ArticleReviews

Bandi Namco Shanghiai နှင့်အသက်ဝင်တောက်ပလာသော Gundam mobile game အိပ်မက်

အားလုံးပဲမင်္ဂလာပါခင်ဗျ။ Playon ပရိတ်သတ်ကြီးထဲ Gundam fan တွေများပါနေမလားမသိဘူးနော်? တကယ်လို့ Gundam fan လည်းဖြစ်တယ် mobile phone ဂိမ်းတွေလည်းဆော့ဖြစ်တယ်ဆိုရင်တော့……ဒီစာကိုစိတ်ခိုင်ခိုင်ထားပြီးဆက်ဖတ်ဖို့အကြံပေးချင်ပါတယ်။ စာရေးသူဟာ mobile game တွေရှာရှာဖွေဖွေလျောက်ဆော့နေတတ်သူပါ။ Gundam ဆိုတာကိုယ့်ရဲ့ငယ်ဘဝအိပ်မက်လည်းဖြစ်လေတော့ mobile ပေါ်မှာ Gundam ဂိမ်းတွေများရှိလေမလားဆိုပြီးလိုက်ရှာကြည့်တတ်ပါတယ်။ ဒါပေမယ့် စိတ်တိုင်းကျလောက်တဲ့ ဂိမ်းမျိုးမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဒီစာကိုမရေးခင်အချိန်ပိုင်းလောက်မှာပဲအဲ့ဒီစိတ်တိုင်းမကျမှုတွေအကုန်ပျောက်သွားခဲ့ပါတယ်။ ဟုတ်ပါတယ်……ကျွန်တော် Gundam mobile ဂိမ်းတစ်ခုကိုရှာတွေ့ခဲ့တာပါ။

Gundam Battle Online ဂိမ်းကို offical ဖြစ်တဲ့ Bandi Namco ရဲ့လက်အောက်ခံ Bandi Namco Shanghai ကိုယ်တိုင်ကထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်ပါတယ်။ Bandi Namco ဆိုတာနဲ့တစ်ချို့ player တွေကတော့ဂိမ်းရဲ့ quality ကိုခန့်မှန်းမိကြပြီထင်ပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် PS4 ပေါ်မှာလောလောလတ်လတ်ထွက်ထားတဲ့ Gundam Versus နဲ့ဆင်တူပါတယ်။ သူ့ quality ကိုမမှီပေမယ့် Gameplay ပိုင်းဆင်တာကိုအတော်လေးအားရမိပါတယ်။ Graphic ပိုင်းမှာလည်း player/ fan တွေအားလုံးကျေနပ်လောက်အောင် 3D Gundam ကြီးတွေကိုပုံဖော်ပေးထားပါတယ်။

Gameplay ပိုင်းကိုပြောရရင် Gundam Vs Gundam fight ရမှာဖြစ်ပါတယ်။ 1 Vs 1, 2 Vs 2 စသဖြင့် PvP အပြင် story mode နဲ့ boss fight တွေလို game mode တွေအများကြီးထည့်ပေးထားတာဟာလုံးဝကိုအားရစရာကောင်းပါတယ်။ ရှောင်တာ၊ ကာတာ၊ counter ထောက်တာတွေအပြင် သူ့ရဲ့ movement ပုံစံတွေက mobile ပေါ်မှာလုံးဝမမျှော်လင့်ထားမိတဲ့ gameplay တစ်ခုဖြစ်ပါတယ်။ ဒါတွေတင်မကသေးဘူး ကိုယ်ပိုင် skill မျိုးစုံပါဝင်တဲ့ Gundam နဲ့ pilot တွေလည်းရွေးချယ်စရာအများကြီးရှိနေပါတယ်။ အခုနောက်ဆုံး stand alone gundam serie ဖြစ်တဲ့ Iron-Blooded Orphans ထဲက Ms တွေအထိပါဝင်ပါတယ်။ အောက်မှာ trailer ကြည့်နိုင်ပါတယ်။

ကြိုပြောစရာရှိတာကအခုထုတ်ပေးလိုက်တဲ့ version ဟာ CN (တရုတ်) version ဖြစ်ပါတယ်။ တရုတ်မှာ beta အဆင့်ဆင့်ကနေ CBT ပေးဆော့ပြီးအချိန်အတော်ကြာမှ offical ထွက်လာတာပါ။ CN version ဖြစ်တဲ့အတွက်တရုတ်စာနဲ့လာမှာဖြစ်သလို PvP မှာလည်း CN server ဖြစ်တဲ့အတွက် lag နေဦးမှာပါ။ ဒါပေမယ့်အရမ်းကြီး မ lag ပဲဆော့လို့အဆင်ပြေတဲ့အခြေအနေတစ်ခုမှာရှိနေပြီး တရုတ်စာတွေကလည်းအလွယ်တကူကျင့်သားရနိုင်ပါတယ်။ Global offical ကိုမစောင့်နိုင်တော့ပဲ ကိုယ့်အကြိုက် Gundam တွေနဲ့ဝုန်းဒိုင်းကျဲချင်သူတွေကတော့အောက်က link ကနေတစ်ဆင့် Andriod နဲ့ iOS နှစ်ခုလုံးအတွက်သွားရောက်ဒေါင်းယူနိုင်ပါပြီ။ သာယာတဲ့ Gaming နေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာ။

Download link – Gundambattle

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password