Hearthstone Halloween Event နဲ့အတူပါဝင်လာမယ့် Warlock Hero အသစ် Nemsy

Halloween ကာလနဲ့ နီးလာပြီဆိုတော့ Game Developer တွေကလည်း Seasonal Event တွေပြင်ဆင်နေကြပါပြီ။ Developer ကြီးတစ်ဦးဖြစ်တဲ့ Blizzard ကလည်း သူ့ရဲ့ Hearthstone ဂိမ်းအတွက် Halloween Event ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ Halloween မှာတော့ Gnome Warlock လေးဖြစ်တဲ့ Nemsy Necrofizzle ကို ရယူနိုင်ကြမှာ ဖြစ်ပါတယ်။ Gnome တွေကတော့ ဘယ် Class ထဲရောက်ရောက်ချစ်စရာကောင်းတာမို့ Demon တွေ Fel Magic တွေနဲ့ဆက်စပ်နေတဲ့ Warlock Class ထဲရောက်သွားလဲ ချစ်ဖို့ကောင်းနေဆဲပါ။

ဒါပေမယ့် Nemsy ကို လိုချင်တယ်ဆိုရင်တော့ Fireside Gathering လို့ Blizzard ကခေါ်တဲ့ Real Life Event ကိုတက်ရောက်ရမှာ ဖြစ်ပါတယ်။ Fireside Gathering ဆိုတာကတော့ ကျောင်း၊ ကော်ဖီဆိုင်၊ Bar စတဲ့ လူတွေစုဝေးလို့ရမယ့်နေရာတွေမှာ ကျင်းပရမယ့် Hearthstone Fan Gathering ပဲဖြစ်ပါတယ်။ အဲဒါကိုပါဝင်ဆင်နွှဲဖို့အတွက် သင့်ရဲ့အနီးအနားမှာ Fireside Gathering Tavern ရှိမရှိ ရှာဖွေရမှာ ဖြစ်ပါတယ်။ မရှိခဲ့ရင်လဲ စိတ်မပူပါနဲ့။ တက်ရောက်မယ့်သူ ၃ ယောက်ရှိတာနဲ့ သင်ကိုယ်တိုင် အဲဒီ Event ကို Host လုပ်လို့ရပါတယ်။ Fireside Gathering နဲ့ပတ်သက်ပြီး လုပ်ဆောင်လို့ရမှာတွေအားလုံးကို ဒီ Event ရဲ့ Official Page မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကစားသူတွေဟာ အဆိုပါ Fireside Gathering မှာ ကျင်းပမယ့် Fireside Brawl တွေမှာ ပါဝင်ဆင်နွှဲပြီး Nemsy ကို ရယူနိုင်မှာ ဖြစ်ပါတယ်။ Nemsy ကို အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ရယူနိုင်မှာပါ။ Halloween ကာလပြီးဆုံးသွားရင်လည်း Nemsy ကို ဆက်လက်ရယူနိုင်ဦးမှာဖြစ်လို့ မရလိုက်မှာ စိတ်ပူစရာမရှိပါဘူး။ ဒီ ချစ်စဖွယ် Gnome Warlock လေးကိုရယူလိုသူတွေကတော့ အခုကတည်းက စတင်လှုပ်ရှားကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password