ArticleNews

Beta Version ထွက်ရှိလာတဲ့ Harry Potter: wizards unite

Pokemon Go Game လို AR(augmented-reality) Location base ကို သုံးပြီး ကစားရမယ့် Harry Potter: wizards unite ကို ၂၀၁၈ မှာဖြန့်ချီမယ်လို့ ၂၀၁၇ နို၀င်ဘာလလောက်ကတည်းက announce လုပ်ထားပေမယ့် အကြောင်းကြောင်းကြောင့် ကြန့်ကြာပြီး ၂၀၁၉ ရောက်မှပဲ ထွက်ရှိလာနိုင်ခဲ့ပါတယ်။ 

နယူးဇီလန်မှာ စတင်ထွက်ရှိပြီးနောက်မှာတော့ Harry Potter Wizards Unite ကို ဩစတေးလျမှာပါ စတင်ကစားလို့ ရနေပါပြီ။ အခုအချိန်မှာတော့ “Soft launch” အဖြစ် စတင်စမ်းသပ်တာဖြစ်တဲ့အတွက် Beta အနေနဲ့ပဲ ကစားလို့ရဦးမှာပါ။ Stable မဖြစ်သေးတဲ့ ကာလမို့ bug တွေနဲ့ ပျောက်ဆုံးနေတဲ့ feature တွေတော့ ရှိနေဦးမှာပါ။သြဇီနဲ့နယူးဇီလန် account ရှိသူတွေကတော့ အခုကတည်းက ကိုယ်တိုင်စမ်းသပ်ဆော့ကစားကြည့်နိုင်ပါပြီ။

သတင်းမီဒီယာဝဘ်ဆိုဒ်ဖြစ်တဲ့ GameSpot က သြဇီမှာ Wizards Unite ကို စမ်းသပ်ကစားခဲ့တဲ့ Video လေးကို တချက်ကြည့်ကြည့်လိုက်ရအောင်။


Video လေးထဲမှာတော့ မြင်တဲ့အတိုင်းပဲ Playerတွေက တကယ့်ကမ္ဘာအစစ်မှာ မှော်ဆရာတွေ ၊ စုန်းပညာရှင်တွေအဖြစ် ကစားရမှာဖြစ်ပါတယ်။ ဂိမ်းက Pokémon လိုမျိုး AI ဂိမ်းဖြစ်တာကြောင့် တကယ့် ဂိမ်းထဲရောက်နေသလို အနီးနား ပတ်ဝန်းကျင်မှာပဲ ကစားရမှာပါ။

“ဒီ Harry Potter: Wizards Unite Beta version ရဲ့ feature တွေ, design တွေ, appearance တွေကတော့ Final မဟုတ်သေးပါဘူး။ User တွေရဲ့ Feedback တွေကိုကြည့်ပြီး ဂိမ်းကို ပိုမိုကောင်းမွန်အောင် မွမ်းမံသွားပါမယ်”ဆိုပြီး  The Harry Potter: Wizards Unite team ကြေငြာထားပါသေးတယ်။ 

Global release ထွက်ရင်လည်း အသိပေးသွားဦးမှာမို့ ဆက်ဆက်စောင့်မျှော်ဖတ်ရှုကြဖို့ Potterhead တွေကိုလည်း တိုက်တွန်းလိုက်ပါတယ်။

Source- Gamespot

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password