Reviews

ကစားနေရင်း ကြက်သီး တဖြန်းဖြန်းထစေမယ့် horror ဂိမ်း Hello Neighbor

ဒီတစ်ခေါက်မှာတော့ ကစားနေရင်း ကြက်သီး တဖြန်းဖြန်းထစေမယ့် horror ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြက်သီး ထမယ်ဆိုတာလည်း လူအပေါ်မူတည်ပါတယ်။ ထချင်လည်း ထမယ် မထချင်လည်း မထဘူးပေါ့နော်။ ဟဲဟဲ..နောက်တာပါ…ဒီဂိမ်းလေးက တကယ့်ကို ကစားလို့ကောင်းပါတယ်။ ဘယ်လိုတောင် ကစားလို့ကောင်းတာလဲဆိုတာကို အောက်မှာ ဆက်ပြီး ဖတ်ကြည့်ပေးသွားနော်။

Hello Neighbor က သင့်ကို ကြက်သီးထစရာ သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေ ဖန်တီးပေးနိုင်တဲ့ horror ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာသင်က သင့်ရဲ့ အိမ်းနီးနားချင်းအိမ်က မြေအောက်ခန်းထဲမှာ ဘာကို ဝှက်ထားတာလဲဆိုတာကို ရှာဖွေဖို့အတွက် တိုးတိုးတိတ်သူ့အိမ်ကို သွားကြည့်ရမှာပါ။ ကြောက်စရာကောင်းတဲ့ အချိန်အခိုက်အတန့်တွေကို ဂိမ်းထဲမှာ ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ သင့်ရဲ့ဂိမ်းထဲက အိမ်နီးနားချင်းပေါ့နော်။ သူက သင့်ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာဖြစ်ပြီး သင့်ကို ဖမ်းဖို့အတွက် ကြိုးစားနေမှာပါ။

အဲ့တာကြောင့် အခြေခံအားဖြင့်တော့ သူ့ရဲ့ ထောင်ချောက်ထဲမကျသွားဖို့ လိုအပ်ပါတယ်နော်။ ဂိမ်းထဲမှာ လုပ်ဆောင်ရမယ့်အရာကတော့ ရိုးရှင်းပါတယ်။ အိမ်နီးနားချင်းရဲ့ အိမ်ထဲကို ဖောက်ဝင်ပြီး သူ့ရဲ့ မြေအောက်ခန်းထဲမှာ မြုပ်ထားတာက ဘာလေးလဲဆိုတာကို စုံစမ်းရုံပါပဲ။

လွတ်မြောက်ဖို့ကြိုးစားချင်တာလား။ သင့်ရဲ့ အိမ်နီးနားချင်းက သင့်ကို ချက်ချင်းဖမ်းမိသွားနိုင်တယ်နော်။ ဘာကြောင့်လဲဆိုတော့ သင့်လုပ်ဆောင်ချက်တိုင်းကို သူက စောင့်ကြည့်နေတာဖြစ်လို့ပါ။

1. လျို့ဝှက်ဆန်းကြယ်တဲ့ horror
2. စနစ်ကျတဲ့ AI
3. Pixar စတိုင် Visual များ
4. အရမ်းကို ဂေါ်တဲ့ gameplay

ဒီ ၄ ချက်ကို ဂိမ်းကစားရင်းနဲ့ တွေ့ရမှာပါ။ ဒါ့အပြင် ဂိမ်းထဲကို စဝင်ဝင်ချင်းမှာပဲ ကြည်လင်ပျက်သားတဲ့ audio အသံနဲ့ သင့်ကို ဆွဲဆောင်နေမှာပါ။ horror ဂိမ်းကြိုက်သူတွေနဲ့တော့ကွက်တိပဲ။ Trailer လေးကို ကြည့်လိုက်ပါဦး။

Trailer လေးကတော့ အရမ်းအရမ်း မိုက်တယ် မဟုတ်လား ဘော်ဒါတို့ရေ။ တကယ်ကစားကြည့်ရင် trailer ထက် စိတ်ဝင်စားဖို့ကောင်းတာတွေကိုပါ တွေ့ရမှာပါ။

ဒါပေမယ့် တစ်ခု စိုးရိမ်စရာက App-purchase ဝယ်ရဖို့ ရှိတယ်ဆိုတော့ admin တို့လို free flow gamer လေးတွေ အပြီးထိ ကစားမှကစားနိုင်ပါမလား တကယ့်ကို စိတ်ပူမိပါတယ်။ ဒါပေမယ့်လဲပေါ့လေ… ကစားရမှာက ကိုယ့်တာဝန်ဖြစ်တာကြောင့် ခေတ်မီသွားအောင် play တော့ကြည့်ရမှာပါပဲ။ ကဲကဲ ပြောနေကြာပါတယ်..Android ရော iOS ရော free to download ဆိုတော့ ခုပဲ သွားဝုန်းကြစို့။🤪🤪🤪🤪)

ဂိမ်းထဲမှာ ရင်ဆိုင်ရမယ့် အဖြစ်အပျက်လေးတွေကို သတိ ပြုမိအောင် အောက်က Question လေးတွေကို ရေး ပြပေးထား ပါတယ်။

သူငယ်ချင်းရေ…. ပြတင်းပေါက် ပေါ်ကနေ အကြိမ်အများကြီး ခိုးတတ်နေရတာကို ပျော်နေတာလား။ ထောင်ချောက်ဆင်ထားဦးမယ်နော်။

အရှေ့တံခါးက ဖြတ်ဖို့ ကြက်သီးထနေလား။ တံခါးမှာ ကင်မရာ တပ်ထားနိုင်တယ်နော်။

ဘယ်နေရာသွားသွား သူက အမြဲစောင့်ကြည့်နေနိုင်တယ်နော်… သူ့မြေအောက်ခန်းထဲမှာ ဖွတ်ထားတဲ့ အရာကြီးကရော… ဘာကြီးများ ဖြစ်နေမလဲ…???

Download link – Android/ iOS

Source, Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password