Vehicle အမျိုးမျိုး ပေါ်ကိုတက်စီးပြီးဆော့ကစားရမယ့် Happy Wheels!

ဖြစ်နိုင်ရင် ဒီဂိမ်းကို အသက် ၁၇ (သို့) ၁၈ လောက်မှကစားရင်ပိုကောင်းတယ်လို့ပြောပါရစေ။ ဘာလို့လဲဆိုတော့ သေတဲ့ ပုံစံတွေက ရက်စက်လို့ပါ။ ဘာကြောင့်သေတာလဲဆိုတော့ လမ်းတစ်လျှောက်မှာရှိနေတဲ့ထောင်ချောက်တွေကြောင့်ပါ။ ထောင်ချောက်တွေက ချောက်ကမ်းပါး၊ အရာဝတ္တုပိတ်နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ လူသတ်ပစ္စည်းတွေဖြစ်တဲ့ လွှ၊ အချွန်တွေ၊ ကားတွေပစ်ချ စတဲ့ထောင်ချောက်တွေပါ။ မိတ်ဆွေက သေတဲ့မြင်ကွင်းကို မမြင်ချင်ရင်တော့ လမ်းတစ်လျှောက်မှာရှိတဲ့ထောင်ချောက်တွေကို ရှောင်သွားရမှာဖြစ်ပါတယ်။ အသက်ပြည့်ပြီးမကြောက်တတ်ရင်တော့ ရီနေရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ အတားအဆီးထောင်ချောက်တွေကို ရှောင်ပြီး  သတ်မှတ်ထားတဲ့နေရာ ရောက်ရင် အနိုင်ရရှိမှာဖြစ်ပါတယ်။

Level တွေအများကြီးကို ဆော့ကစားရမှာဖြစ်ပြီး Character တွေလည်း တော်တော်များများပါဝင်ပါတယ်။ Character အနေနဲ့ကတော့ Business Guy, Irresponsible Dad, WheelChair Guy, Effective Shopper, Moped Couple, Pogo Stick Guy စတဲ့လူတွေပါဝင်မှာဖြစ်ပါတယ်။

Business Guy, Irresponsible Dad နဲ့ WheelChair Guy စတဲ့ ၃ ယောက်ကိုတော့ မိတ်ဆွေကအခုလက်ရှိမှာဆော့နိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Character တွေကိုတော့ Coming Soon လို့ပြထားတာကိုတွေ့ရမှာပါ။ Character တစ်ယောက်အတွက် Level ၁၅ ခုစီ သတ်မှတ်ထားပါတယ်။ ယခုလက်ရှိမှာမိတ်ဆွေက Character ၃ ကောင်ကို ဆော့ကစားနိုင်တာကြောင့် Level ၄၅ ခုကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။

တခြားဂိမ်းတွေလို Level တစ်ခုအောင် မှ နောက်တစ်ခုဆော့နိုင်တဲ့ ဂိမ်းမဟုတ်ဘဲ စစချင်းကတည်းက Level တွေအားလုံးကို ဆော့နိုင်တဲ့ဂိမ်းဖြစ်တာကိုတွေ့ရမှာပါ။ Level တွေကိုအားလုံးဆော့နိုင်ပေမဲ့ အားလုံးနိုင်ဖို့ကတော့ အချိန်ယူပြီးဆော့မှအဆင်ပြေမှာပါ။ Level 1 တောင်အောင်ဖို့  ထင်သလောက်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဂိမ်း ထဲကထောင်ချောက်တွေက မထင်မှတ်ထားတဲ့ နေရာ၊ မထင်မှတ်ထားတဲ့အခြေအနေကနေ ထွက်ပေါ်လာမှာကြောင့်ပါ။ Level တစ်ခုကို အနိုင်ရဖို့ မိတ်ဆွေ အနည်းဆုံး နှစ်ခါဆော့ရမှာကိုတော့ အာမခံပါတယ်။ မိတ်ဆွေ ဆော့လို့အောင်ပြီးသွားရင်တော့ မိတ်ဆွေအောင်ခဲ့တဲ့ Level ကို အလံအဝါလေး မှတ်သားပေးထားမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး စိတ်ဝင်စားစရာကောင်း တဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://happy-wheels.en.uptodown.com/android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password