News

Android ပေါ်မှာအချိန်အကန့်အသတ် နဲ့ free ဖြစ်နေတဲ့ Hitman Sniper

လအနည်းငယ် တစ်ကြိမ် free လုပ်ပေးလေ့ရှိတဲ့ Hitman Sniper ကတော့ Android ပေါ်မှာ free ဖြစ်သွားပြန်ပါပြီ။ Sniper ဂိမ်းကောင်းကို ကြိုက်တဲ့သူတွေအတွက်တော့ ခုချိန်က တကယ့်ကို ဒေါင်းလုတ်လုပ်ယူဖို့ အခွင့်အရေးကောင်းပါပဲ။ iOS အတွက်တော့ ဒေါ်လာ ၀.၉၉ ( မြန်မာငွေ ၁၃၅၀ကျပ်ခန့်လောက်) ပေးဝယ်ရဦးမှာပါ။

ဒီဂိမ်းထဲမှာဆိုရင် Player က မြင်ကွင်းထဲမှာပေါ်လာတဲ့ သူတိုင်းကို Sniper နဲ့ချိန်ပြီး တိတ်တဆိတ် သတ်ပစ်ရမှာပါ။ Sniper ဂိမ်းတွေ ကစားနေကြသူတွေ ဆိုရင်တော့ game feature ကိုကောင်းကောင် နားလည်မှာပါ။ RPG ဂိမ်းတွေလိုပဲ sniper ဂိမ်းတွေကလည်း ပုံစံတစ်မျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။

ဂိမ်းထဲမှာ သတ်ပစ်ဖို့ အမိန့်ရတဲ့ လူကိုရှာပြီး ပစ်ရမှာပါ။ အဲ့လူ ကိုယ့်ရဲ့လှည့်ကွက်ထဲဝင်လာဖို့ အတွက် မြှားခေါ်ရမှာဖြစ်တာကြောင့် puzzle ဂိမ်းပုံစံလည်း နည်းနည်းရောပါတယ်။ ကြည်လင်ပျက်သားတဲ့ Graphic Design တွေနဲ့ ဆွဲဆောင်ရှိတဲ့ ဂိမ်းဖြစ်တာကြောင့် Sniper ဂိမ်းတွေထဲမှာ ရွေးချယ်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ နမူနာ video ဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

(Video ကြည့်ပြီး sniper လုပ်ချင်စိတ်တောင်ပေါက်မိ 😝)

Free download လုပ်နိုင်မယ့်အချိန်က မေလ (၂၁) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်လို့ အခုဆိုရင် အချိန် ၆ ရက်ပဲကျန်ပါတော့တယ်။ Mobile နဲ့ Sniper အတွေ့အကြုံသစ်ကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ အခုပဲ Play Store မှာ free download သွားလုပ်ထားလိုက်တော့နော်။ iOS user တွေအတွက်တော့ အရင်လိုပဲ App Purchase နဲ့ ငွေပေးပြီးဝယ်ယူရမှာဖြစ်ပါတယ်။

 

Via

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password