Reviews

Fighting Basketball ဂိမ်းလေးတစ်ခုဖြစ်တဲ့ Head Basketball!

ဂိမ်းနာမည်က Fighting Basketball ဖြစ်နေတာကြောင့် နည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်။ ဒီ Basketball ဂိမ်းမှာတော့မိတ်ဆွေလက်တွေ့ဘဝမှာသိထားတဲ့ Basketball Theory နဲ့ Rule ကလုံးဝမတူတာကိုတွေ့ရမှာပါ။ ဆိုလိုတာက လက်တွေ့ဘဝမှာဆိုရင် Basketball ဆော့ရင်အသင်းနဲ့ဆော့ရတာဖြစ်ပြီး ဒီမှာတော့ 1 Vs 1 ဆော့ရမှာပါ။ Rule ဆိုရင် ရှိကိုမရှိတာပါ။ အဲ့တော့ ဒီဂိမ်းရဲ့ Basketball ကွင်းထဲမှာ မိတ်ဆွေဘက်က ဘာလုပ်လုပ်တင့်တယ်နေမှာဖြစ်ပါတယ်။

Rule တစ်ခုမှမရှိတဲ့အတွက် Basketball မဆော့ပဲလိုက်ပြီးထိုးနက်နေရင်လည်းရပါတယ်။ မိတ်ဆွေက ချစ်လို့မထိုးရင်တောင် ဟိုကောင်ပြိုင်ဘက်က မိတ်ဆွေကို လက်သီးနဲ့ကျွေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ တစ်ခါတလေကျရင် Basketball ဆော့နေတာလား သက်ကွင်းထဲရောက်နေတာလား လို့တောင် သဲကွဲမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် Basketball ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေရဲ့အဓိက တာဝန်ကတော့ လူသတ်ဖို့မဟုတ်ပဲ ဂိုးသွင်းရမှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ပွဲမှာ အချိန်တစ်ခုကန့်သတ်ထားမှာဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ ပြိုင်ဘက်ကောင် ထက် ဂိုးသာအောင်သွင်းနိုင်မှသာ အနိုင်ရရှိမှာဖြစ်ပါတယ်။ Rule မရှိတဲ့အတွက် နည်းမျိုးစုံသုံးပြီးသွင်းနိုင်ပါတယ်။

Arcade, Campaign, Tournament, Survival, Multiplayer အစရှိတဲ့ Game mode တွေကိုကစားနိုင်မှာဖြစ်ပါတယ်။ Arcade mode မှာတော့ ပြိုင်ဘက်ကိုမိတ်ဆွေကိုယ်တိုင်ရွေးချယ်ပြီးယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

  •    Campaign mode မှာတော့ မိတ်ဆွေနဲ့ယှဉ်ပြိုင်ရမယ့် ကစားသမား ၆ ယောက်ကစောင့်ကြိုနေမှာဖြစ်ပါတယ်။ အဲ့ဒီကစားသမား ၆ ယောက်ကို အနိုင်ကစားပြီးရင်တော့ ဆု တစ်ခုရရှိမှာဖြစ်ပါတယ်။
  •   Tournament ကတော့ State တွေအများကြီးဆော့ကစားသွားရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲအပြီးအထိ အနိုင်ရရှိပြီးရင်တော့ တန်ဖိုးကြီး ဆု တစ်ဆုရရှိမှာဖြစ်ပါတယ်။ တစ်ပွဲရှုံးတာနဲ့ပြိုင်ပွဲကနှုတ်ထွက်ရမှာဖြစ်ပါတယ်။
  •  Survival ကတော့ အဆုံးမရှိသော Player များစွာနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တစ်ဂိုးအရင်သွင်းနိုင်တဲ့ player ကအနိုင်ရရှိမှာပါ။
  • Multiplayer မှာတော့ မိတ်ဆွေရဲ့သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ Global က Player တွေနဲ့ပဲဖြစ်ဖြစ် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အနီးအနားက သူငယ်ချင်းတွေနဲ့ဆိုရင်တော့ တူညီတဲ့ Wifi (သို့) Bluetooth နဲ့ချိတ်ပြီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Global က Player တွေနဲ့ဆော့ချင်တယ်ဆိုရင်တော့ Gamecenter ကို Sign in အရင်လုပ်ရမှာဖြစ်ပါတယ်။

Taemin, Hayato, Alfredo စတဲ့ Character တွေအပါအဝင် Character ပေါင်း ၂၃ ယောက်ပါဝင်တာကိုလည်းတွေ့ရမှာပါ။ Character တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကတူညီမှာမဟုတ်ပါဘူး။ ဒါ့အပြင် Character တစ်ယောက်ချင်းစီမှာမတူညီတဲ့ Special Ability တွေလည်းရှိနေမှာပါ။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ သောင်းကျန်းလို့ကောင်းတဲ့ Fighting Basketball ဂိမ်းတစ်မျိုးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Head Basketball 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: