News

၂၀၁၈ မှာ Mobile Platform ကိုရောက်ရှိလာတော့မယ့် Harry Potter : Hogwarts Mystery!

Harry Potter : Wizards Unite အမည်ရှိတဲ့ Harry Potter ဂိမ်းတစ်ခုလည်း ၂၀၁၈ မှာထွက်ရှိမှာထွက်ရှိမယ့်သတင်းကို တော်တော်များများသိပြီးလောက်မှာပါ။ အဲ့ဒီဂိမ်းအပြင် ၂၀၁၈ မှာထွက်ရှိမယ့် Wizards ဂိမ်းတစ်မျိုးကတော့ Harry Potter : Hogwarts Mystery ပဲဖြစ်ပါတယ်။ ၂၀၁၈ ကတော့ Wizards တွေရဲ့ နှစ်ပါပဲဗျာ။

Harry Potter : Hogwarts Mystery ဂိမ်းမှာတော့ Harry Potter Film ထဲကအတိုင်းပဲ မှော်ပညာတွေကိုသင်ကြားနေတဲ့ကျောင်းတော်ကြီးက စတင်ရမှာဖြစ်ပါတယ်။ အဲ့ဒီကျောင်းတော်ကြီးကနေ Spell တွေအသုံးပြုပုံ၊ မှော်ဆေးတွေဖော်စပ်ပုံ၊ ရန်သူတွေတိုက်ခိုက်တဲ့ရန်ကနေကာကွယ်ရမယ့်ပုံ အစရှိတာတွေကိုသင်ကြားပေးမှာဖြစ်ပါတယ်။ ဂိမ်းကမထွက်ရှိသေးတာကြောင့် Mission တွေကဘာမှန်းသေချာမသိပေမယ့် သေချာတာတစ်ခုကတော့ ကျောင်းတော်ကြီးကသင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို အသုံးချပြီး Role-playing ပုံစံမျိုးနဲ့ ကစားရမယ်ဆိုတာပါပဲ။

Unreleased ဂိမ်းလေးဖြစ်တာကြောင့် Download ဆွဲနိုင်မယ့် link တော့မထွက်ရှိသေးပါဘူး။ ဒါပေမယ့် Pre-register တော့လုပ်ထားနိုင်ပါတယ်။ ဂိမ်းထွက်ရှိတဲ့အချိန်ကျရင် Playon က ဂိမ်းရဲ့ detail အချို့ကို review ရေးသွားဖို့အစီအစဉ်ရှိတာကြောင့် မကြာခဏလာလည်ကြဖို့တော့ လိုအပ်ပါတယ်။ နောက် article တစ်ခုမှာပြန်ဆုံပါ့မယ်။

 

 

 

Source : Droidgamers 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password