NewsReviews

ထွက်ရှိနေပြီဖြစ်တဲ့ Harvest Moon: Light of Hope

ဒီတစ်ခေါက်ထွက်ရှိတဲ့သတင်းကတော့ အပူအပင်ကင်းကင်းနဲ့ အေးအေးချမ်းချမ်း ကစားချင်တဲ့သူတွေအတွက် တကယ့်ကို သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ Harvest Moon: Light of Hope ကို Mobile ပေါ်မှာကစားလို့ရနေပြီ ဖြစ်တာကြောင့်ပါ။ သူက Switch တို့ PS4 တို့ မှာ အရင်း ဆုံး ထွက်ရှိခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်ကမှ mobile ပေါ်ကို ရောက်လာတာဖြစ်ပါတယ်။

ဒီဂိမ်းလေးထဲမှာ player က ခြံခင်းကို လှပလာအောင် ဖန်တီးရမှာ တစ်ခုတည်းမဟုတ်ပါဘူး။ မြို့တစ်ခုလုံး ကို သာယာလှပလာအောင် ဖန်တီးပေးရမယ့် စိတ်ခေါ်မှုတွေလည်း ရှိပါပါတယ်။ အဲ့တာကြောင့်ဂိမ်းထဲမှာ အပင်စိုက်တာနဲ့ အဆောက်အဦး အသစ်တွေ ဆောက်တာကို ဟန်ချက်ညီညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ကိုယ်ပိုင်ဇာတ်ကောင်ရဲ့ personal life အတွက်ကိုလည်း စဉ်းစားပေးရဦးမှာပါ။ နမူနာ ဗီဒီယို လေးကို ကြည့်လိုက်ပါဦးနော်…

ဂိမ်းရဲ့ ထူးခြားတဲ့အချက်နောက်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့တာကတော့ Harvest Moon : Light of Hope စီးရီး နှစ်၂ဝ ပြည့် အထိန်းအမှတ်အနေနဲ့ ဂိမ်းထဲမှာ ပါဝင်ကစားရမယ့် player တွေကို baby လေးတွေ မွေးခိုင်းတာ၊ သူငယ်ချင်းအသစ်တွေဖန်တီးနိုင်တာအပြင် အခြား ထူးခြားတာ လေးတွေလည်း ပါဝင်လာတာဖြစ်ပါတယ်။

အဲ့တာတင်မကသေးပါဘူး။ ပါဝင်ဆင်နွှဲဖို့ ပွဲတော်တွေလည်း အများကြီးရှိလာမယ်လို့ သိရပါတယ်။ တကယ့်ကိုကောင်းမွန်တဲ့ activity တွေ အများကြီး ပါဝင်လာမှာဆိုတော့ မကစားခင်ကတည်းက တကယ့်ကို ရင်ခုန်စရာကြီးပါပဲ။ ကဲ.. ဒီတော့ ဥယျာဉ်စိုက်တာ လှပတဲ့ မြို့လေး ဖန်တီးတာ နဲ့ အခြား personal life နဲ့ သက်ဆိုင်တဲ့ အလုပ် မျိုးလေးတွေကို လုပ်ရတဲ့ ဂိမ်းလေးတွေကို ကြိုက်ရင်တော့ စိတ်ကူးမလွဲပဲ ခုပဲ ပြေး Download လုပ်ပြီးကစားလိုက်တော့နော်။ အယ်တစ်ခုပြောဖို့ မေ့နေသေးတယ်။ အဲ့တာကတော့ Harvest Moon က Switch နဲ့ PS4 ထဲမှာအတိုင်း ကစားလို့ ထပ်တူနီးပါး တူလောက်အောင်ကို ကောင်းပါတယ်တဲ့နော်…. ဈေးနှုန်းလေးကတော့ အက်မင် မပြောတော့ဘူးနော်…ကိုယ့်ဘာကိုယ်ပဲ ဝင်ကြည့်လိုက်ကြပါလို့… ဟဲဟဲ…

မှတ်ချက် ။ ။ Devices တိုင်းနဲ့ ကိုက်ညီမှု မရှိသေးပါ။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: