ArticleNews

ဘာကြောင့် PUBG က ဒီကစားသမားတွေကို ၃နှစ်တောင် ဘန်းခဲ့တာလဲ?

အမိုက်စား လက်နက်တွေနဲ့ အပီအပြင် ကြမ်းရတဲ့ PUBG ဂိမ်းဟာ ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေးကို နာမည်ကြီးတဲ့ battle royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တာနဲ့အညီ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း အချောင်ရလိုသူတွေအဖို့ တကယ့်ကို တင်းကြပ်လှပါတယ်။ PUBG က အထူးသဖြင့် ဂိမ်းကို မမှန်မကန်နည်းနဲ့ကစားတဲ့သူတွေကို အမြဲတမ်းရှာပြီး အရေးယူလေ့ရှိပါတယ်။ မကြာသေးမီအချိန်ကလည်း ကစားသမား ၄ယောက်ကို ခွင့်ပြုချက်မရှိတဲ့ ဆော့ဖ်ဝဲသုံးမှုနဲ့ သံသယဝင်စရာ အချက်တွေ ရှာဖွေတွေ့ရှိမှုကြောင့် ဘန်းခဲ့တယ်လို့ သိရပါတယ်။

အဘန်းခံရတဲ့ ကစားသမား ၄ယောက်က Christian “Cuhris” Narvaez, Liam “Liammm” Tran, Tyler “DevowR” Sti နဲ့ Mark “Tefl0n” Formaro တို့ပါ။ အခုအချိန်မှာ အဆိုပါ အဘန်းခံရတဲ့ ကစားသမားလေးယောက်ဟာ၂၀၁၈ ဒီဇင်ဘာ ၃၁ ကနေစပြီး တရားဝင် esports ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရတော့ဘူးလို့ သိရပါတယ်။ ဒီသတင်းကြီးက အဘန်းခံလိုက်ရတဲ့ ကစားသမားတွေအတွက် တကယ့်ကို ယူကြုံးမရ ဖြစ်စရာကြီးပါ။ သူတို့ကလည်းသူတို့ပဲလေနော့်။ ဘာလို့မသမာတဲ့နည်းကို သုံးရတာလဲ။ :3

အဘန်းခံလိုက်ရတဲ့ ၄ ယောက်ဟာ National PUBG League (NPL) အကြိုရာသီပွဲမှာ အတွက် အရည်အချင်းပြည့်မှီပြီးသားတွေဖြစ်ပါတယ်။ PUBG ရဲ့ အဆိုအရ လေးယောက်ဟာ public matches တွေမှာ third party software တွေသုံးခဲ့ရုံသာမက ဒီဇင်ဘာလ အစပိုင်းမှာလည်း NPL အတွက် မသမာတဲ့နည်းတွေကို သုံးခဲ့တယ်လို့သိရပါတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး PUBG Corp က သူ့တို့ ပါဝင်ကစားခဲ့တဲ့ အသင်းတွေ ဖြစ်တဲ့ (Almost, Death Row, Reapers and Totality) တို့ကိုပါ NPL pre-season ကနေ ဖြုတ်ချခဲ့ပါတယ်။ အဘန်းခံရတဲ့လေးယောက်ကို PUBG esports ပွဲစဉ်တွေအတွက်ပဲ ဘန်းမှာလား (ဒါမှမဟုတ်) esports ပြိုင်ပွဲ အားလုံးအတွက် ဘန်းမှာလားဆိုတာကိုတော့ ခုထိသေချာ မသိရသေးပါဘူး။

PUBG က မသမာတဲ့နည်းနဲ့ ကစားတဲ့သူတွေကို အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ရာသက်ပန်အထိ ကစားခွင့် တားမြစ်ပိတ်ပင်မှာဖြစ်ကြောင်း ကြေညာထားတာပါ။ မကြာသေးခင်တုန်းကလည်း Radar Hack လို့ခေါ်တဲ့ third-party program ကိုသုံးခဲ့တဲ့ ကစားသမား ၃သောင်းရဲ့ အကောင့်တွေကို ဘန်းခဲ့ဖူးပါတယ်။ WoW!!! PUBG ရဲ့ အဘန်းစကေးကတော့ ဟာကနဲ ဟင်ကနဲ ဖြစ်သွားရလောက်အောင် ကြမ်းတယ်နော်… 🤣🤣🤣)

Ref: Timesofindia

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password