NewsReviews

Battle Royale ဂိမ်းတွေထဲက ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ Hopeless Land: Fight for Survival

ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် ဂိမ်းလေးကတော့ Battle Royale ဂိမ်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Hopeless Land: Fight for Survival ဆိုတဲ့ ဂိမ်းလေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက PUBG နဲ့ တော်တော်လေးကို ဆင်ပြီး PUBG ထဲမှာ မပါတဲ့ အရာတွေတောင် ပါပါသေးတယ်။ (Wow.. ဒီလိုဆိုတော့ ကစားဖို့ ဂိမ်းတစ်ခု တိုးပြီပေါ့….) သူ့ကို ကစားဖူးတဲ့ သူတွေတို့ ကစားနေတဲ့ သူတွေတို့ ရှိကောင်းရှိကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။

ဂိမ်းတစ်ခုလုံးက ထိန်းချုပ်ရတာ လွယ်ကူပြီး ကစားရတာလည်း တကယ့်ကို ညင်ညင်သာသာရှိပါတယ်။ ဂိမ်းရဲ့ အဓိက game mode ဖြစ်တဲ့ Royale က Map ပေါ်မှာ ကစားသူအရေအတွက် ၁၂၁ ယောက်အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့မှာ team deathmatch ကိုလည်းပေးထားပါတယ်။ Team deathmatch မှာ ၈ ယောက်အဖွဲ့ ၂သင်း ယှဉ်ပြိုင် ကစားခိုင်းမှာဖြစ်ပြီး ပထမရရှိတဲ့ အသင်းက Point 100 ဆုကြေးငွေရရှိမယ်လို့ သိရပါတယ်။

Hopeless Land က Battle Royale shooting game အဖြစ်ဒီဇိုင်းဖော်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး survival game တစ်ခုမှာ တစ်ချိန်တည်း ကစားသူ ၁၂၁ ယောက် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ Hopeless land ရဲ့ Battleground မှာ ပုံစံအမျိုးမျိုးရှိတဲ့ အာရှ ဗိသုကာလက်ရာတွေကို တွေ့မြင်ရမှာပါ။ ဂိမ်းထဲမှာ အရင်က တစ်ခါမှ မခံစားဘူးတဲ့ ဟယ်လီကော့ပတာ ပေါ်ကနေ ခုန်ချပြီး လေပေါ်ပျံဝဲရတဲ့ feeling ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ လွယ်ကူတဲ့ စနစ်နဲ့ အမိုက်စား shooting ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်လို့ တစ်ခါတစ်ခေါက်လောက်တော့ စမ်းကစားကြည့်ဖို့ recommend ပေးပါရစေ။

Hopeless Land ကို မည်သည့် ဖုန်းအမျိုးအစားနဲ့ မဆို ကစားနိုင်မှာဖြစ်ပါတယ်။ သင်က စိတ်ဝင်စားဖို့ကောင်းပြီး ရိုးရှင်းတဲ့ စနစ်နဲ့ battle royale ဂိမ်း တစ်မျိုးကို ကစားဖို့ ရှာနေတယ်ဆိုရင်တော့ Hopeless Land ကိုလုံးဝ တုံ့ဆိုင်းမနေပဲ ကစားကြည့်သင့်ပါတယ်။ သင်က Battle royale နယ်ပယ်ထဲကို အခုမှ စဝင်မယ့်သူဆိုရင်လည်း စိတ်မပူပါနဲ့။ ရိုးရှင်းတဲ့ ထိန်းချုပ်မှု စနစ်ကြောင့် Hopeless Land ထဲကို လွယ်ကူ စွာ စတင်ဝင်ရောက်နိုင်ပါတယ်။

Note: Hopeless land က free to play ဖြစ်ပေမယ့် ဂိမ်းထဲမှာ ငွေပေးပြီး ဝယ်ယူရမယ့် app-purchase တွေပါဝင်ပါတယ်။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password