အသစ်ထွက်ရှိလာတဲ့ PUBG ပုံစံ Battle Royale ဂိမ်း ‘Guns Royale’

PlayerUnknown’s Battlegrounds (PUBG) ရဲ့အောင်မြင်မှုက Game Developer တွေကို စားကျက်အသစ်တစ်ခု ဖွင့်ပေးလိုက်သလိုပါပဲ။ အခုဆိုရင် PUBG စတိုင် Battle Royale ဂိမ်းတွေ အလျှိုလျှိုထွက်ပေါ်လာကြပြီး အဲဒီဂယက်က Mobile Platform ပေါ်ကိုပါရောက်ရှိလာပါတယ်။ လောလောလတ်လတ်လေးပဲ Guns Royale လို့အမည်ရတဲ့ PUBG လိုမျိုး Battle Royale ဂိမ်းတစ်ခု iOS အတွက်ထွက်ရှိလာပါတယ်။

Gameplay ကတော့ ထွေထွေထူးထူးပြောနေစရာမလိုလောက်အောင် PUBG နဲ့ဆင်တူပါတယ်။ မြေပုံပေါ်က နေရာတစ်ခုမှာစတင်တာ၊ လက်နက်တွေ ချပ်ဝတ်တန်ဆာတွေ လိုက်ကောက်ရတာ၊ အချိန်နဲ့အမျှ မြေပုံကတဖြည်းဖြည်းကျဉ်းလာတာ အကုန်လုံးအတူတူပါပဲ။ အဓိက Objective ကတော့ Battle Royale ထုံးစံအတိုင်း နောက်ဆုံးအသက်ရှင်ကျန်တဲ့ Last Man Standing ဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် Mobile ဂိမ်းဖြစ်တဲ့အတွက် PUBG လောက်တော့ Scale မကြီးပါဘူး။ မြေပုံကလည်း Mobile ဂိမ်းတစ်ခုအတွက် အနေတော်အရွယ်အစားပါပဲ။ ပြီးတော့ တစ်ပွဲမှာ ကစားသူအများဆုံး ၁၆ ယောက်အထိပဲ ပါဝင်လို့ရမှာပါ။ အဲဒီတော့ ပွဲတစ်ပွဲကို ၃-၅ မိနစ်လောက်ပဲ အချိန်ယူပါတယ်။ Short Burst Session အနေနဲ့ဆော့ကစားရတဲ့ Mobile ဂိမ်းအနေနဲ့ကတော့ အံကိုက်ပါပဲ။

Guns Royale ကို ARKit Support လုပ်တဲ့စက်တွေမှာ AR Mode နဲ့ဆော့ကစားလို့ရပါသေးတယ်။ ဒါပေမယ့် ကျွန်တော်အတွေ့အကြုံအရဆိုရင်တော့ ပုံမှန်ကစားတာက ပိုအဆင်ပြေပါတယ်။ ဒီဂိမ်းက PUBG ကိုအစားထိုးသွားမယ့်ဂိမ်းမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်ရောက်နေလို့ ကွန်ပြူတာနဲ့ဝေးနေရင် အပျင်းပြေဆော့ကစားလို့သင့်တော်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password