Serious ပုံစံမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖိုက်ချင်တဲ့ Mobile Player များအတွက် Hero City: Iron Legend!

လျှို့ဝှက်စွာတည်ရှိနေတဲ့ Laboratory ပေါက်ကွဲရာကနေဇာတ်လမ်းစတင်တာဖြစ်ပါတယ်။ မိတ်ဆွေဆော့ရမယ့် Character ကအဲ့ဒီ Laboratory ပေါက်ကွဲတာကနေ Extraordinary စွမ်းအင်ရှိခဲ့တာပဲဖြစ်ပါတယ်။ Laboratory ပေါက်ကွဲတာကနေ Super Power ရတာကိုကြားရင် The Flash ကြည့်ဖူးတဲ့သူတွေဆို The Flash ရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Barry Allen ကိုပြေးမြင်ကြမှာပါ။ ဒါပေမယ့် Story Line ကအနည်းငယ်ဆင်တယ်ထင်ရပေမယ့် Character ပိုင်းကတော့တခြားဆီပါပဲ။

မိတ်ဆွေဒီဂိမ်းစဆော့ရင်အနည်းငယ်တော့ကြောင်သွားမှာပါ။ ဘာလို့လဲဆိုတော့ မိတ်ဆွေဆော့ရမယ့် Character က The Ironman ထဲကအဓိကဇာတ်ကောင် Tony Stark နဲ့ဆင်တူဖြစ်နေမှာကြောင့်ပါ။ တူချက်ကတော့ နိုင်း လောက်ရှိတယ်လို့ပဲလို့ပြောပါရစေ။ မိတ်ဆွေ Character ကိုလူသားအဖြစ်တွေ့ရတယ့်အခါ Tony Stark လိုပဲနှုတ်ခမ်းမွှေးထူထူနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင်မိတ်ဆွေဆော့ရမယ့် Character က Super Power ရထားပေမယ့်လည်း Tony Stark ရဲ့ Iron suit ကြီးနဲ့အတူတွေ့မြင်ရမှာဖြစ်တာကြောင့် မိတ်ဆွေစိတ်ထဲမှာတစ်မျိုးလေးတော့ ဖြစ်နေမှာပါ။ အဲ့ဒီထဲက ဝတ်စုံက Iron Suit နဲ့တူတာကြောင့် Iron Suit လို့ပဲခေါ်ပါရစေ။ မိတ်ဆွေမြင်ရမယ့် Iron Suit ကပုံစံတူနေပေမယ့် အရောင်ကတော့တခြားဆီပါပဲ။အဝါရောင်လိုလို ရွှေရောင်လိုလိုလေးပါပဲ။

                                        

ဒီဂိမ်းမှာမိတ်ဆွေဆော့ရမယ့်ဇာတ်ကောင်က လူကောင်းဖြစ်တာကြောင့် Laboratory ပေါက်ကွဲရာကရတဲ့စွမ်းအင်တွေနဲ့လူတွေကိုအကျိုးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ။အဲ့ဒါကြောင့်ပြည်သူတွေကိုအန္တရာယ်ပေးဖို့ မြို့မှာသောင်းကြမ်းနေတဲ့ ရာဇဝတ်သားတွေ၊ Mutant တွေကိုနှိမ်နှင်းရမှာပဲဖြစ်ပါတယ်။ Mutant တွေကို သာမာန်ရဲတွေမနှိမ်နှင်းနိုင်တာကြောင့် အဲ့ဒါတွေကိုမိတ်ဆွေကနှိမ်နှင်းပေးရမှာပါ။ Mutant တွေကစစ်တပ်လိုက်ကိုရှိတာပါ။ အများကြီးပါပဲ။

ဒီဂိမ်းမှာတော့မိတ်ဆွေ အစုံလုပ်နိုင်မှာပါ။ ပျံသန်းတာ၊ ကားစီးတာစသည်ဖြင့်ပါ။ မိတ်ဆွေ ဇာတ်ကောင်ကဒီဂိမ်းထဲမှာ Hero ပါ။ Hero ဆိုပေမယ့်တစ်ခါတစ်လေမှာ ချရတာပျင်းလာရင်တော့ မိုးပေါ်တွေမှာ ကြိုက်တဲ့နေရာတွေပျံသန်းနေလို့ရပါတယ်။ တိုက်တွေကအမြင့်ကြီးတွေပဲဆိုတော့ ပျံရတာကတော့ ရှယ်ဖြစ်မှာပါ။ ပျံတာပြီးရင်တော့မိတ်ဆွေက ကိုယ့် Character ရဲ့ Super Power တွေကိုအကုန်သုံးတတ်အောင်လေ့လာရမှာပါ။ Mutant Army ကိုမိတ်ဆွေတစ်ယောက်တည်းတိုက်ခိုက်ရမယ့်အခြေအနေတွေလည်းကြုံတွေ့လာရမှာပါ။ တစ်ယောက်တည်းတိုက်ခိုက်ရတာမကြိုက်ရင်တော့ Super Hero Team တွေကိုရှာပြီး Join နိုင်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေရဲ့အဓိကတာဝန်တွေကတော့ လူကယ်တာတွေ၊ လူတွေကိုအန္တရာယ်ပေးမယ့် Mutant တွေကိုတိုက်ခိုက်တာတွေပြုလုပ်ရမှာပဲဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်တာကြောင့် Fighting အပျော့စားလေးတွေကြိုက်တဲ့ Mobile Player များကိုသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.strategicgames.HCIL&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password