Reviews

နည်းပညာစိတ်ဝင်စားတဲ့သူတွေအတွက်အလန်းစား Hackers ဂိမ်း

Hello….မင်္ဂလာပါ Playon ပရိတ်သတ်ကြီးရေ။ Battle Royale နဲ့ MOBA တွေကြား ပစ်ရခတ်ရ၊ ခုတ်ရထစ်ရတာငြီးငွေ့နေကြပြီလားဗျ? ဒါဆိုရင်တော့ ပရိတ်သတ်ကြီးကို နည်းနည်းလေးခေါင်းစားစေမယ့်စိတ်ဝင်စားစရာ Strategy ဂိမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ အခုမိတ်ဆက်ပေးမယ့် Hackers ဆိုတဲ့ဂိမ်းဟာ နည်းပညာစိတ်ဝင်စားသူတွေနဲ့လေ့လာနေတဲ့သူတွေအတွက်တော့ဂိမ်းအနေနဲ့ရော simulation app အနေနဲ့ပါအထောက်အကူဖြစ်စေမဲ့ app လေးဖြစ်နေပါတယ်ခင်ဗျ။

ဂိမ်းရဲ့ပုံစံကဆန်းပါတယ်၊ ဂိမ်းစပြီဆိုတာနဲ့ player ဟာ cyber war ကြီးတစ်ခုရဲ့အလယ်မှာရောက်နေတဲ့ hacker တစ်ယောက်ဖြစ်သွားမှာပါ😍(ဂေါ်ပြီလေ)။ Gameplay ပိုင်းအနေနဲ့တော့ attack/hack နဲ့ defence/build ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။ ဂိမ်းစစချင်းမှာတော့ mission လိုမျိုးဆော့ကစားရမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ multiplayer ပါဝင်ပါတယ်။ မိမိလိုမျိုးဆော့ကစားနေတဲ့ player တွေကိုလိုက် hack ရမှာဖြစ်ပါတယ်။ Mission လိုဆော့ကစားရတဲ့အခါမှာ သာမန်ကွန်ပျူတာတွေ၊ university main frame တွေကနေနောက်ပိုင်း CIA, NSA တို့ကိုပါ hack ရဖို့မြင်ပါတယ်😅)။

ဂိမ်းရဲ့တည်ဆောက်ပုံ frame ပိုင်းကိုတစ်ချက်ကြည့်မယ်ဆိုရင်တော့ clash of clans လို strategy ပုံစံကိုယူထားပါတယ်။ အခြား player တွေကို hack ဖို့အတွက် virus တွေဖန်တီးမယ်၊ ကိုယ့် network (base) ကိုလွယ်လွယ်မ hack နိုင်အောင် ဗျူဟာကျကျတည်ဆောက်မယ်….ဒီလိုပုံစံမျိုးဂိမ်းကသွားပါတယ်။

ဒါပေမဲ့ဂိမ်းတစ်ခုလုံးကြီးကိုအလှဆင်ထားတာကတော့ အခြားဂိမ်းတွေမှာ လုံးဝ(လုံးဝ)မမြင်ရသေးတဲ့ hacking ပိုင်းက theme တွေနဲ့ပါ။ In-game မှာသုံးလို့ရမယ့် currency ကသုံးမျိုးရှိမယ် cash($) နဲ့ Bit coin ကိုတော့ mission တွေဆော့ရင်းအခြား player တွေလိုက် hack ရင်းရရှိနိုင်ပြီး credit ကတော့ premium currency ဖြစ်တာကြောင့်ထုံးစံအတိုင်းပိုက်ဆံအစစ်နဲ့ဝယ်ယူရမှာပါ😅။ ဒါပေမဲ့ ad တွေကြည့်ရင် free ရပါတယ်။ Cash နဲ့ Bit coin တွေကို base နဲ့ virus တွေအဆင့်မြှင့်တဲ့နေရာမှာအသုံးပြုပြီး အဲ့ဒီလိုအဆင့်မြှင့်တဲ့အခါမှာပိုမြန်အောင် credit တွေသုံးလို့ရပါတယ်။ ကိုယ့် base ကိုတည်ဆောက်တဲ့အခါမှာ computer network တစ်ခုဖြစ်တာကြောင့်လုံးဝဆက်စပ်နေအောင်တည်ဆောက်ရပြီး ပညာသားပါပါ စဉ်းစားတည်ဆောက်ရတာအရသာရှိလွန်းပါတယ်😁။ အဲ့ဒီလိုပဲအခြား player တစ်ယောက်ကို hack တော့မယ်ဆိုရင်လည်းကိုယ်အသုံးပြုမယ့် virus တွေကိုအရင်ဆုံး compile လုပ်ပြီးမွေးရပါတယ်။ Virus အမျိုးအစားအလိုက် ability ကိုယ်စီရှိလို့ attack/hack လုပ်ရတာလည်းစိတ်ဝင်စားဖို့ကောင်းသလို နိုင်ဖို့လည်းမလွယ်ပါဘူး😐)။


