နိုဝင်ဘာ ၈ ရက်နေ့မှာထွက်ရှိထားတဲ့ Heroes Evolved Update!

မနေ့က Heroes Evolved Update ကြောင့် Maintenance ၉၀ မိနစ်ခန့် In-game ထဲဝင်လို့ မရခဲ့တာ မိတ်ဆွေသတိထားမိမှာပါ။ Maintenance ၉၀ မိနစ်မှာ ပြောင်းလဲသွားတဲ့ System အချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရင်က Heroes Evolved မှာ 5 v 5 mode သာဆော့နိုင်ခဲ့တာဖြစ်ပြီး ယခုဆိုလျှင် 7 v 7 mode ဆော့နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်ပွဲထဲမှာ တင်Player များစွာနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ Bloody Carnage ကိုတော့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ရက် မှာစတင်တွေ့မြင်ရမှာဖြစ်ပါတယ်။

Skin တွေကိုလည်း discount ပေးထားပါသေးတယ်။ Zhang Fei ရဲ့ Orc Warlord ကို 20% discount, Magicka ရဲ့ Deadly Blossom ကိုလည်း 20% discount ပေးထားတာကိုတွေ့ရမှာပါ။ Discount ပေးထားတာ ၇ ရက်ခန့်သာဖြစ်လို့ မိတ်ဆွေမှာ ဝယ်ဖို့ Plan ရှိတယ်ဆိုရင် မြန်မြန်ဝယ်ဖို့ အကြံပြုပါရစေ။ Item အသစ်တစ်ခုလည်းထွက်ရှိထားပါသေးတယ်။ အဲ့ဒါကတော့ Mystery Mark ပါ။ အဲ့ဒီ Item ကိုတော့ Event အသစ်တစ်ခုဖြစ်တဲ့ the beauty and the beast Event ကိုပြီးမြောက်အောင် လုပ်ဆောင်ပြီးမှ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Wolfram, Diana စတဲ့ Hero တွေသာမက အခြားသောဆုတွေကိုလည်း Event ကိုပြီးမြောက်အောင်ဆော့ကစားခြင်းဖြင့်ရရှိနိုင် မှာဖြစ်ပါတယ်။

Discount ပေးထားတဲ့ Orc Warlord နဲ့ Deadly Blossom တို့ကိုဝယ်ပြီးပြီဆိုရင်တော့ Social Media တွေဖြစ်တဲ့ Facebook (သို့) Twitter တစ်ခုခုမှာ Share လုပ်ခြင်းဖြင့် Jewels တွေနဲ့ Gems တွေရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအခွင့်အရေးကိုတော့ Event ကာလအတွင်းမှာပဲ ရရှိမှာဖြစ်ပါတယ်။

 

In-game မှာအသုံးပြုမဲ့ Language System ကိုလည်း ဖြည့်စွက်ပေးထားပါသေးတယ်။ English, Portuguese, Russian, Spanish, Fillipino စတာတွေအပြင် Player တွေရဲ့ Feedback ကိုကြည့်ပြီး ထပ်ဖြည့်သွားဖို့ရှိပါတယ်။ အဲ့ဒါက ရွှေမြန်မာမှာနေထိုင်တဲ့ Heroes Evolved Fan တွေအတွက် အခွင့်အရေးတစ်ခုဖြစ်တာကြောင့် Feedback ပေးကြဖို့တိုက်တွန်းပါရစေ။ Lu Bu, Minos, Diana, Cleopatra, Lunaria, Jeanne, Wolfram နဲ့ Electros တဲ့ Hero တွေကို Secret Shop မှာ ပေါင်းထည့်ပြီး Adjust လုပ်ထားတာကိုလည်းတွေ့ရမှာပါ။

နောက်ဆုံးအနေနဲ့ကတော့ Bug Fix ပါ။ Cao Cao ရဲ့ Ability တွေကို Fix ထားတာကိုလည်းတွေ့ရမှာပါ။ Heroes Evolved Player အသစ်တွေ Nezha ဆိုတဲ့ Hero ကိုဝယ်တဲ့အခါမှာ Discount မရခဲ့ပါဘူး။ အဲ့တာကြောင့် Nezha ကိုစျေးအပြည့်နဲ့ ဝယ်ခဲ့တဲ့ Player အသစ်တွေအနေနဲ့ နစ်နာကြေး ပြန်လည်ရရှိမှာဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ နိုဝင်ဘာ ၈ ရက် ရဲ့ Update မှာပြောင်းလဲသွားတာတွေပဲဖြစ်ပါတယ်။ တစ်ရက်နောက်ကျသွားတာကိုတော့ တောင်းပန်ပါရစေ။ နောက်ပိုင်းတွေမှာလည်း အခုလို Update News တွေကို တင်သွားပေးမှာဖြစ်လို့ Playon ကိုမကြာခဏလာလည်ကြဖို့ တိုက်တွန်းပါရစေ။

 

 

Source : Heroes Evolved

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password