၂၀၁၈ မှာ Western Market ကိုရောက်ရှိလာတော့မယ့် ‘Gundam Battle’

မနက်နိုးနိုးချင်းမြင်လိုက်ရတဲ့ ဒီသတင်းကတော့ ကျွန်တော့်ကို ‘Yosh!’ ဆိုပြီးလို့တောင် လက်ခမောင်းထခတ်မိသွားစေပါတယ်။ Gundam ပရိသတ်တစ်ဦးဖြစ်တဲ့ကျွန်တော့်အတွက်တော့ Mobile Platform ပေါ်မှာ English ဘာသာစကားနဲ့ထွက်ရှိမယ့် Gundam ဂိမ်းဆိုတာထက် ပိုပြီးမင်္ဂလာရှိတဲ့သတင်း မရှိတော့ပါဘူး။ Console ပေါ်မှာပဲ ထွက်ရှိလေ့ရှိတဲ့ Gundam ဂိမ်းတွေကြောင့် ကျွန်တော့် Favorite Mobile Suit တွေနဲ့ တိုက်ပွဲဝင်ဖို့ အခွင့်မသာခဲ့တာဟာ၂၀၁၈ ရောက်ရင် အဲဒီဆန္ဒတွေ ပြည့်ဝတော့မှာဖြစ်ပါတယ်။

Bandai Namco နဲ့ KingNet တို့ပူပေါင်းထုတ်လုပ်ထားတဲ့ Gundam Battle လို့ အမည်ရတဲ့ဒီဂိမ်းဟာ မကြာသေးမီကပဲ Closed Beta ကာလ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Beta Testing ပြီးဆုံးသွားတာနဲ့အတူ ဒီဂိမ်းကို Release လုပ်မယ့်အချိန်တွေကိုလည်း ကြေညာခဲ့ပါတယ်။ Gundam Battle ကို ဒီနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံမှာ အရင်ဆုံးဖြန့်ချိမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲမှာ အနောက်တိုင်းစျေးကွက်ကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Beta ကာလအရဆိုရင် Gundam Battle မှာ Mobile Suit ပေါင်း ၂၁ ရုပ်ပါဝင်မှာဖြစ်ပြီး New Mobile Report Gundam Wing နဲ့ Mobile Suit Gundam SEED Series တွေထဲက Mobile Suit တွေအပြင် Extended Gundam Universe Series တွေထဲက Mobile Suit တွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။ Trailer ထဲမှာတော့ Mobile Suit Zeta Gundam ထဲက MSZ-006 Zeta Gundam ၊ Mobile Suit Gundam Wing ထဲက XXXG-00W0 Wing Gundam Zero ၊ Mobile Suit Gundam Iron-Blooded Orphans ထဲက ASW-G-08 Gundam Barbatos တို့ကို ဖော်ပြသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် Series တော်တော်များများထဲက နာမည်ကြီး Mobile Suit တွေကိုထည့်သွင်းပေးထားတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Gundam Battle မှာ Story Mode ၊ Arena Mode နဲ့ Team Battle Mode ဆိုပြီး ကစားနည်းပေါင်းစုံ ပါဝင်မှာဖြစ်ပါတယ်။ Team Battle Mode မှာဆိုရင် ကစားသူ ၃ ယောက်အထိ အတူတကွပူးပေါင်းပြီး Psyco Gundam လို၊ Big Zam လို Boss ကြီးတွေကို တိုက် ခိုက်ရမှာပါ။

စိတ်အားထက်သန်နေတဲ့ Gundam ချစ်သူတွေ လောလောဆယ်တော့ Trailer လေးကြည့်ပြီး စိတ်ကျေနပ်လိုက်ပါဦး။ Gundam Battle ထွက်ရှိမယ့်ရက်သိရှိခဲ့ရရင် ချက်ချင်းလိုလိုပဲ ဒီကနေဖော်ပြပေးသွားမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password