News

Mobile platform ပေါ်ကိုရောက်ရှိလာပြီဖြစ်တဲ့ Hags Castle

Edward Sludden ရဲ့ Hags Castle ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ Playstore နဲ့ Appstore ပေါ်ကို Official ရောက်ရှိလာပြီဖြစ်ပါတယ်။  Hags Castle ဟာတော့ Action နဲ့ 3D Adventure ရောစပ်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး အိုဟောင်းနေတဲ့ ရဲတိုက်ကြီးထဲမှာ သွားရောက်လည်ပတ် ဆော့ကစားသွားရမှာဖြစ်ပါတယ်။

အိုဟောင်းနေတဲ့ရဲတိုက်ကြီးထဲမှာဆိုရင် မိတ်ဆွေကို အန္တရာယ်ပြုမယ့် သတ္တဝါကြီးတွေရှိနေမှာပါ။ မိတ်ဆွေအနေနဲ့ ရဲတိုက်ထဲဝင်ရောက်ပြီး အဲ့ဒီ သတ္တဝါကြီးတွေကို ရင်ဆိုင်တိုက်ခိုက်လိုက်၊ ရဲတိုက်မှာရှိတဲ့ ထောင်ချောက်တွေကို ရှောင်လိုက်၊ သွားရမယ့်လမ်းကို ရှာလိုက်၊ ဂိမ်းရဲ့ Quest ကိုဆောင်ရွက်လိုက်နဲ့ ဆော့ကစားသွားရမှာဖြစ်ပါတယ်။ စစချင်းမှာတော့ ရဲတိုက်ထဲက သတ္တဝါတွေကို ရင်ဆိုင်ဖို့ မိတ်ဆွေကို ဓားတစ်ချောင်းသာပေးထားမှာ ဆိုပေမယ့် နောက်ပိုင်းနည်းနည်းရောက်လာရင် Spell အသုံးပြုနိုင်တဲ့ နဂါးလေးတစ်ကောင်ကို စစ်ကူအဖြစ်ပေးသွားမှာပါ။ ပိုပြီးမြင်သာအောင် ဂိမ်းရဲ့ Trailer လေးကိုတစ်ချက်ရှိုးလိုက်ပါ။

ဒီဂိမ်းမှာတော့ မိတ်ဆွေအနေနဲ့ မတူညီတဲ့ Level 25 ခုကိုရင်ဆိုင်ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။ Madam Hag အုပ်ချုပ်သိမ်းပိုက်ထားတဲ့ ရဲတိုက်ကြီးမှာ Adventure ဆန်ဆန်ဆော့ကစားသွားရမယ့် ဂိမ်းအသစ်လေးဖြစ်တာကြောင့် Playon ကမိတ်ဆွေတွေ ကြိုက်နှစ်သက်လောက်မှာပါ။ Android နဲ့ iOS Platform နှစ်မျိုးလုံးမှာ ဆော့ကစားနိုင်ပါတယ်။ Android မှာတော့ Free to play ဆိုပေမယ့် iOS သမားတွေအနေနဲ့ကတော့ $2.99 နဲ့ဝယ်ယူပြီး ဆော့ကစားရမှာဖြစ်ပါတယ်။

Download link – Android/ iOS

Source Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password