News

အွန်လိုင်းမှာ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့တဲ့ Harry Potter RPG ဂိမ်းရဲ့ ပုံရိပ်များ

မကြာသေးမီအချိန်က Harry Potter universe ရဲ့ တရားဝင် မကြေညာရသေးတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံနှံ့ ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားလာခဲ့တဲ့ ဓာတ်ပုံတွေဟာ Harry Potter ရဲ့ ၁၉ရာစု ဗားရှင်း RPG ဂိမ်းတစ်ခုဖြစ်တယ်လို့သိရပြီး တရားဝင်ကြေညာချက်မထုတ်ပြန်ရသေးခင်မှာအခုလိုပေါက်ကြားခဲ့တာဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ဂိမ်းဟာ Avalanche Software က ပြုလုပ်ဖန်တီးထားတဲ့ဂိမ်းဖြစ်ပါတယ်လို့ သိရပါတယ်။

Reddit က comment တစ်ခုရဲ့ အဆိုအရ ဗီဒီယိုဖိုင်တင်တဲ့သူဟာ Shopping Mall တစ်ခုမှာ Trailer ဗီဒီယိုကို ကြည့်ခဲ့ရပြီး ၈ ဒေါ်လာ နဲ့ survey တစ်ခုကို အပြီးထိ ဖြေပေးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ ကင်မရာနဲ့ဖုန်းတွေကို သယ်ဆောင်ဖို့ ခွင့်မပြုခဲ့ပေမယ့် ကုမ္ပဏီဘက်က Survey အတွက် လျစ်လျူရှုပေးခဲ့တယ်လို့ Reddit အသုံးပြုသူကဆိုပါတယ်။ အဲ့တာကြောင့် လည်းဓာတ်ပုံတွေခု လိုပေါက်ကြားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Harry Potter franchise နဲ့ပတ်သက်တဲ့ ဂိမ်းတွေအားလုံးကို Warner Brothers က ထုတ်လုပ်ခွင့်ရရှိထားတာဖြစ်ပြီး လက်တလောမှာလည်း မိုလ်ဘိုင်းတွေအတွက် Harry Potter: Hogwarts Mystery ကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ပေါက်ကြားဗီဒိုယိုဖိုင်အရ ဂိမ်းထဲမှာ player က မတူညီတဲ့ Wizard ၈ ဉီးကိုရွေးချယ်ကစားနိုင်မယ့်ပုံပါပဲ။ နောက်ပြီး ကိုယ်ပိုင်အိမ်နဲ့ good path / Evil path နှစ်ခု ထဲက တစ်ခုကို ထိန်းချုပ်ရမှာပါ။ ဗီဒီယိုရဲ့ ထဲမှာတွေ့ရတဲ့ ပုံစံကလည်း RPG-style ဇာတ်ကောင်ဖန်တီးမှုအပိုင်းကိုတွေ့ရပါတယ်။ ပိုပြီး ထင်ထင်ရှားရှားတွေ့ရအောင် အောက်ကဖိုင်ထဲကို ဝင်ပြီးကြည့်ကြည့်ပါနော်။

တစ်ခုတော့ရှိပါတယ်။ အဲ့တာကတော့ ပေါက်ကြား ဓာတ်ပုံတွေထဲကပုံစံနဲ့ တကယ်တမ်းထွက်လာမယ့် ဂိမ်းနဲ့ ကွဲရင်လည်းကွဲသွားနိုင်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့တွေက အမှန်ဟုတ်လား။ မဟုတ်ဘူးလား ပေါ့နော်။ ဓာတ်ပုံလေးတွေကို တစ်ချက်လောက် ရှိုးလိုက်ကြပါဦး။

” မှတ်ချက် – အခုဖော်ပြသွားမယ့် ဂိမ်းရဲ့ ပေါက်ကြားဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့အချိန်အနည်းက ထွက်ရှိခဲ့တဲ့ Leak Photo တွေနဲ့ကွဲပြားပြီး တူညီမှုမရှိနေပါဘူး။ ဘယ် Leak photo ဟာအမှန်လဲဆိုတာကတော့ Warner Bros ရဲ့ Official announcement ပြုလုပ်တဲ့အခါမှသိရှိရမှာဖြစ်ပါတယ်။”

အခု Harry Potter RPG က သင့်စိတ်ကူးထဲက ပုံစံနဲ့ ကိုက်ညီမှုရှိရဲ့လား??? သင့်အကြိုက်လားဆိုတာကို သုံးသပ်ကြည့်ပါနော်??ပေါက်ကြားလာတဲ့ ပုံရိပ်တွေဆိုပေမယ့် တကယ်တမ်းထွက်လာရင်လည်း အဲ့ပုံအတိုင်းဖြစ်ရင် ဖြစ်လာနိုင်ပါတယ်။ 😎)

Ref: Verge

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: