Reviews

ပိတ်ရက်မှာ ကစားနိုင်မယ့် multi-player ဂိမ်း Hot Wheels: Race Off

ပိတ်ရက်မှာ ကစားဖို့ဂိမ်းကောင်းလေးရှာနေပါသလား?

အိမ်မှာနေရင်း မပျင်းရအောင် သည်းထိပ်ရင်ဖို ကားပြိုင်မောင်းရမယ့်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးမယ်နော် …

Hot Wheels: Race Off က ၂၀၁၇ မှာ Google Play က ဆုတွေရရှိထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ကားမောင်းပြိုင်ရမယ့် ဂိမ်းဖြစ်တာကြောင့် စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပြိုင်ရမယ့် နေရာတွေက တညီတည်း မဟုတ်ဘဲ ကွေ့ကောက်လိမ်ပတ်နေတဲ့ လမ်းတွေဖြစ်တဲ့အတွက် ပိုပြီးတော့တောင်ထူးခြားနေပါတယ်။

ဂိမ်းထဲမှာ ကား crazy လေးတွေကြိုက်နှစ်သက်မယ့် လှပဆန်းသစ်တဲ့ အမိုက်စားကားတွေကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ဖက်က ပြိုင်ဘက်ကလည်း အနိုင်မခံ၊ အရှုံးမပေးဘဲ ကစားမှာဖြစ်လို့ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နေမှာပါ။ ကားမောင်းတဲ့ ဂိမ်းတွေအများကြီး ရှိပေမယ့် ကြမ်းတမ်းတဲ့ နေရာတွေကို ရိုလာကိုစတာ စီးသလို မောင်းရမယ့်ဂိမ်းမျိုးကိုတော့ ခုမှတွေ့ဖူးကြမှာပါ။

Multiplayer ဂိမ်းဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်းက player တွေနဲ့ပဲဖြစ်ဖြစ် ယှဉ်ပြိုင်လို့ရပါတယ်။ ပြိုင်ပွဲဝင်မယ့် ကားကို အဆင့်မြှင့်တင်ပြီး အကောင်းဆုံး စွမ်းအင်တွေနဲ့ ပြိုင်ဘက်တွေကို စိန်ခေါ်လိုက်ပါ။ ဂိမ်းရဲ့ ကြည်လင်တဲ့ ရုပ်ထွက်နဲ့ အသံက တကယ့်ကားပြိုင်ပွဲရောက်နေသလို ခံစားရမှာဖြစ်လို့ ပြိုင်ဆိုင်ရတာ ကိုနှစ်သက်တဲ့ မိတ်ဆွေတို့အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။

Android နဲ့ iOS နှစ်မျိုးစလုံး နဲ့ free ကစားနိုင်ပါတယ်။ အဆင့်သတ်မှတ်ချက်ကောင်းတွေ ရရှိထားတဲ့အတွက် လက်လွတ်မခံသင့်တဲ့ ဂိမ်းဖြစ်ပါတယ်။ Android အတွက် version 4.4 နဲ့ iOS အတွက် version 8 နှင့် အထက်ရှိလျှင် ကစားနိုင်ပါပြီ။

 

Image Source – Hot Wheels: Race Off

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password