Reviews

ပျော်ရွှင်စရာများကို သယ်ဆောင်လာမယ့် Fling Fighters

မိတ်ဆွေအတွက် ရယ်မောစရာများကို ဖန်တီးပေးမယ့် ဂိမ်းလေးကတော့ ပစ္စည်းများနဲ့ ပစ်ပေါက် ကစားရမယ့် Fling Fighters လို့အမည်ပေးထားတဲ့ ဂိမ်းလေးတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီ January လထဲမှာမှ updated ပြုလုပ်ထားတဲ့ အတွက် အရင်ကနဲ့မတူဘဲ ကွဲပြားမှုရှိနေမှာပါ။

ဒီဂိမ်းကတော့ PVP battle arena ပုံစံနဲ့ ယှဉ်ပြိုင် အနိုင်ယူပြီး ဂိမ်းမှာပါတဲ့ နယ်မြေ ၅ ခုကို သိမ်းပိုက် အနိုင်ယူရင်း အခြား players များကိုပါ ကျော်လွှားပြီး Leaderboard ရဲ့ ထိပ်ဆုံးမှာ ရှိနေဖို့အတွက် လိုအပ်လျှက်ရှိနေပါတယ်။

တမူထူးခြားတဲ့ game character များဟာ ၄၀ လောက်ပါဝင်တဲ့အတွက် မိမိရဲ့ သူရဲကောင်းကို မိမိစိတ်ကြိုက်ရွှေးချယ်နိုင်တဲ့အပြင် တစ်ခုချင်းဟာလည်း မတူညီတဲ့ စွမ်းဆောင်ရည်များနဲ့ ဖြစ်တည်နေမှာပါ။ဂိမ်းမှာပါတဲ့ ကျွန်း ၅ ခုကို အနိုင်ယူဖို့အတွက်ကတော့ ကျွန်းတစ်ခုချင်းစီမှာ ရှိတဲ့ Boss ကိုတိုက်ခိုက်အနိုင်ယူရမှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရွှေးချယ်ထားတဲ့ character ကိုလည်း upgrade လုပ်လို့ရတဲ့အတွက် စိတ်ဝင်စားဖွယ်ကတော့ ကောင်းလို့နေပါတယ်။

ပစ္စည်းများနဲ့ ပစ်ပေါက်ရမယ်ဆိုတဲ့ အတိုင်း တစ်ဖက်နဲ့တစ်ဖက် မှာ ပစ္စည်းများ ပျံဝဲနေမှာပါ။ မိတ်ဆွေအနေနဲ့ တစ်ဖက်က ပစ်လိုက်တဲ့ အရာများကို ရှောင်ရှားရင်း မိမိရဲ့ လက်နက်ကို ထုတ်သုံးပြီး ချက်ကောင်းမိဖို့အတွက် အချိန်ကောင်း စောင့်ဖို့အတွက်တော့ လိုအပ်မှာပါ။ ထို့ထက်သာမက ဒီဂိမ်းထဲက ဘယ် တိုက်ပွဲမှာ မဆို မိတ်ဆွေအနေနဲ့ သတိထားရမှာက သင့်ရဲ့ အနီးဝန်းကျင်များမှာ ထောင်ချောက်များရှိနေမှာ ဖြစ်ပြီး မိမိရဲ့ တစ်ဖက်လူကို အန္ဒရာယ် ကျရောက်အောင် လုပ်ဆောင်နိုင်ခြင်း များစွာလည်း ဂိမ်းထဲမှာ ပါဝင်နေမှာပါ။

ဒီဂိမ်းလေးကိုတော့ Free to Play အနေနဲ့ Google Play Store သာမက App Store ပေါ်မှာ ရရှိနိုင်ပြီဖြစ်တဲ့ အတွက် မိတ်ဆွေသူငယ်ချင်းများကို ရယ်မောပျော်ရွှင်စေဖို့  အသိပေး ဖော်ပြလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: