Online Multiplayer Shooting ဂိမ်းလေးတစ်ခုဖြစ်တဲ့ Guns of Boom!

Online ဂိမ်းလေးဖြစ်တာကြောင့် Global က Player တွေနဲ့အတူပစ်ခတ်ရမှာဖြစ်ပါတယ်။ အခုလက်ရှိနာမည်ကြီးနေတဲ့ Steam ကဂိမ်းတစ်မျိုးဖြစ်တဲ့ CSGO နဲ့အနည်းငယ်ဆင်တာကိုလည်းတွေ့ရမှာပါ။ ဆင်ရုံပါပဲ၊ တူတော့မတူပါဘူး။ အကောင်းဆုံး Shooting ဂိမ်း၂၅ မျိုးတည်းက နံပါတ် ၅ နေရာမှာရှိနေတဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေက တစ်ယောက်တည်း Global ကသူစိမ်းတွေနဲ့ပစ်နိုင်မှာဖြစ်သလို၊ ကိုယ်တိုင် Clan ထောင်ပြီးသူငယ်ချင်းတွေနဲ့လည်း အတူတကွပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေပစ်ခတ်ရမယ့် Battle Field မှာတော့ အဖွဲ့နှစ်ဖွဲ့သာရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ အဖွဲ့နဲ့ မိတ်ဆွေပစ်ခတ်ရမယ့်ရန်သူအဖွဲ့ပါ။


တစ်ပွဲမှာ အချိန် ၄ မိနစ်နဲ့ ၅၈ စက္ကန့်ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေက အဲ့ဒီအချိန်အတွင်း ရန်သူအဖွဲ့ထက် Score ကျော်အောင်ပစ်နိုင်မှ အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာက မိတ်ဆွေသေသွားလည်းပြန်ရှင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Score က ရန်သူတွေကို ဘယ်နှခါသတ်နိုင်လဲ ဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။ Score က ပွဲချိန် ၄ မိနစ်နဲ့ ၅၈ စက္ကန့်အတွင်းမှာ သတ်မှတ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ၄ မိနစ်နဲ့ ၅၈ စက္ကန့် အပြီးမှာ Score များနေတဲ့ အဖွဲ့ ကအနိုင်ရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေပစ်ခတ်ရမယ့် Battle Field နေရာက ကို Strategy ချပြီးပစ်ခတ်ရင် နိုင်ဖို့အခွင့် အရေးက ပိုများမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character ကတော့ Body တောင့်တောင့်တင်းတင်းရှိတဲ့ စစ်သားတစ်ယောက်ပဲဖြစ်ပါတယ်။ မိတ်ဆွေစစချင်း ကိုင်ရမယ့်လက်နက် ကတော့ Assault Riflie အမျိုးအစားတစ်လက်၊ Pistol တစ်လက်၊ ဓားတစ်လက် နဲ့ ဗုံးနှစ်လုံး ပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာ Assault Rifles, Shotgun, Rifles, Machine Guns, Pistols စတဲ့သေနတ်အမျိုးအစားတွေပါဝင်ပါတယ်။ အမျိုးအစားတစ်ခုချင်းစီမှာ Damage တွေ၊ Design တွေ ကွာခြားနေတဲ့ သေနတ်ပေါင်းများစွာပါဝင်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

သေနတ်မှာတင်မဟုတ်ပါဘူး၊ ဓားမှာလည်း Design တွေ၊ Damage တွေကွာခြားတဲ့ ဓားပေါင်းများစွာ ပါဝင်ပါသေးတယ်။ ဒါ့အပြင် မိတ်ဆွေ Battle Field မှာကြာကြာရှင်သန်နိုင်ဖို့ ဝတ်ဆင်ရမယ့် Armor ပါဝင်တာကိုလည်းတွေ့ရမှာပါ။ Armor တွေကိုလည်း Durablity တွေအပေါ်လိုက်ပြီး အမျိုးအစားခွဲထားတာကိုတွေ့ရမှာပါ။ သေနတ်တစ်ခုချင်း စီရဲ့ Skin တွေ၊ မိတ်ဆွေ Character ရဲ့ Costume တွေ ကိုလည်း Desing စုံစုံလင်လင်ဖန်တီးပေးထားတာကိုတွေ့ရမှာပါ။

Control လုပ်ရတာလည်းလွယ်ကူ၊ Graphic ကလည်းမဆိုးလှ၊ ဆော့လို့ကလည်းအတော်ကောင်းတာကြောင့် ဆော့ပြီးရင်းဆော့ချင်နေမှာတော့ အမှန်ပါပဲ။ ခြေသံတွေရော၊ သေနတ်ပစ်တဲ့အသံတွေရော၊ ဗုံးပြစ်တဲ့ အသံတွေကိုရောထင်းထင်းကြီး ကြားနေရမှာကြောင့် Sound System ကတော့ပြောစရာမလိုသလောက်ပါပဲ။ ဒါ့အပြင် IOS ထဲကအကောင်းဆုံး Shooting ဂိမ်း ၂၅ မျိုးမှာပါဝင်တဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။ အကောင်းဆုံး IOS Shooting Game ၂၅ မျိုးကိုသိချင်ရင်တော့ အောက်ပါ Link ကနေသွားရောက်နိုင်ပါတယ်။

Link – 25 Best Shooting Games

Free To Play ပါ။ မိတ်ဆွေဘက်က စိုက်ရမှာ Internet ဖိုးသာဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး အကောင်းဆုံး Shooting ဂိမ်းတွေထဲကတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source : https://play.google.com/store/apps/details?id=com.gameinsight.gobandroid

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password