စက်တပ်ယာဉ်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်ပြီး အခက်အခဲတွေကြားက ပန်းတိုင်ကို အရောက်သွားရမယ့် Hill Climb Racing 2 Game

Hill Climb Racing 2 game ဟာ Platformed အနေနဲ့ iOS , Android ,PC တို့အတွက် ထွက်ရှိလာတဲ့ Online Game ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ကားမောင်းပုံစံနဲ့ တောင်ကုန်းချိုင့်ဝှမ်းတွေကို ဖြတ်ပြီးမောင်းနှင်းရတာဖြစ်တဲ့ Racing Game ဖြစ်ပါတယ်။

Game ရဲ့ အစမှာ Guide Line ပေးပြီး Cup နဲ့ Simple Racing ကို စိတ်ကြိုက်ရွေးချယ်ကစားနိုင်ပါတယ်။

 

Multiplayer ဖြစ်ပြီးတော့ ကိုယ်ကိုင်တဲ့ Player တွေကို ဖက်ရှင်ပိုင်းက အစ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်တဲ့အထိ ကောင်းမွန်တဲ့ Game ဖြစ်ပါတယ်။ Zip ခံထားတဲ့ လမ်းတွေပွင့်အောင် ပြိုင်ပွဲတိုင်းမှာ Golden Coin နဲ့ Star များများရအောင်မောင်းနှင်ရမှာဖြစ်ပါတယ်။

လမ်းတွေရဲ့ ပုံစံကို အတက်အဆင်း ချိုင့်ခွက်တွေနဲ့ ပေးထားတာဖြစ်လို့ လီဗာနဲ့ ဘရိတ်ကို ကျွမ်းကျင်စွာကိုင်ပြီး ကားမမှောက်အောင် မောင်းနှင်နိုင်မှ Level တိုးမှာဖြစ်ပါတယ်။ မိမိကားကို ရှော့ဘားနဲ့ ဘော်ဒီပိုင်း ကြံ့ခိုင်အောင် Coin တွေ အသုံးပြုပြီး upgrade တင်ပေးရမှာပါ။ တခြား Gift တွေကို ပွဲစဉ်တပွဲပြီးတိုင်း Box တွေနဲ့ ပေးမှာဖြစ်ပြီး Box တွေ ဖွင့်တဲ့အခါ coin နဲ့ ကားအစိတ်အပိုင်းတွေကို ကျပန်းမဲဖောက်ပေးတာဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ရင် လမ်းရဲ့ ဆိုးရွားတဲ့ ဒဏ်ကြောင့် ကားက မရုန်းနိုင်ပဲ Time Record ပြည့်တာ၊အမှတ်စဉ်နောက်ဆုံးက ပန်းဝင်တာနဲ့ လမ်းမှာ ဆီပြတ်လပ်ပြီး ရှုံးတာမျိုးကြုံရတဲ့ ရိုးရှင်းလွယ်ကူစွာ စိတ်လှုပ်ရှားမှုပေးနိုင်တဲ့ Game ဖြစ်ပါတယ်။ ကားတစ်မျိုးထဲနဲ့ လမ်းတစ်မျိုးထဲကို မောင်းရတဲ့ ပျင်းရိငြီးငွေ့စရာဂိမ်းမဟုတ်ပဲ Lock တွေမှာ ကျောင်းကား၊လယ်ထွန်စက်၊တိုက်ကား၊ဆိုင်ကယ်အပြင် အခြားမောင်းနှင်စရာများစွာကို ထပ်မံရရှိရလာမှာဖြစ်ပြီး လမ်းသစ်တိုင်းမှာ မတူညီတဲ့ အတွေ့အကြုံတွေ ခံစားရမယ့် ဂိမ်းကောင်းလေးဖြစ်ပါတယ်။

Graphic ပိုင်းလဲပြည့်စုံကောင်းမွန်ုပြီး အခြား Online Game တွေလို File Size မကြီးတဲ့အတွက် ဖုန်းတိုင်းနဲ့ အဆင်ပြေစွာ ကစားနိုင်မယ့် မိုဘိုင်းဂိမ်းကောင်းလေးဖြစ်ပါတယ်။

တကယ်လို့ Hill Climb Racing 2 ကို ကစားချင်သူတွေအနေနဲ့ ဒီနေရာမှာ ဝင်ရောက်ပြီး Download လုပ်နိုင်ပါတယ်။

Image Source : www.facebook.com/HillClimbRacing

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password