News

Harry Potter RPG ဂိမ်း Trailer ကိုပြန်လည်ဖြုတ်ချခဲ့တဲ့ Warner Bros(WB)

၂၀၁၇ ဧပြီလ လောက်ကတည်း Development ပိုင်းတွေစတင်နေတဲ့ Harry Potter RPG ဂိမ်းဟာတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Trailer တွေ၊ Gameplay ဗီဒီယိုဖိုင်တွေ YouTube, Reddit အစရှိတဲ့ Platform တွေပေါ်မှာ leak ဖြစ်လာပေမယ့် လွန်ခဲ့တဲ့အချိန်အနည်းအငယ်ကပဲ WB ရဲ့ Digital Millennium Copyright Act (DMAC) အရအားလုံးကိုပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။

Leak ဖြစ်လာတဲ့ Trailer နဲ့ Gameplay တွေကဖြုတ်ချတာခံလိုက်ရပြီဆိုပေမယ့် တချို့ Third party media တွေက Gameplay video ကိုအမိအရ save ပြီးပြန်လည်ဖော်ပြထားတာတွေကရှိနေပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်းမကြည့်လိုက်ရသေးတဲ့အတွက် အောက်က gameplay ဗီဒီယိုလေးတွေကို အတူတူရှိုးရအောင်လားဗျာ။ 😄)

ဒီဂိမ်းကိုတော့ Avalanche Software နဲ့ဖန်တီးထားတာပါ။ RPG ဂိမ်းကိုမှ Openworld ပုံစံမျိုးနဲ့ Third person view ကနေကစားရမှာကြောင့် တော်တော်လေးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကစားရမယ့်တည်နေရာက Hogwarts ကျောင်းတော်ကြီးမှာဖြစ်နေပြီး Character ကတော့ Fifth-year Hogwarts ကျောင်းသားလေး Harry Potter အပါအဝင် တခြား Character ၈ ယောက်ကိုရွေးချယ်ဆော့ကစားနိုင်မယ်လို့သိရပါတယ်။ ဂိမ်းကပေးတဲ့ Quest တွေကို Spell တွေအသုံးပြုပြီးလုပ်ဆောင်လိုက်၊ ရန်သူတွေဖြစ်တဲ့ Wizards, Goblin Boss တွေ နဲ့ သတ္တဝါကြီးတွေကို Magic spell နဲ့ တိုက်ခိုက်လိုက်နဲ့ဆော့ကစားသွားရမှာပါ။ Openworld ဖြစ်တဲ့အတွက် Quest မလုပ်ချင်ရင်တောင် ပတ်ဝန်းကျင်တစ်ခွင်လျှောက်သွားလို့ရပြီး Spell တွေလျှောက်သုံးနေလို့ရမှာလည်းဖြစ်ပါတယ်။ ပျော်စရာကြီးပါနော် 🤣)

Harry Potter RPG ဂိမ်းအတွက် Leak ဖြစ်လာကတော့ လက်တလောမှာဒါတွေပဲရှိနေပါသေးတယ်။ ဘယ် Platform တွေမှာဆော့ကစားနိုင်မလဲ၊ Free to play ဟုတ်မဟုတ်၊ ဘယ်ရက်ထွက်ရှိလာမလဲ အစရှိတဲ့သတင်းအချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ Harry Potter RPG သာ Mobile platform မှာထွက်ရှိလာရင် “Harry Potter: Hogwarts Mystery” ထက်တော့သာနေမယ်ဆိုတာကို Gameplay ဗီဒီယိုအရ ဖော်ပြသူအာမခံပါတယ်နော်။ 😁)..  WB အနေနဲ့ Leak ဖြစ်လာမှုကိုတားဆီးတာဟာ Development အပိုင်းမှာလိုအပ်နေသေးလို့လား၊ ဒါမှမဟုတ် ထုတ်လုပ်ဖို့အစီအစဉ်အရှိတော့တာလား ဆိုတာကိုတော့ဘယ်သူမှမသိနိုင်သေးပါဘူး။

Ref: Techspot 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: