News

ဒီဇင်ဘာ ၁၄ Android ပေါ်ရောက်လာတော့မယ့် အလန်းစားဂိမ်း Hidden Folks

The Game Awards 2017 မှာ Best Mobile Game ဆုအတွက် လျှာထားခြင်းခံခဲ့ရတဲ့ဂိမ်းဆိုတာ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ အဲဒီလိုမျိုးဂိမ်းဖြစ်တဲ့ Hidden Folks ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Android အတွက်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Android release နဲ့အတူ မြေပုံအသစ်တွေပါထည့်သွင်းပေးမယ်လို့ Developer ဖြစ်သူ Adriaan de Jongh က သူ့ရဲ့ Twitter စာမျက်နှာကတစ်ဆင့် ကြေညာခဲ့ပါတယ်။

Hidden Folks ဆိုတာကတော့ Hidden Object လိုက်ရှာရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ Hidden Folks ကို အခြားအမျိုးအစားတူဂိမ်းတွေထဲက ကွဲထွက်နေစေတဲ့အချက်ကတော့ သူ့ရဲ့ Hand-Drawn art style နဲ့ interactive ဖြစ်တဲ့ character တွေပဲဖြစ်ပါတယ်။ Screen ပေါ်မှာမြင်ရသမျှအရာအားလုံးကို လိုက်နှိပ်လို့ရမှာဖြစ်ပြီး အရာအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်အသံတွေပါဝင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဂိမ်းဆော့ရတဲ့အရသာက အခြား Hidden Object ဂိမ်းတွေနဲ့ လုံးဝကိုမတူဘူးဖြစ်သွားစေပါတယ်။

ဒီဂိမ်းကို အဲဒီလောက် hype နေစရာလိုသလားလို့မေးရင် hype သင့်တယ်လို့ပြန်ဖြေရမှာပါ။ လက်ရှိအချိန်မှာ Steam မှာ 10/10 နဲ့ Overwhelmingly Positive review တွေရရှိထားပြီး App Store မှာ 4.8/5 star ရရှိထားပါတယ်။ ဂိမ်း reviewer တွေတော်တော်များများကလည်း Must Play ဆိုပြီး recommend လုပ်ကြတဲ့ဂိမ်းတစ်ခုဖြစ်တာမို့ Android user တွေအတွက် ရွေးချယ်စရာဂိမ်းကောင်းတစ်ခုတိုးလာတာပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: