NewsReviews

လူကြိုက်များတဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Hero Hunters

ဒီတစ်ခေါက် ပြောပြချင်တဲ့ ဂိမ်းနာမည်လေးက Hero Hunters ဖြစ်ပါတယ်။ သူ့အကြောင်းကို မပြောခင် အရင်ဆုံး သူ့ရဲ့ အားသာချက် အားနည်းချက်လေးတွေကို အရင်ဖော်ပြပေးသွားပါမယ်။ သူ့ရဲ့ အားသာချက်ထဲမှာ အရမ်းကို မိုက်တဲ့ presentation, နှစ်လိုဖွယ်ကောင်းတဲ့ cover-shooting gameplay စတိုင်၊ ကွဲပြားခြားနားတဲ့ ဇာတ်ကောင်တွေ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ multiplayer တို့ပါဝင်ပါတယ်။ အားနည်းချက်ကတော့ ကစားတဲ့အခါ ထိန်းချုပ်မှုပိုင်းက တစ်ချက်တစ်ချက် လွတ်သွားတတ်ပါတယ်။ ငွေပေးဝယ်ရမယ့် App-purchase တွေပါတာကြောင့် နောက်ပိုင်းတွေမှာ ငွေထွက်ကိန်းတွေ ရှိလာနိုင်ပါတယ်။

Shooter ဂိမ်းတွေက PC နဲ့ Console တွေပေါ်မှာ အရမ်းကို လူကြိုက်များလာတာနဲ့အမျှ Mobile ဂိမ်းဈေးကွက်ဆီကိုလည်း တရိပ်ရိပ် ဦးတည်လျှက်ရှိပါတယ်။ အဲ့ဒီ shooter ဂိမ်းတွေထဲမှာ Hero Hunters လည်း တစ်ခု အပါအဝင်ပါပဲ။ ဒီဂိမ်းကို ပထမဦးဆုံး စမြင်မြင်ချင်းမှာပဲ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကြောင့် အားလုံးပဲ စိတ်ဝင်စားသွားမှာပါ။ ဂိမ်းထဲမှာ player က ဘယ်ဘက်လက်မနဲ့ညာဘက်လက်မကို အသုံးပြုပြီး တစ်ဖက်ရန်သူကို ပစ်ခက်ရမှာပါ။ တစ်ဖက်က ပြန်တုံ့ပြန်လာပြီဆိုရင်တော့ အလျင်အမြန် အကွာအကွယ်ယူပုန်း ဖို့လိုပါတယ်နော်။ ဒီဂိမ်းက shooter ဂိမ်းတွေကို ကစားဖူးတဲ့သူတွေအတွက်စိမ်းနေမှာမဟုတ်ပါဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ဘယ်လို ကစားရမလဲဆိုတာကို တန်းသိမှာပါ။ နမူနာ ဗီဒီယိုလေးကို တစ်ချက် ရှိုးလိုက်ပါဦး။

(ဘယ်လိုလဲ??? မိုက်တယ်ဟုတ်??? ကစားဖို့ ဂိမ်းကောင်း တစ်ခုတော့ တိုးပြီပေါ့ 😃  ကစားနေတဲ့ သူတွေလည်း ရှိနေကြပြီ မဟုတ်လား??? အက်မင်တောင် နောက်ကျရင် ကျနေဦးမယ်… 🤣)

Hero Hunters က စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဂိမ်းထဲမှာ တွေ့ရမယ့် ဇာတ်ကောင်တွေကအစ လုံးဝကို အပျံစား အလန်းတွေပါ။ Player က ၅ ယောက်တစ်ဖွဲ့ဖွဲ့ ကစားနိုင်ပါတယ်။ တစ်ဖက် ရန်သူတွေကလည်း ပုံစံအမျိုးမျိုး နဲ့ ရှုထောင့်အမျိုးမျိုးကနေ ပေါ်လာနိုင်တာကြောင့် မျက်စိလျင်လျင် ထားဖို့တော့ လိုပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ အကြောင်းအရာတွေ အားလုံးကို ခြုံငုံပြောရမယ်ဆိုရင်တော့ ဒီဂိမ်းလေးက တကယ့်ကို ကောင်းပါတယ်။ သူ့မှာတွေ့ရမယ့် graphics က PlayStation2 game နဲ့ နည်းပညာ level ချင်း ဆင်တူပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာတွေ့ရမယ့် လက်နက် ကိရိယာတွေက လူကြိုက်များတဲ့ shooter ဂိမ်းတွေဖြစ်တဲ့ Gears of War, Mass Effect နဲ့ Overwatch တို့ဆီက ယူထားတယ်ဆိုတာသိသာပါတယ်။

ဂိမ်းထဲမှာ ရွေးချယ်စရာ ဟီးရိုး ၄၀ကျော်ပါဝင်မှာဖြစ်ပြီး ဟီးရိုး တစ်ယောက်ချင်းစီက တစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ လက်နက်တွေကလည်း အားကောင်းပြီး စွမ်းရည်ပြည့်ဝပါတယ်။ Hero Hunters မှာတကယ့်ကို စိတ်ကျေနပ်ဖို့ကောင်းတဲ့ အချက်ရှိပါသေးတယ်။ အဲ့တာကတော့ ဂိမ်းကို ထုတ်လုပ်တဲ့ developer ကိုယ်တိုင်က လူတွေ shooter ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ အချက်တွေအားလုံးကို နားလည်နေတာပါ။

အချူပ်အားဖြင့်ပြောရမယ်ဆိုရင် Hero Hunters က ကစားလို့ကောင်းပြီး အရမ်းကိုမိုက်တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် သူက နည်းနည်းတော့ ကြေးကြီးပါတယ်။ ဒီပြဿနာကိုတော့ ကစားရင်းနဲ့ တွေ့လာမှာပါ။

ကဲကဲ…တကယ် ကစားရင် ပေါ့သွားမှာဆိုးလို့ အများကြီး မပြောတော့ပါဘူးနော်။ Download လုပ်ခ အခမဲ့နဲ့ App Store မှာကော Play Store မှာကောရှိနေတဲ့အတွက် ကိုယ်တိုင်ပဲပြေးကစားကြည့်ရအောင်။ 😃😃)

Download link – Android/ iOS

Ref: download-free-games

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password