Features

မော်ဒယ်တွေအလားထင်မှတ်ရတဲ့ CS:GO player များ

ထူးခြားတဲ့ မျက်နှာပုံစံတွေကြောင့် ရုတ်တရက် ကြည့်လိုက်ရင် သူတို့ကို မင်းသားမင်းသမီးတွေလား၊ အဆိုတော်တွေလား မော်ဒယ်တွေလားလို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့က မင်းသားမင်းသမီးလည်း မဟုတ်ပါဘူး။ အဆိုတော်တွေလည်း မဟုတ်ပါဘူး။ မော်ဒယ်တွေလည်း မဟုတ်ကြပါဘူး။ Esports လောကရဲ့ ကြယ်ပွင့် gamer များပဲဖြစ်ကြပါတယ်။ သူတို့ရဲ့အကြောင်း တစ်စိတ်တစ်ပိုင်းကို အောက်မှာ နာမည်၊ ပုံတွေနဲ့ တကွ ဖော်ပြပေးထားတာကြောင့် ဆက်လက်ရှုစားပေးသွားပါဦး။

Hedje

Hedje ရဲ့ နာမည်အပြည့်အစုံကတော့ Hedje Botnen ဖြစ်ပါတယ်။ နော်ဝေး လူမျိုးတစ်ယောက်ဖြစ်ပြီး ၂၀၀၆ခုနှစ်မှာ Esports လောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။၂၀၀၆ ၊၂၀၀၇ (၂)နှစ် စလုံး ESWC (Electronic Sports World Cup) မှာပါဝင်ခဲ့ပြီး Counter Strike မှ ထွက်ခွာအနားယူခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ Counter Strike: Global Offensive(CS:GO) ပြိုင်ပွဲတွေဆီပြန်လာခဲ့ပြီး LGB esports Female အသင်းနဲ့ လက်တွဲခဲ့ပါတယ်။ တက်တက်ကြွကြွနဲ့ ပြိုင်ဆိုင်မှု ပြင်ထန်တဲ့ player တစ်ယောက်ဖြစ်ပြီး ဂိမ်းကစားရတာကို နှစ်သက်တဲ့ သူဖြစ်ပါတယ်။ ဒေဿန္တရကျန်းမာရေး ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်းလုပ်ပြီး gaming ပညာကို Subsea technology မှာ သင်ယူခဲ့ပါတယ်။ သူမရဲ့ ရည်မှန်းချက်ကတော့ CS:GO မှာ အကောင်းဆုံ အသင်းတစ်ခု ဖြစ်လာဖို့နဲ့ သူမရဲ့အလုပ်မှာ အောင်မြင်ချင်တယ်လို့ သိရပါတယ်။

Follow > Twitter, Twitch.tv

 

L.K.S

သူမရဲ့ နာမည် အပြည့်အစုံကတော့ Lizette Scheich ပါ။ အသက်၂၂ နှစ် ရှိတဲ့ ဆွီဒင်လူမျိုးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ပြီး CS 1.6 မှာ ကစားခဲ့ပါတယ်။ CS:GO ထွက်လာတဲ့အထိ အနားယူခဲ့ပြီး ၂၀၁၃ ခုနှစ် နွေရာသီမှ CS:GO ကို စတင် ကစားခဲ့တယ်လို့သိရပါတယ်။၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာ Team-Tactic အဖွဲ့ထဲဝင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Copenhagen Games ကို အဖွဲ့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အသင်းထဲမှာ သူမရဲ့ role က “Lurker” ဖြစ်ပြီး အကြိုက်ဆုံး weapon က AK-47 နဲ့ အကြိုက်ဆုံး အလံက Inferno ဖြစ်တယ်လို့သိရပါတယ်။

Follow > Twitter, Twitch.tv

 

Dev1ce

Dev1ce ကိုတော့ တော်တော်များများ သိကြမှာပါ။ သူ့ရဲ့ နာမည်အရင်းက Nicolai Hvilshøj Reedtz ဖြစ်ပြီး ဒိန်းမတ်နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့ မှာ မွေးဖွားခဲ့ပြီး အခုဆိုရင်အသက် ၂၃နှစ်ရှိပါပြီ။ Professional Counter-Strike: Global Offensive(CS:GO) ကစားသမားသမားဖြစ်ပြီး Counter-Strike:Source ရဲ့ ကစားသမားဟောင်းလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အသင်းကနာမည်က “Astralis” ဖြစ်ပြီး အမြဲတမ်းလို top 10 စာရင်းထဲမှာ နေရာယူလေ့ရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်တယ်လို့သိရပါတယ်။

Follow > Twitter, Twitch.tv

 

Pronax

နာမည်အရင်းက Markus Wallsten ဖြစ်ပြီး ဆွီဒင် နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ Professional CS:GO ကစားသမားတစ်ယောက်ဖြစ်ပြီး CS:1.6 ရဲ့ ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။ တစ်ဖက်ပြိုင်ဘက်ရဲ့ စိတ်ကို ဖတ်နိုင်တဲ့ သူအဖြစ် လူသိများပြီး အသင်းဟောင်း Fnatic ကို major championships ၃ ခု ထိရောက်အောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ Godsent အသင်းရဲ့ founder ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ဖူးပြီး လက်ရှိကစားနေတဲ့ အသင်းကတော့ Digital Chaos မှာဖြစ်ပါတယ်။ Godsent အသင်း မှာလည်း co-worker အဖြစ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

Follow > Twitter

အခုဖော်ပြသွားတဲ့ Player တွေက CS:GO ရဲ့ player တွေထဲက ရွေးချယ်ဖော်ပြသွားတာဖြစ်ပါတယ်။ နောက်လည်း League of Legends (LoL) ၊ Call of Duty (CoD)၊Defense of the Ancients 2 (DOTA 2)၊ Overwatch player တွေအကြောင်းကို အခွင့်အခါသင့်ရင် သင့်သလို ဖော်ပြပေးသွားပါဦးမယ်။

 

Via 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: