ArticleNews

Trailer နဲ့အတူ release date ပါထွက်ရှိလာတဲ့ “Harry Potter: Wizards Unite”  

Pokemon Go ရဲ့ developer ဖြစ်တဲ့ Niantic ဟာ Warner Bros နဲ့ပူးပေါင်းပြီး AR (augmented reality) နည်းပညာနဲ့ Harry Potter : Wizards Unite အမည်ရှိတဲ့ဂိမ်းကို အသက်သွင်းမှာဖြစ်တဲ့အကြောင်းကိုပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလ ကတည်းကကြေညာထားခဲ့တာတော်တော်များများသိပြီးလောက်မှာပါ။

၂၀၁၇ လောက်ကတည်းက ကြေညာထားတာကြောင့် တော်တော်များများက ဒီ AR Harry Potter ဂိမ်းကို ၂၀၁၈ အခုလိုအချိန်မှာ မြင်တွေ့နိုင်မယ်လို့ခန့်မှန်းထားကြပေမယ့် ထင်ထားသလိုဖြစ်မလာတဲ့အပြင် ကြားထဲမှာသတင်းတွေကလည်း တိတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်မှာတော့ Harry Potter: Wizards Unite ရဲ့ YouTube channel မှာဂိမ်းရဲ့ Trailer ကိုတင်ပေးခဲ့ပြီး release လုပ်မယ့်အချိန်ကိုပါတစ်ခါတည်းကြေညာလိုက်ပြီဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်ကို အတိအကျမပြောထားပေမယ့် ၂၀၁၉ မှာရောက်ရှိလာမယ်လို့ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ Trailer ကိုတစ်ချက်ရှိုးလိုက်ပါဉီး။

“The Wizarding World is at risk of Exposure, We need your help”

ဆိုတဲ့ poster နဲ့ Fan တွေကိုစွဲဆောင်ထားတာပဲဖြစ်ပါတယ်။ AR နည်းပညာဖြစ်တာကြောင့် Gameplay ပုံစံက Pokemon Go လိုပဲ တစ်နေရာတည်းမှာ ငြိမ်ငြိမ်ထိုင်နေရမှာမဟုတ်ပဲ GPS ကိုအခြေခံပြီး Virtual World ကြီးထဲမှာဝင်ရောက်ဆော့ကစားရမှာပါ။ ဒီထက် detail ကျတဲ့ gameplay သတင်းအချက်အလက်တွေကိုတော့ လက်ရှိမှာမသိရှိရသေးပါဘူး။

အခု ၂၀၁၈ မှာနောက်ဆုံးထွက်ရှိထားတဲ့ Harry Potter: Hogwarts Mystery ကတော့ ပိုက်ဆံပေးမှ သေချာကစားနိုင်တဲ့ Pay to win ဘက်ရောက်ပြီး Animation ပိုင်းကလည်း ထင်ထားသလောက် မဟန်တာကြောင့် Player တော်တော်များများရဲ့စွန့်ခွာမှုကို ခံခဲ့ရပြီးပြီဖြစ်ပါတယ်။ ၂၀၁၉ မှာရောက်ရှိလာမယ့် AR Harry Potter ဂိမ်းကရော… ကျွန်တော်တို့မျှော်လင့်ထားတဲ့ gameplay နဲ့ အရသာကိုပေးစွမ်းနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Source, Ref

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password