Player တစ်ယောက်ရဲ့ network ကို hack ဖို့ scout လုပ်လိုက်တာနဲ့ security က သင့်ကိုသတိထားမိနေပါပြီ သတ်မှတ်ထားတဲ့အချိန်မပြည့်ခင် hack ရမှာပါ။ သားကောင် player ရဲ့ internet ကနေ virus တစ်ခုစပြီးထည့်လိုက်ပြီဆိုတာနဲ့သူ့ရဲ့ defence တွေစပြီးအလုပ်လုပ်ပြီး sentry တွေကနေအခြား အစိတ်အပိုင်းတွေရဲ့ defence ကိုမြှင့်တင်နေချိန်မှာအမြန် hack ယူရမှာပါ။ Hack တဲ့နေရာမှာလည်း အစိတ်အပိုင်းတစ်ခုကိုအားကောင်းကောင်းနဲ့အမြန် hack ယူတဲ့ virus ရှိသလိုဆက်စပ်နေတဲ့ အစိတ်အပိုင်းမှန်သမျှကိုတပြိုင်နက်အချိန်ယူပြီး hack တဲ့ virus လည်းရှိပါတယ်။ အဲ့ဒါတွေအပြင် player level မြင့်ရင်မြင့်သလို virus အသစ်တွေ defence အသစ်တွေရရှိလာမှာပါ။ သားကောင် player ဆီကနေ resources တွေကို hack ယူနိုင်ရင် (ဒါမှမဟုတ်) network 50% ကျော်ကို control လုပ်နိုင်ရင်အနိုင်ရမှာဖြစ်ပြီး မိမိမှာရှိတဲ့ virus တွေနဲ့အချိန်မှီမထိုးဖောက်နိုင်ခဲ့ရင်တော့ရှုံးနိမ့်မှာဖြစ်ပါတယ်။

ဒီဂိမ်းဟာတစ်ဖက်မှာတော့ရိုးရှင်းတဲ့ strategy ဂိမ်းဖြစ်ပေမဲ့ နည်းပညာပိုင်းတွေနဲ့ဆက်စပ်နေတဲ့အတွက်တစ်ဖက်မှာအနည်းငယ်ရှုပ်ထွေးပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂိမ်းကိုသိတဲ့ သူနည်းပြီးသီးခြားကမ္ဘာလိုတည်ရှိနေပေမဲ့ထူးခြားတာကမြန်မာ player တွေရှိနေပါတယ်ခင်ဗျ😮။ သိုသိုသိပ်သိပ်အခုလိုဆော့ကစားနေတဲ့သူတွေက အကောင်တွေများဖြစ်နေမလားပဲနော်😁။ အားနည်းချက်အနေနဲ့ကတော့ နည်းပညာကျွမ်းဝင်သူတွေအနေနဲ့အခက်အခဲမရှိဆော့ကစားနိုင်ပေမယ့် အနည်းငယ်စိမ်းနေသူတွေအတွက်ကတော့ tutorial ကိုသေချာ ဆော့ဖို့လိုပြီး စာလည်းဖတ်ဖို့လိုအပ်ပါတယ်ခင်ဗျ😅။

အချုပ်အနေနဲ့ Hackers app လေးဟာဂိမ်းအနေနဲ့လည်းဆော့ကစားဖို့ကောင်းသလို နည်းပညာသမားတွေအတွက်လည်းစိတ်ဝင်စားစရာ simulation app တစ်ခုဖြစ်တာကြောင့် playon ပရိတ်သတ်ကြီးအတွက်ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ အောက်ပါ link မှာ download ဆွဲယူနိုင်ပါတယ်။

Download link – Hackers (From APK Pure)/ Hackers (From Playstore)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: