Fighter နဲ့ Tactician များအသဲစွဲမယ့် Heroes Evolved!

Dota Player များဒီဂိမ်းကိုမဆော့ရသေးဘဲ ကြည့်ရုံနဲ့တင်အတော်ရင်းနှီးနေမှာပါ။ ဘာလိုလဲဆိုတော့ Feature တော်တော်များများက Dota နဲ့ ခပ်ဆင်ဆင်မို့လို့ပါပဲ။ တချို့က Heroes Evolved ဟာ Dota ကိုကူးထားတယ်ဆိုပြီးမကြိုက်ချင်ကြပါဘူး။ Copy ကူးထားတာမှန်ပေမယ့်လုံးဝ Carbon Copy ကြီးတော့မဟုတ်ဘူးဗျ။ တချို့ဟာလေးတွေဆို ကွဲထွက်နေတာမြင်တွေ့ရမှာပါ။

                     

ဒီ Heroes Evolvedဂိမ်းမှာဆိုရင် Hero ၄၀ ကျော်ပါတာကိုတွေ့မြင်ရမှာပါ။ Eternals နဲ့ Ancients နယ်မြေနှစ်ခုအပြန်အလှန်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ Lane အနေနဲ့ Top, Middle, Bottom ဆိုပြီး Lane ၃ ခုကိုတွေ့ရမှာပါ။ ဒီဂိမ်းရဲ့ Hero အချို့ကတရုတ်ရာဇဝင်သူရဲကောင်းတွေပါ။ စစ်သူကြီး တော်တော်များကိုလည်းမိတ်ဆွေတွေ့ရမှာပါ။ ၂၀ ရာစုပိုင်းလောက်ကမှ Cartoon အနေနဲ့ရိုက်ကူးအသက်သွင်းထားတဲ့ Kung Fu Panda လေးတောင်ပါပါတယ်။ ဒီဂိမ်းမှာ Clan တွေလည်းထောင်လို့ရသေးတယ်ဗျ။ အဲဒီတော့ မိမိမိတ်ဆွေတွေနဲ့ အပြင်မှာမတွေ့ဖြစ်ရင်တောင် In Game ထဲမှာတွေ့မြင်နေရမှာပဲဖြစ်ပါတယ်။ Clan မတူခဲ့ရင်တောင် ID ကို Invite လုပ်ခြင်းဖြင့်အတူတကွဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းနဲ့ Allied ကစားရတာပျင်းလာပြီဆိုရင် 1 Vs 1 ကစားနိုင်တဲ့ Option လည်းပါသေးတယ်ဗျ။

Heroes Evolved ဟာ 5 Vs 5 ကစားရတာကြောင့် Teamwork အရမ်းလိုပါတယ်။ Teamwork လိုတယ် ဆိုတာက ဂိမ်းကို Carry မယ့်သူကလည်း ရန်သူဘက် က Carry တွေကိုရင်ဆိုင်နိုင်ရမှာဖြစ်သလို၊ Support မယ့်သူကလည်း Carry တွေကြမ်းအောင်ပံ့ပိုးပေးရမှာပါ။ ပံ့ပိုးတဲ့နေရာမှာအရေးကြီးဆုံးဖြစ်တဲ့ ward ကိုသေချာထောင်ပေးရမှာပဲဖြစ်ပါတယ်။ ward လိုတယ်ဆိုတာက Vision သာချင်လို့ပါ။ Vision သာတယ်ဆိုတာက Battle ဖြစ်တာပဲဖြစ်ဖြစ်၊ ကိုယ့် Carry ကို လာ Gank တာဘဲဖြစ်ကိုယ့်လူတွေSafe ဖြစ်တာကိုဆိုလိုတာဖြစ်တယ်။ ဒါအပြင်Customize လုပ်ထားတဲ့ Skin အမျိုးမျိုးကိုလည်းတွေ့မြင်ရမှာပါ။ အဲ့ဒါတွေကတော့မိတ်ဆွေစိတ်ကြိုက်ဝယ်ယူနိုင်မှာပါ၊  Hero တိုင်းမှာ Skin ရှိပါတယ်။ Language ပိုင်းမှာလည်း 8 မျိုးကျော်လောက်ကို Support လုပ်ပေးပါတယ်။ Matchmakingလုပ်တာကအချိန်အနည်းအငယ်ပဲကြာတာကြောင့်စိတ်မရှည်သောမိတ်ဆွေတွေအတွက်လည်းအံ့ကိုက်ပါပဲ။ Mobile game ဆိုပေမယ့် Animation ပိုင်းကတော့ PC မှာဆော့နေရသလိုရှယ်ပါပဲ။

Free To Play ပါ။ File Size သေးပြီး Android နဲ့ IOS နှစ်မျိုးလုံးမှာဆော့နိုင်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.rsg.heroesevolved&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password