Reviews

အင်ပါယာ တည်ထောင်ခြင်း Asia Empire 2027

မိတ်ဆွေ ကြိုက်နှစ်သက်ရာ နိုင်ငံတစ်ခုကိုရွေးချယ်ကာ အင်ပါယာ စစ်တပ်ကြီးတစ်ခုကို တည်ထောက်ပြီး နယ်မြေများကို လိုက်လံ သိမ်းယူရမယ့် ဂိမ်းလေးကတော့ Asia Empire 2027 အမည်ရတဲ့ Strategy ဂိမ်းအမျိုးအစားဘဲ ဖြစ်ပါတယ်။၂၀၂၇ အချိန်ကာလ အတွင်းမှာ သင်နေထိုင်တဲ့ နိုင်ငံမှာ ပုန်ကန်ထကြွမှု ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ မိတ်ဆွေ အနေနဲ့ကတော့ ပုန်ကန်သူတွေကို ချေမှုန်း တိုက်ခိုက်ရမယ့် တာဝန် ထမ်းဆောင်ရမှာပါ။ တစ်ဆက်တည်းမှာဘဲ အခြား ရန်တွေကို ကာကွယ်ဖို့အတွက် အာရှရဲ့ အင်ပါယာ စစ်တပ်ကြီးအဖြစ် တည်ထောင်ရမှာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင်အသစ် တစ်ယောက်အနေနဲ့ မိတ်ဆွေရဲ့ ပန်းတိုင်ဟာ ကိုယ့်ရဲ့ လွှမ်းမိုးမှုကို အခြားနိုင်ငံများကို ကျရောက်အောင် တိုက်ပွဲများ ဆင်နွဲရမှာဘဲ ဖြစ်ပါတယ်။ သံတမန်များထံမှ အဆက်မပြတ် သတင်းရယူမှုနဲ့ အတူ အင်ပါယာ တည်ထောင်ရမှာ ဖြစ်သလို စီးပွားရေး အရရော စစ်ရေးအရပါ တိုင်းတစ်ပါးကို လွှမ်းမိုးအောင် လုပ်ဆောင်ရမှာ ဖြစ်နေပါတယ်။ ဂိမ်းထဲမှာကတော့ World weapons suppliers လို့ခေါ်တဲ့ ကမ္ဘာတစ်လွှားက လက်နက်များ တင်သွင်းသူ၊ Spy Center ၊သံတမန်ရေးရာ Displomocy ၊ စီးပွားရေး Economy ၊ Technologies နည်းပညာများ၊ World News ကမ္ဘာသတင်း စတဲ့ ပုံစံများ ပါဝင်မှာ ဖြစ်ပါတယ်။

ဂိမ်းအနေနဲ့ကတော့ သင်ကြိုက်နှစ်သက်ရာ နိုင်ငံကို ရွှေးချယ်နိုင်ပြီး Single Player Mode ဂိမ်းလေးဘဲဖြစ်ပါတယ်။ စစ်ပွဲသုံး ယာဉ်အမျိုးမျိုးနဲ့ လက်နက်ကိရိယာ အစုံအလင်လည်း ဒီဂိမ်းမှာ ထည့်သွင်းထားပါတယ်။ ဒီဂိမ်းဟာ Strategy ဂိမ်းဖြစ်တဲ့ အပြင် Based Game အမျိုးအစားလည်းဖြစ်နေပါတယ်။ မိတ်ဆွေရဲ့ စစ်နည်းဗျူဟာများဟာ စစ်ပွဲတစ်ပွဲမှာ အောင်နိုင်ဖို့ မိတ်တွေရဲ့ ဆုံးဖြတ်ချက်များနဲ့ နည်းဗျူဟာများဟာ ဒီဂိမ်းမှာ အရေးကြီးတဲ့ အချက်ဘဲ ဖြစ်ပါတယ်။ စစ်ပွဲ တစ်ပွဲပြီးတိုင်း မိတ်ဆွေရဲ့ ရမှတ် Score များနဲ့အတူ Leaderboard မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ထို့အတူ ကမ္ဘာ့စစ်ပွဲများမှာ အသုံးပြုတဲ့ နည်းဗျူဟာများနဲ့အတူ တည်ထောက်ထားတဲ့ Strategy ဂိမ်းတစ်ခုဘဲ ဖြစ်ပါတယယ်။

ရွေးချယ်နိုင်တဲ့ နိုင်ငံများအနေနဲ့ ကတော့ နိုင်ငံပေါင်း ၅၀ ပါဝင်မှာ ဖြစ်ပြီး မိမိရွေးချယ်ထားတဲ့ နိုင်ငံနဲ့ ကျန်ရှိတဲ့ ၄၉ နိုင်ငံများနဲ့အတူ အခြား တီထွင်ဖန်တီး ထည့်သွင်းထားတဲ့ စစ်တပ်များနဲ့ တိုက်ခိုက်ရမှာဘဲ ဖြစ်နေပါတယ်။ ဒီဂိမ်းထဲမှာ ဆိုရင်တော့ နိုင်ငံရွေးချယ်မှုမှာ Myanmar လို့ ပါဝင်နေတဲ့အတွက် မိတ်ဆွေများအနေနဲ့လည်း စိတ်ပါဝင်စားမယ်ဆိုတာ ယုံကြည်မိပါတယ်။

သင့်ရဲ့ စစ်နည်းဗျူဟာများနဲ့အတူ နိုင်ငံရေးဦးဆောင်မှုကို လိုအပ်နေပါတယ်။ အမိန့်တစ်ခုချင်းစီတိုင်းဟာလည်း ကြုံတွေ့ရမယ့် စစ်ပွဲအတွက် အရေးပါလှတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေအနေနဲ့ မိမိရဲ့ နိုင်ငံအတွက် ဉီးဆောင်မှုနဲ့အတူ အောင်မြင်မှု ရယူဖို့ ဖိတ်ခေါ်ရင်း  ဒီဂိမ်းကိုတော့ Free to Play အနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်ပါပြီ ဆိုတဲ့ အကြောင်း Playon မိတ်ဆွေများကို အသိပေးရင်း မိတ်ဆွေ နိုင်ငံအတွက် အကောင်းဆုံးများကို ဖော်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: