Shooting Art ကိုအကြီးအကျယ်ခံစားနိုင်မယ့် Gun Fu : Stickman 2!

Stickman ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့ Character က Stickman ပဲဖြစ်နေမှာပါ။ Stickman ဂိမ်းတော်တော်များများရဲ့ Review က Playon မှာရှိနေပြီ ဖြစ်တာကို Playon ကိုမွှေပြီးနေတဲ့လူတွေဆိုသိလောက်မှာပါ။ Stickman တွေဆိုပေမဲ့ ပေါ့သေသေးမဟုတ်ပဲထူးခြားတဲ့အရည်အချင်းတွေပိုင်ဆိုင်နေတာကိုတွေ့ရမှာပါ။

ဒီ Gun Fu : Stickman 2 ဂိမ်းမှာလည်း မိတ်ဆွေ Character Stickman ဟာထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင်နေတာကိုတွေ့ရမှာပါ။ အဲ့ဒါကတော့သေနတ်ပစ်တာပါ။ အများနဲ့တစ်ယောက် ပစ်မှာကြောင့် မိတ်ဆွေရဲ့ Stickman က သွားရှုပ်လို့မရ တဲ့ထဲမှာပါဝင်ပါတယ်။ Shooting ဂိမ်းတော်တော်များများ ကျည်ဆံကို အကန့်အသတ်နဲ့ပေးထားပေမဲ့ ဒီဂိမ်းမှာတော့ မိတ်ဆွေစိတ်ကြိုက် ပစ်ခတ်နိုင်အောင် ကျည်ဆံကို အကန့်အသတ်မရှိပေးထားမှာဖြစ်ပါတယ်။

အဲ့လို ကျည့်ဆံအကန့်အသတ်ပေးထားပေမဲ့ မိတ်ဆွေဘက်ကပေးဆပ်ရမှာတော့ ရှိပါတယ်။ အဲ့ဒါကတော့ Target ကို မလွဲအောင်ပစ်ခတ်ပေးရမှာပဲဖြစ်ပါတယ်။ ပစ်ရမဲ့ Target ကို ၃ ချက်သာ လွဲခွင့်ရှိပြီး ၃ ချက်ထက်ပိုလွဲသွားရင်တော့ မိတ်ဆွေသေနတ်က အလိုလို ကျည်ဆံကုန်သွားမှာဖြစ်ပြီး ရန်သူ့သေနတ်ဒဏ်ကြောင့် မိတ်ဆွေသေမှာဖြစ်ပါတယ်။

မိတ်ဆွေရဲ့ ရန်သူတွေက မိတ်ဆွေလို Stickman ဖြစ်ပေမဲ့ အနီရောင်ဖြစ်နေမှာပါ။ မိတ်ဆွေကတော့ အမည်းရောင်ပါ။ စစချင်းမိတ်ဆွေရန်သူတွေကို ပစ်ခတ်ရာမှ အဆင်ပြေဖို့ Pistol ၂ လက်ပေးထားမှာဖြစ်ပါတယ်။ Pistol ၂ လက်၊ မျက်မှန် ၁ လက်နဲ့ တွေ့ရမှာကြောင့် အထာကျနေမှာတော့ အမှန်ပါပဲ။ ရန်သူတွေမှာလည်း Pistol တစ်ယောက်တစ်လက်ရှိနေမှာဖြစ်တာကြောင့် မိတ်ဆွေကအရင်လက်ဉီးအောင်ပစ်ရမှာဖြစ်ပါတယ်။

Headshot ပစ်နိုင်ရင် တစ်ကောင် တစ်ချက်သာ ပစ်ရမှာပဲဖြစ်ပါတယ်။ ရန်သူတွေက ဆက်တိုက်ပေါ်လာမှာဖြစ်ပြီး မိတ်ဆွေက Endless ပစ်ခတ်နေရမှာပါ။ Endless ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေရဲ့ ပစ်ခတ်နိုင်မှုကို Score တွေနဲ့မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။ ဆော့တာကြာလာရင် ပစ်ခတ်နိုင်နှုန်းကလည်းမြင့်လာမှာဖြစ်ပြီး မိမိကိုယ်ကို အထာကျသလို ခံစားရမှာလည်းဖြစ်ပါတယ်။ Saw Cannon, Minigun, Sniper စတာတွေအပါအဝင်လက်နက်ပေါင်း 15 မျိုးပါဝင်တာကိုတွေ့ရမှာပါ။ ဉီးထုပ်၊ ဆံပင်၊ မျက်မှန်၊ ဖိနပ် အမျိုးမျိုး လည်းပါဝင်ပါသေးတယ်။ Game Center နဲ့ချိတ်ထားရင် Multiplayer ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Arcade ဂိမ်းလေးတစ်ခုဖြစ်ပြီး Shooting Art ကိုအပြည့်အဝခံစားနိုင်မှာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Gun Fu : Stickman 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password