News

မိုဘိုင်းလ်ဆီကို ရောက်လာတော့မယ့် H1Z1

နာမည်ကြီး Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ H1Z1 ကတော့ Daybreak game Company နဲ့ ရင်းနှီးမြှပ်နှံသူ NantWorks တို့ရဲ့ ပူးပေါင်းမှုနဲ့ mobile နယ်ပယ်ဆီကို ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။ အခုချိန်ထိတော့ သူ့ရဲ့ မိုဘိုင်းလ်ဗားရှင်းအတွက်ကို နာမည်မပေးရသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ သတင်းတစ်ခုကြားရတော့မယ်ဆိုတာတော့ သေချာပါတယ်။ အဲ့တာကြောင့် ဒီဂိမ်းဟာဆိုရင် စီးပွားရေအရ ကြည့်ရင် NantWorks က Daybreak ဆီမှာ ပြုလုပ်လိုက်တဲ့ ဗျူဟာမြောက်ရင်းနှီး မြုပ်နှံမှုတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဂိမ်းက H1Z1 နှင့် EverQuest တို့ နှစ်ခုစလုံး မိုလ်ဘိုင်းပေါ်ကို ပြိုင်ရောက်တာတဲ့ ပုံစံနဲ့တူပါတယ်။ EverQuest ပုံစံဆိုရင်တော့ MMORPG ပုံစံပါ။ H1Z1 ကတော့ Battle Royale ဂိမ်းပါ။ ဒါပေမယ့် ဘယ်ဗားရှင်းပုံစံနဲ့ပိုပြီး တူမလဲဆိုတာကိုတော့ သတင်းအတိအကျ မသိရသေးပါဘူး။ နှစ်ခုလုံး ပုံစံအရောနဲ့ ထွက်ရင်လည်း ထွက်လာနိုင်ဖွယ်ရှိပါတယ်။

သတင်းတွေအရတော့ H1Z1 (battle royale) ရဲ့ မိုလ်ဘိုင်း ဗားရှင်း ပုံစံလို့ ကြားပါတယ်။ အဲ့သတင်းသာ မှန်တယ်ဆိုရင် battle royale ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု တိုးလာပြန်ပြီပေါ့နော်…။ 🤣)

H1Z1 ဂိမ်း ဟာ PlayStation 4 ဆီကို ဝင်ရောက် ချိတ်ဆက်ကတည်းက စတင်ပြီး အောင်မြင်မှုတွေရရှိလာတာပါ။ PC ခေါင်းစဉ်တစ်ခုတည်းနဲ့ ၃ နှစ် ၃ မိုး ထွက်ရှိလာခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ Official debut ကို free-to-play အနေနဲ့ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်။ ၂၀၁၈ သြဂုတ်လမှာတော့ PlayStation 4 အတွက် ရောက်ရှိလာပါတယ်။ X box One အတွက်လည်းမကြာခင်ရောက်တော့မှာပါ။ အဲ့တာကြောင့် အခုအချိန်မှာ သူ့ရဲ့ မိုလ်ဘိုင်းသတင်းကို ကြေညာလိုက်တာက လုံးဝကို အမေးဇင်းပါပဲ။

Battle royale ပုံစံ ဆိုရင်တော့ player ၁၅၀ ထဲက နောက်ဆုံးရှင်သန်သူ တစ်ယောက်တည်းကျန်တဲ့ အချိန်အထိကို deathmatch မှာ ရှိနေရမှာပါ။ Fortnite နဲ့ PlayerUnknown’s Battlegrounds တွေလိုပါပဲ။ Player တွေက ကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့ random location မှာ Map ထဲကအတိုင်း equipment တွေကိုရှာရမှာဖြစ်ပါတယ်။

အခု အချိန်အထိတော့ ဂိမ်းရဲ့အခြေအနေက တည်ဆောက်ဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ လအနည်းထပ်ပြီးကြာရင်တော့ Daybreak ဆီက နောက်ထပ်လာမယ့် မိုလ်ဘိုင်း နဲ့ပတ်သက်တဲ့ အသေးစိတ်သတင်းတွေကို သိရမှာပါ။ အဲ့ကျရင်လည်း အခုလိုပဲ Playon ကနေ သတင်းတင်ပေးသွားပါမယ်… ဘော်ဒါတို့ရေ.. ဘယ်လိုလဲ… စောင့်ဖို့ အဆင်သင့်ပဲလား?

 

Ref: Variety

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: