ArticleFeatures

ဂိမ်း streamer တစ်ယောက်အဖြစ် ဘယ်လိုစတင်မလဲ???

Playon က ဂိမ်မာဘော်ဘော်တို့ရေ… ကိုယ့်ဘဝကို ဒီတိုင်း ဂိမ်းကစားပြီးတော့ပဲ နေသွားတော့မှာလား???

ကိုယ်ဝါသနာပါတဲ့ ဂိမ်းကစားခြင်းကို အသုံးချပြီးအောင် မြင်တဲ့ streamer တစ်ယောက်ကော မဖြစ်ချင်ဘူးလား??? လူတိုင်းလူတိုင်းက ကိုယ်ဝါသနာပါတာကို လုပ်ရရင် ပျော်ကြတဲ့ သူကြီးပါပဲ။ အဲ့တော့ ဂိမ်းဝါသနာရှင်ဘော်ဘော်တို့တွေလည်း Video game streamer ဖြစ်ချင်ကြမှာပါ။ Streamer ဖြစ်ချင်ပေမယ့် ဘယ်က စလုပ်ရမှန်းမသိတဲ့ ဘော်ဘော်လေးတွေ ခု အကြောင်းအရာလေးကို ဆုံးအောင် ဖတ်သွားပေးကြပါနော်။

ဘဝမှာဘယ်သူမှ အောင်မြင်မှုကို လွယ်လွယ်ကူကူ ရတယ်ဆိုတာ မရှိပါဘူး။ အောင်မြင်မှု ရဖို့အတွက် အောက်ခြေကနေ စခဲ့ရတဲ့ သူတွေချည်းပါပဲ။ အက်မင် အခုပြောမှာက streamer တစ်ယောက် ဖြစ်အောင် ဘယ်လို စတင်ရမလဲဆိုတာလေးကို ပြောမှာပါ။ အောင်မြင်တဲ့ streamer ဖြစ်ဖို့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဝါသနာကိုစိတ်ထဲနှစ်ထားပြီးတစ်စိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သင်လည်း အောင်မြင်တဲ့ streamer တစ်ယောက်ဖြစ်လာမှာပါ။

ဂိမ်း streamer တစ်ယောက်ဖြစ်လာဖို့က ဂိမ်းကစားတာ တော်နေရုံနဲ့ မရပါဘူး။ ကောင်းမွန်တဲ့ နည်းပညာ ရှိဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုချင်တာက ကွန်ပျူတာ တစ်ခု ရှိရပါမယ်။ ပြီးရင် ရုပ်ထွက်ကောင်းတဲ့ ကင်မရာနဲ့ အသံဖမ်းဖို့ microphone တစ်ခုလည်း လိုပါသေးတယ်။

အဲ့တာမှ follower တွေက ကိုယ့်ရဲ့ အသံနဲ့ ရုပ်ကို ကြည်ကြည်လင်လင် ကြားရ မြင်ရမှာပါ။ Streaming လုပ်ရာမှာ လူတော်တော် များများက ဂိမ်းကစားတာကိုပဲ ခက်ခဲတယ်လို့ ထင်ကြပါတယ်။ Video streaming လုပ်ရတာလည်း ခက်ခဲတယ်ဆိုတာကို သတိ မမူမိကြပါဘူး။ အဲ့တာကြောင့် video streaming အတွက် ဘာတွေလိုအပ်လည်း ပြောပြပေးပါမယ်နော်။

Video streaming လုပ်ရာမှာ ဂိမ်းကစားနေတဲ့ ဗီဒီယိုကို အကောင်းဆုံးရုပ်ထွက်နဲ့ ဖမ်းယူနိုင်ဖို့ စက်နှစ်ခုကို ချိတ်ဆက်ပေးမယ့် video capture card တစ်ခုလိုအပ်ပါတယ်။ Capture card ကို ရွေးချယ်ရာမှာ ကိုယ့်တတ်နိုင်တဲ့ ငွေကြေးနဲ့ balance ညီနေဖို့လိုပါတယ်။ ထိုင်ဝမ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ AVerMedia က ဈေးနှုန်း အမျိုးမျိုးရှိတဲ့ card တွေကို ထုတ်လုပ်ပါတယ်။

Capture card ရွေးချယ်ခြင်း

ဈေးအများကြီး မတတ်နိုင်တဲ့ streamer လေးတွေ အတွက် budget capture card လေးရှိပါတယ်။ သူက LGP Lite ပါ။ LGP Lite ရဲ့ တန်ဖိုးက ဒေါ်လာ ၉၉ ပါ။ သူ့ရဲ့ အရွယ်အစားက လက်တစ်ဖဝါးစာလောက်ပါပဲ။ 1080p (60FPS) ရုပ်ထွက်ထိ stream လုပ်ပေးနိုင်ပြီး သင့်ရဲ့ PS4၊ Xbox (သို့) streaming လုပ်နေတဲ့ PC ကို ချိတ်ဆက်ပေးနိုင်ပါတယ်။

အကယ်၍သင်က အရည်အသွေးအမြင့်ဆုံးနဲ့ stream ချင်ရင် 4K အထိ stream နိုင်မယ့် capture card တွေရှိပါတယ်။ 4K quality ကို stream ချင်ရင်တော့ ဈေးနှုန်း ဒေါ်လာ ၂၅၅ လောက်ရှိတဲ့ Live Gamer 4K ကို အသုံးပြုရမှာပါ။ သူက 4Kp60 HDR video ကို capture လုပ်နိုင်တာကြောင့် ရုပ်ထွက်ကို လုံးဝ အကြည် ဖန်တီးပေးနိုင်ပါတယ်။ အခုချိန်ထိ Twitch ကတော့ 4K streaming ကို မထောက်ပံပေးနိုင်သေးပါဘူး။ ဒါပေမယ့် YouTube မှာတော့ 4K နဲ့ stream လို့ ရပါတယ်။

ထူးခြားတဲ့ ပင်ကို အရည်အသွေးကို ပြသခြင်း

အောင်မြင်တဲ့ streamer တစ်ယောက်ဖြစ်ဖို့ gaming skill တစ်ခုတည်းကောင်းလို့မရပါဘူး။ Personality skill ကောင်းကောင်းရှိဖို့လည်း လိုပါတယ်။ TV show တွေမှာ အစီအစဉ် တင်ဆက်နေတဲ့ presenter တွေကို မြင်ဖူးကြတယ်မဟုတ်လား။ သူတို့ လူတွေကို ဆွဲဆောင်နိုင်သလို streamer တစ်ယောက်လည်း ကိုယ့်ရဲ့ follower တွေကို personality skill ကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်ရပါတယ်။ ကိုယ်သာလျှင် streamer ကိုယ်သာလျှင် အစီအစဉ် တင်ဆက်သူ လုပ်ရမှာပါ။

အကယ်၍ သင်က ဂိမ်းကြီးပဲ တောင့်တောင့်ကြီး ကစားနေပြီး follower တွေကို ဆွဲဆောင်နိုင်မယ့်အချက် တစ်ခုလေးတောင်မှ ထုတ်မပြနိုင်ရင် ဘယ်လို တန်ဖိုးကြီးတဲ့ အရေအသွေးကောင်းတဲ့ video capture ကြီးကို ပဲ သုံးသုံး သင့်ရဲ့ streaming ကို လူတွေ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။ အောက်မှာ Capture card အသုံးပြုပုံလေးကို ပြထားပေးပါတယ်။

သင့်ရဲ့ streaming လုပ်တာကို ကြိုက်တဲ့ သူတွေ ကတော့ ဆက်ပြီး ရှိနေမှာပါ။ မကြိုက်တဲ့သူတွေကတော့ ထွက်သွားကြမှာပါ။ ဒါပေမယ့် ဝါသနာကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့။ Twitch နဲ့ YouTube တို့မှာ ဖြစ်နိုင်ရင် streaming များများ လုပ်ပေးပါ။ နိုင်ငံတကာက ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင်ကြိုးစားပါ။ ပါတီတွေကို များများဝင် join ပါ။ အခြားသူတွေရဲ့ streaming video တွေကို များများဝင်ကြည့်ပါ။ လေ့လာပါ။ ဒီလို နည်းနဲ့ သင်လည်း တကယ့်ကို နာမည်ကြီးတဲ့ streamer တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Ref: androidpit

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password