Reviews

မတူညီသော ပုံစံဖြင့် အသစ်ထွက်ရှိလာတဲ့ Guitar Band : Battle Hero

စိန်ခေါ်မှုတိုင်းကို လက်ကမ်းကြိုနေမယ့် မိတ်ဆွေများအတွက် အသစ်ထွက်ရှိလာတဲ့ မိုဘိုင်း ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။  မကြာသေးမှီ လောက်က ထွက်ရှိလာခဲ့တဲ့ Guitar Band : Battle Hero ဂိမ်းဟာ အရင်ထွက်ရှိခဲ့တဲ့ Rock Life ဂိမ်းနဲ့ မတူညီပဲ ကွဲပြားနေမယ်ဆိုတာ မြင်တွေ့ရာမှာ ဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ မိုဘိုင်းဂိမ်းဟာ Rock Life ဂိမ်းကို အခြေခံကာ မတူညီတဲ့ ပုံစံနဲ့ ထွက်ပေါ် လာတဲ့အတွက် ဂီတာချစ်သူများကို သဘောကျ နှစ်သက်စေမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ ထူးခြားချက်ကတော့ မိတ်ဆွေ အပါအဝင် မိမိရဲ့ တီးဝိုင်း Band နဲ့အတူ တီးခတ် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် မိတ်ဆွေ အနေနဲ့ အရင်ဦးဆုံး မိမိ တီးဝိုင်း Band အတွက် လိုအပ်တဲ့ Player များနဲ့ အတူ လေ့ကျင့် တီးခတ်ရမှာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့ ကိုယ်ပိုင် Band နဲ့အတူ တစ်ခုနဲ့တစ်ခု မတူညီတဲ့ ဖျော်ဖြေမှု ပြိုင်ပွဲများကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမှားကင်းကင်းနဲ့ တီးခတ်အနိုင်ယူရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင် သာမက မိမိရဲ့ Band မှာပါဝင် တီးခတ်တဲ့ Player တိုင်းကိုလည်း ကျွမ်းကျင်မှုဆိုင်ရာ skills များနဲ့ ပတ်သက်ပြီး Player Upgrade များကိုလည်း လုပ်ဆောင်ရမှာဆိုတော့ တမူထူးခြားလို့ ရှိနေပါတယ်။

Free to Play ဖြစ်ပြီး Android နဲ့ IOS နှစ်မျိုးလုံးမှာ ဆော့ကစားနိုင်ပြီဖြစ်တဲ့အတွက် မိတ်ဆွေတို့ကို လက်တို့လိုက်ပါရစေ။ စိန်ခေါ် ယှဉ်ပြိုင်မှုတိုင်းမှာ မိတ်ဆွေရဲ့ Band နဲ့အတူ အောင်မြင်မှုများကို ရယူပိုင်ဆိုင် နိုင်ပါစေလို့ ဆန္ဒပြုရင်း . . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: