ArticleNews

ရသင့်ရထိုက်တဲ့ အဖိုးနှုန်းထားမပေးတဲ့အတွက် Heroes of the Storm ကစားသမားဟောင်းများမှ ပိုင်ရှင်ဟောင်းကို တရားစွဲ

အဖွဲ့ဝင်၅ယောက်ပါဝင်တဲ့ Heroes of the Storm esports ဝင်ဟောင်းများဟာ Naventic Esports မှ သူတို့ရဲ့ ပိုင်ရှင်ဟောင်းJames Ross Elliot II ကို ရှင်းမပေးရသေးတဲ့ ဒေါ်လာ၅သောင်းကျော်အတွက် တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သတ်ပြီး ကစားသမားတွေဟာ အကြွေးတွေလည်း တင်နေကြပါတယ်။

Dot Esports ရဲ့အဆိုအရ Christopher “zuna” Buechter , Ken “Kenma” Buechter , Sammuel “bigempct” Hua, Thomas “Tomster” Magurie နဲ့ Josh “blid” Choi တို့က Naventic ရဲ့ပိုင်ရှင်ဟောင်း Elliot II အတွက် ၂၀၁၆ဖေဖော်ဝါရီ နဲ့ ၂၀၁၇ သြဂုတ်လ အတွင်းမှာ အလုပ်တွေလုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါအလုပ်ကိစ္စတွေမှ ရသင့်ရထိုက်တဲ့ အဖိုးခ နှုန်းထားကို မပေးခဲ့တာကြောင့် ကစားသမားတွေဘက်ကElliot II ကိုတရားစွဲဆိုခဲ့တာပါ။

ElliotII က စုစုပေါင်း ဒေါ်လာ ၅၅၁၂၅ နဲ့ တရားစွဲဆိုခံရတာဖြစ်ပြီး အဲ့ဒီ အခကြေးငွေထဲမှာ ကစားသမား ၅ယောက်ရဲ့ လစာတွေနဲ့ ပြိုင်ပွဲတွေမှ ဆုကြေးငွေတွေပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Elliot က အခွန်ရှောင်တဲ့ ပြစ်မှုတွေကိုလည်း လုပ်ထားတယ်လို့ အသံတွေထွက်နေပါတယ်။ အဲ့ဒါတွေထက်ဆိုးတာတစ်ခုကတော့ Elliot II က လစာမပေးခင် ၂၀၁၇ ဧပြီလမှာ ပျောက်သွားတာနဲ့ပတ်သတ်ပြီး တရားစွဲဆိုခြင်းခံရတာပါ။ အဆိုပါ အမှုအားလုံးကို လာမယ့် ဖေဖော်ဝါရီ၂၀၁၉ မှာ ရှေ့နေတွေနဲ့ တရားရုံးမှာ တရားရင်ဆိုင်သွားမယ်လို့ သိရပါတယ်။

Source- www.mcvuk.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password