
Harry Potter: Hogwarts Mystery က မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဂိမ်း ဖြစ်တဲ့အတွက် သိပ်ပြီး ရှည်ရှည်ဝေးဝေး ပြောနေစရာတောင် မလိုတော့ပါဘူး။ အားလုံးနဲ့ အကျွမ်းတဝင်ရှိနှင့် ပြီးသားဖြစ်နေမှာပါ။ အရမ်းအရမ်းကို စိတ်လှုပ်ရှားစရာကောင်းပြီး ဘယ်လောက်ပြောပြော လုံးဝကို မရိုးသွားတဲ့ ဂိမ်းဖြစ်တာကြောင့် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ထပ်ပြီးရေးထားပါတယ်။
Harry Potter: Hogwarts Mystery က Harry Potter ဖန်တွေရဲ့ စိတ်ကူးအိမ်မတ်တစ်ခုဖြစ်တဲ့ Hogwarts ကျောင်းတော်ကြီးမှာ တတ်ရောက်နိုင်မယ်ဆိုတဲ့ မယုံနိုင်စရာကတိတွေနဲ့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ iOS နဲ့ Android တွေအတွက် မိုလ်ဘိုင်း RPG ဂိမ်းတစ်ခုဖြစ်ပြီး Jam City မှ Warner Bros နဲ့ လက်တွဲ ထုတ်လုပ်ထားတာပါ။
Harry Potter မရှိခင် ၇ နှစ် က Hogwarts ကျောင်းတော်ကြီးရဲ့ အဖြစ်အပျက်တွေနဲ့ players တွေကို ရင်းနှီးစေမှာဖြစ်ပြီး Harry Potter ဇာတ်လမ်းကို အခြေတည် ဖန်းတီးထားတာကြောင့် ဂိမ်းထဲမှာ တွေ့ရမယ့် အကြောင်းအရာတွေက အားလုံးအတွက် စိမ်းနေမှာတော့ မဟုတ်ပါဘူး။
ဂိမ်းထဲမှာ တက်ရောက်ရမယ့်အတန်းတွေ၊ Quidditch ပြိုင်ပွဲတွေ နဲ့ ပုံစံအမျိုးမျိုး စိတ်အမျိုးမျိုး ရှိတဲ့ ကျောင်းသားတွေ ပါဝင်ပါတယ်။ ကစားတာ အရှိန်မြှင့်လာတာနဲ့ အမျှ တဖြည်းဖြည်း Romance ဘက် နည်းနည်းဆီ ရောက်လာမှာပါ။ (OMG…. ရိုတာလေးတွေပါ ပါလာမှာတဲ့ရော် (XD) ) ။
Storyline ရှိတဲ့ ဂိမ်းဖြစ်ပေမယ့် Hogwarts Mystery ထဲမှာ Castles တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ပါတယ်။ Harry Potter Hogwarts ကိုရောက်မလာခင် ၇နှစ် အကြာမှာ ဖြစ်ခဲ့တဲ့ အတွက် Harry Potter ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။
Hogwarts မှာ တတ်ရောက်ဖို့အတွက် ရွေးချယ်ခြင်း ခံခဲ့ရတာကြောင့် Wizarding world မှာကြုံတွေ့ရမယ့် စွန့်စားခန်းတွေကို player ကိုယ်တိုင် ရင်ဆိုင်ရမှာပါ။ Hogwarts က မှော် ပညာတွေ သင်ကြားပေးတဲ့ ကျောင်းဖြစ်တဲ့အတွက် ပါမောက္ခ Dumbledore, Snape နဲ့ အခြား ပညာရှင်တွေဆီကနေ မှော်စွမ်းအင်အသုံးချနည်းတွေ သင်ကြားရမှာပါ။ ကိုယ့်သမိုင်း ကိုယ်ရေးရမယ့် ဂိမ်းဖြစ်တာကြောင့် player ရဲ့ ဆုံးဖြတ်ချက် တစ်ခုဆီတိုင်းက အရေးပါပါတယ်။ ရဲရင့်တဲ့ Gryffindor လိုမျိုးဖြစ်လာမှာလား။ ကောက်ကျစ်စဉ်းလဲတဲ့ Slytherin လိုမျိုးပဲ ဖြစ်လာမှာလားဆိုတာ အားလုံးကသင့်အပေါ်မှာပဲ မူတည်နေတာနော်… အဲ..နေဦး အားလုံးထက်ပိုပြီး စိတ်ကျေနပ်စရာတစ်ခု ရှိပါသေးတယ်။ အဲ့တာကတော့ ဒီဂိမ်းက သင်ဇာတ်လိုက်အဖြစ် ပါဝင်ရမယ့် သင့်ရဲ့ ကိုယ်ပိုင် Hogwarts story ဖြစ်တယ်ဆိုတာပါပဲ။ (ဂိမ်းကစားရတာ နည်းနည်းတောင် မာန်တတ်ချင်မိ (:b) )
ဂိမ်းထဲမှာ မူရင်း အသံသရုပ်ဆောင်တွေကို ငှားရမ်းအသုံးပြုထားပေမယ့် (ဥပမာ- Dumbledore အဖြစ် Michael Gambon ၊ Flitwick အဖြစ် Warwick Davis ) အရေးအသားတွေမှာလည်း ဘဝင်ကျစရာကောင်းတဲ့ ရှုထောင့်တွေ ရှိနေပါတယ်။ Harry Potter ထဲက popular အဖြစ်ဆုံး ဇာတ်ကောင်တွေကို ပါ ထည့်သုံးထားတဲ့ အတွက် Hogwarts Mystery ကတော့ လုံးဝကို မိုက်ပြီးရင်းမိုက်ပါပဲ။
Harry Potter ဖန်တွေရဲ့ “Harry Potter လိုမျိုးဖြစ်ရင် ကောင်းမှာပဲ” ဆိုတဲ့ အတွေးစိတ်ကူး ကို အမှန်တကယ်ဖြစ်လာစေဖို့ ဒီဇိုင်းဆွဲထားတဲ့ ဂိမ်းဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက Harry Potter ဖန်တွေကြားမှာ အရမ်းကို ရေပမ်းစား နေပါတယ်။ Hogwarts ကျောင်းတတ်ပြီး မှော်ပညာတွေသင်ကြားဖို့ အတွက် ဂိမ်းကလည်း ဒေါင်းလုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကမှ လောလောလက်လက် အသစ်စက်စက် ထွက်ရှိခဲ့တာကြောင့် နောက်မကျရအောင် အသိပေးလိုက်ရပါတယ်။ ကဲ.. ဘာကိုစောင့်နေတာလဲ… Playon ကဘော်ဘော်တို့ရေ။ အခုပဲဒေါင်းပြီး Wizarding world ထဲဝင်လိုက်ကြရအောင်လေ…နော့်။(XD)