ArticleNews

ဆရာဘတ်စတိုင်လ်နဲ့ တောင်တက်ရမယ့် “Hang Line” နောက်အပတ်အတွင်းထွက်ရှိလာမည်

DC universe ရဲ့အတည်ငြိမ်ဆုံး လူသားဟီးရိုးလို့တင်စားခံထားရတဲ့ Batman (သို့) ဆရာဘတ်ရဲ့ စတိုင်လ်နဲ့တောင်တက်ဆော့ကစားရမယ့် Hang Line ဆိုတဲ့ Casual ဂိမ်းကတော့ နောက်အပတ်အတွင်းထွက်ရှိလာတော့မယ်လို့သိရပါတယ်။ ဘာလို့ ဆရာဘတ်စတိုင်လ်နဲ့ ယှဉ်ပြောလဲဆိုတာမြင်သာဖို့ အောက်က ဂိမ်း trailer လေးကိုဉီးဆုံးကြည့်စေချင်ပါတယ်။ 😁)

တောင်တက်သူကောင်လေးတစ်ယောက်နေရာကဆော့ကစားရမှာဖြစ်ပြီး တောင်တက်ပစ္စည်းအဖြစ် ဆရာဘတ်ရဲ့ လက်စွဲလက်နက် Hook gun ကိုအသုံးပြုရတာကြောင့် အခုလိုနှိုင်းယှဉ်လိုက်တာပဲဖြစ်ပါတယ်။

ဒီဂိမ်းက Casual ဂိမ်းအမျိုးအစားဖြစ်တဲ့အညီ Gameplay ပိုင်းကတော့ လက်တစ်ချောင်းသာအသုံးပြုပြီးဆော့ကစားသွားရမှာပါ။ Hook gun ပစ်ပြီးတစ်နေရာနဲ့ တစ်နေရာကူးသွားပြီးတောင်ပေါ်ကိုတက်သွားရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Hook gun ပစ်မှတ်ကလွဲသွားရင် R.I.P ဖြစ်တဲ့အတွက် ဒီဂိမ်းမှာ အချိန်အဆက စကားအရမ်းပြောပါတယ်။ အစပိုင်းကတော့ ရိုးရှင်းနေပေမယ့် နောက်ပိုင်းမှာ မထင်မှတ်တဲ့နေရာကနေ အရာဝတ္ထုတွေပြုတ်ကျလာတာ၊ ကြားမှာ Player ကိုပြုတ်ကျအောင်ဖန်တီးမယ့် သတ္တဝါလေးတွေပါဝင်နေမှာဖြစ်တဲ့အတွက် အရမ်းလွယ်လှတဲ့ဂိမ်းတစ်ခုတော့ မဟုတ်နေပါဘူး။

သူကတော့ နောက်အပတ်ထဲမှာ Android, iOS platform နှစ်မျိုးလုံးစီကိုရောက်ရှိမှာပါ။ မထွက်ရှိသေးတဲ့ဂိမ်းဆိုပေမယ့် Game trailer ကြည့်တာနဲ့တင် Casual ဂိမ်မာတွေကို ကောင်းကောင်း entertain လုပ်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်မိပါတယ်။ လက်ရှိမှာတော့ pre-register လုပ်ထားနိုင်ပါတယ်။ ထွက်ရှိလာတဲ့အချိန်ကျရင် တန်းပြီး Download ဆွဲနိုင်အောင် အောက်က ဒေါင်းလုတ်လင့်ခ်လေးတွေကို save သွားနိုင်ပါတယ်ခင်ဗျာ။

Android – https://play.google.com/store/apps/details?id=com.EdKay.HangLine&hl=en_GB

iOS – https://itunes.apple.com/us/app/hang-line-mountain-climber/id1372005090?mt=8

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password