Action

Harry Potter: Wizards Unite အကြောင်းကို ထုတ်ဖော်ပြသလိုက်တဲ့ Niantic

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို Niantic က ထုတ်ဖော်ပြသလိုက်တဲ့ AI ဂိမ်း Harry Potter : Wizards Unite အကြောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Harry Potter : Wizards Unite က Pokémon Go ဂိမ်းကို ပြုလုပ်တဲ့ စတူဒီယိုကပဲ ဖန်တီးထားတာဖြစ်ပါတယ်။ သူ့ကို Harry Potter ဂိမ်းတွေအဓိက ထုတ်လုပ်သူ Portkey Games နဲ့ ပူးပေါင်းထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ Al ဂိမ်းဖြစ်တာကြောင့် ကစားသမားတွေဟာဆိုရင် တကယ့်ကမ္ဘာအစစ်မှာ မှော်ဆရာတွေ ၊ စုန်းပညာရှင်တွေအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဂါထာမန္တာန်တွေနဲ့ အထူးစိန်ခေါ်မှုတွေကိုလည်း လုပ်ဆောင်ရမှာပါ။

Niantic က ဖော်ထုတ်လိုက်တဲ့ storyline အရ ကစားသမားတွေဟာ Statute of Secrecy Task Force ရဲ့ အဖွဲ့ဝင်တွေအဖြစ် ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ Statute of Secrecy Task Force ဆိုတာကတော့ မှော်လောကရဲ့ အရေးအကြီးဆုံးဥပဒေဖြစ်တဲ့ Muggles (မှော်ပညာမတတ်သူများ) ကို မှော်စွမ်းအင်ရှိကြောင်း မပြောရဘူးဆိုတဲ့ ဥပဒေကို ကာကွယ်ရမယ့် အဖွဲ့ဖြစ်ပါတယ်။

Player က ခရီးစဉ်ကို Statute of Secrecy Task Force ကနေ စတင်ရမှာဖြစ်ပါတယ်။ ကပ်ဘေးကို ထိမ်းချုပ်ဖို့ ကစားသမားတွေဟာ “Foundables” လို့ခေါ်တဲ့ မှော်ပညာတွေနဲ့ မှော်ပစ္စည်းတွေရဲ့ အရိပ်အယောင်တွေကို လိုက်လံရှာဖွေရမှာဖြစ်ပါတယ်။ ဂိမ်းကတော့ Pokemon Go နဲ့ အခြေခံသဘောတရားချင်း ဆင်တူပါတယ်။ အပြင်မှာ လျှောက်သွားနေရင်း Pokemon တွေတွေ့ရင် Poke Ball နဲ့ ပစ်ဖမ်းရသလိုပဲ “Foundables” တွေကို ရှာဖွေတွေ့ရှိတဲ့အခါ ပေါ်လာမယ့် pattern တွေကိုလိုက်ဆွဲပြီး ဒုက္ခပေးနေတဲ့ “Confoundable” spell တွေကို ဖျက်ရမှာ ဖြစ်ပါတယ်။

ဂိမ်းက Multiplayer ဖြစ်တာကြောင့် သူငယ်ချင်းတွေစုပြီးကစားနိုင်ပေမယ့် အဖွဲ့ဝင်အချင်းချင်း ပြန်တိုက်ခိုက်လို့ ရမှာမဟုတ်ပါဘူး။ ဂိမ်းက Pokémon လိုမျိုး AI ဂိမ်းဖြစ်တာကြောင့် တကယ့် ဂိမ်းထဲရောက်နေသလို အနီးနားက ပတ်ဝန်းကျင်မှာ ကစားရမှာပါ။

သူ့ကို အခုအချိန်မှာ Android device တွေအတွက် Google Play store မှာ pre-register လုပ်လို့ရနေပါပြီ။ Pre-register လုပ်ချင်ရင်တော့ ဒီ link လေးထဲမှာ ဝင်ပြီးလုပ်လို့ရပါတယ်နော်။

Pre-register Link – Play Store

Harry Potter: Wizards Unite ကို ကစားပြီး တကယ့် Wizard တစ်ယောက်ရဲ့ ခံစားချက်ကို တွေ့ကြုံခံစားကြည့်လိုက်ပါ။ AI နည်းပညာဆိုတော့
ညွန်းနေဖို့တောင်မလိုအောင် သိပ်ကို အလန်းလွန် အလွန်လန်း ဖြစ်နေမှာနော်။

Source – Polygon, Pottermore

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password