဒီနေ့အကြောင်းအရာလေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

 

Ref: Verge

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: