ဖုန်းကိုဘယ်၊ ညာ လှုပ်ရမ်းပြီးဆိုင်ကယ်မောင်းနေရမယ့် Highway Rider Motorcycle Racer!

ဆိုင်ကယ်ကို အပျော်တန်းစီးချင်တဲ့လူတွေအတွက်ရော၊ တစ်ခြားလူတွေနဲ့ပြိုင်ပြီးစီးချင်တဲ့လူတွေအတွက်ပါ အဆင်ပြေတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အပျော်တန်းစီးရင်အဆင်ပြေပေမဲ့ ကဲပြီးစီးရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေဆိုင်ကယ်စီးရင်းနဲ့ မှောက်သွားရင် မိတ်ဆွေရဲ့ Character ကအရိုးတွေကျိုးပဲ့ပြီးဆေးရုံရောက်သွားမှာ မို့လို့ပါ။ မိတ်ဆွေက ဆိုင်ကယ်ကိုကဲပြီးစီးရင်မှောက်နိုင်သလို၊ သတိလက်လွတ်စီးရင်လည်းမှောက်မှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ဆိုင်ကယ်မှောက်တဲ့ အနေအထား နဲ့ အခြေအနေတွေက Reality မှာဖြစ်ပျက်နေတာတွေနဲ့ ဆင်ပါတယ်။

 

မိတ်ဆွေသွားရာလမ်းတစ်လျှောက်မှာ အရာဝတ္တုတွေ၊ ကားတွေအများကြီးရှိနေမှာပါ။ အဲဒါတွေ အကုန်လုံးကို မိတ်ဆွေကရှောင်ပြီးသွားရမှာဖြစ်ပါတယ်။ စစချင်းမှာတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း မိတ်ဆွေရဲ့ဆိုင်ကယ်အရှိန်များလာတဲ့ အချိန်မှာမိတ်ဆွေလည်း လမ်းတစ်လျှောက်မှာရှိနေတဲ့ ပစ္စည်းတွေနဲ့ အရာဝတ္တုတွေကို ရှောင်ရတာအတော်ခက်လာမှာဖြစ်ပါတယ်။ တစ်ခုခုနဲ့ တိုက်မိရင်တော့ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ အတိုင်း မိတ်ဆွေရဲ့ Character ရဲ့အရိုးတွေကျိုးပဲ့မှာဖြစ်ပါတယ်။

ခေါင်းစဉ်ကအတိုင်းပဲ ဖုန်းလေးကို ဘယ်၊ ညာ လှုပ်ပြီး မိမိရဲ့ဆိုင်ကယ်ကို Control လုပ် ဆော့ရမှာဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ဂိမ်းထဲစစချင်းဝင်ရင် Option ၃ ခုရှိနေမှာကို မိတ်ဆွေတွေ့ရမှာပါ။ အဲ့ဒါတွေကတော့ Let’s Ride, Multiplayer နဲ့ Character ဖြစ်ပါတယ်။

 

 

  •  Let’s Ride Option ထဲမှာ တော့ Arcade နဲ့ Fugitive ဆိုပြီး Option နှစ်ခုထပ်ရှိနေမှာပါ။ Arcade မှာဆိုရင် မိတ်ဆွေက အပျော်တန်းဆိုင်ကယ်ကို ပြုတ်မကျအောင် ထိန်းပြီးမောင်းနေရမှာဖြစ်ပါတယ်။ Fugitive မှာတော့ မိတ်ဆွေက ဝရမ်းပြေးဖြစ်နေမှာပါ။ ဝရမ်းပြေးဖြစ်နေတာကြောင့် မိတ်ဆွေကိုရဲတွေကလိုက်ဖမ်းနေမှာဖြစ်ပြီး Arcade နဲ့မတူညီတဲ့ခံစားမှုမျိုးရရှိမှာဖြစ်ပါတယ်။
  •  Multiplayer ထဲမှာလည်း Find Match နဲ့ Play Friend ဆိုပြီး Option နှစ်မျိုးရှိနေမှာပါ။ Multiplayer ဆော့မယ်ဆိုရင်တော့ Internet Connection လိုအပ်မှာဖြစ်ပါတယ်။ Find Match မှာတော့ Global က Rider တွေနဲ့ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Matchmaking လုပ်တဲ့အချိန်ကိုတော့ အနည်းငယ်စောင့် ရမှာပါ။ Play Friend မှာတော့ ဘေးနားက မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချိတ်ဆော့နိုင်မှာဖြစ်ပါတယ်။
  • မိတ်ဆွေလက်ရှိဆော့နေတဲ့ Character နဲ့ ဆိုင်ကယ်ကိုမကြိုက်ဘူးဆိုရင် Character Option ထဲမှာတော့ သွားရောက်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Character အနေနဲ့ ၁၀ ကောင်ပါဝင်မှာဖြစ်ပါတယ်။ Big Jim, Brad, Laura စတဲ့ Character တွေအပါအဝင်ပေါ့ဗျာ။ ဆိုင်ကယ်အမျိုးအစားတွေကလည်း Character တွေအပေါ်လိုက်ပြီးပြောင်းသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်တစ်စီးချင်းအတွက်အရောင်စုံရှိနေမှာဖြစ်သလို Character တစ်ယောက်ချင်းအတွက်လည်း Costume အမျိုးမျိုးပြုလုပ်ပေးထားတာကိုတွေ့မြင်ရမှာပါ။

မိတ်ဆွေယှဉ်ပြိုင်နိုင်တဲ့ နေရာ ကလည်း ၄ နေရာရှိနေတာကိုတွေ့ရမှာပါ။ Suburban Highway, Desert Highway, Snow Mountain, Redwood Forest စတဲ့နေရာတွေပါ။ Highway လမ်းကြီးတွေအပေါ်မှာ ဆိုင်ကယ်အပီအပြင်မောင်းနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် ဆိုင်ကယ်မောင်းရတာဝါသနာ ပါသူတွေအဖို့တော့ တော်တော်မိုက်မယ့်ဂိမ်လေးဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး Racing ဂိမ်းအလန်းစားတွေထဲကတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.batteryacid.highwayrider

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password